Jump to content

အညတရပုရိသဝတ္ထုဂါထာ

From Wikisource

၅-ဗာလဝဂ်

၁-အညတရပုရိသဝတ္ထုအဋ္ဌကထာဂါထာ

၁၇၈။ ဒုဇ္ဇီဝိတ မဇီဝိမှ, ယေ သန္တေ န ဒဒမှသေ၊
ဝိဇ္ဇမာနေသု ဘောဂေသု, ဒီပံ နာကမှ အတ္တနော။

ယေ (မယံ)၊ အကြင်ငါတို့သည်။ (ဒေယျဓမ္မေ စ၊ ပေးလှူ ထိုက်သော သဘောရှိသော ဝတ္ထုသည်လည်းကောင်း။ ဝါ၊ လှူ ဖွယ်ဝတ္ထုသည်လည်းကောင်း။ ပဋိဂ္ဂါဟကေ စ၊ အလှူခံပုဂ္ဂိုလ် သည်လည်းကောင်း။) သန္တေ၊ ထင်ရှားရှိပါလျက်။ န ဒဒမှသေ၊ မပေးလှူခဲ့ကြကုန်။ ဘောဂေသု၊ သုံးဆောင်ခံစားအပ်သော စည်း စိမ်တို့သည်။ ဝိဇ္ဇမာနေသု၊ ထင်ရှားရှိပါကုန်လျက်။ အတ္တနော၊ မိမိ၏။ ဒီပံ၊ ထောက်တည်ရာ ကျွန်းသဖွယ်ဖြစ်သော ကောင်းမှု ကို။ [ဒီပေါ ဝိယာတိ ဒီပံ။] နာကမှ (န+အကမှ)၊ မပြုခဲ့ကုန်။ (တေ မယံ၊ ထိုငါတို့သည်။) ဒုဇ္ဇီဝိတံ၊ စက်ဆုပ်အပ်စွာ ယုတ်မာသော အသက်မွေးခြင်းကို။ အဇီဝိမှ၊ အသက်မွေးခဲ့ကြကုန်ပြီ။ (ဋ္ဌ-၁၁၁)

ဒဒမှသေ။ ။ “ဒဒိမှ(ဇာ ၊ဋ္ဌ၊၃၊၄၄)”ဟူသော အဖွင့်အလို ဒါဓာတ်, အဇ္ဇတနီ မှာဝိဘတ်၊ သေကား ဂါထာပူရဏ နိပါတ်ပုဒ်တည်း၊ ဒါ၏ ဒွေ ဘော် ဒါလာ၊ ရှေ့ဒါ၌ ရဿပြု, ဣလာ၊ (ဒဒိမှာ)၊ ကွစိ ဓာတုဖြင့် ဣကို အ-ပြု, မှာ၌လည်း ရဿပြု၊ သေကာရာဂမော အာချာတနာမေဟိ(နီတိ- ၁၁၀၂)သုတ်ဖြင့် သေလာ၍ ရုပ်ပြီးစေရမည်၊ [ဝိဗော၊၂၄၆၌ ကွစိ ဓာတုဖြင့် သေလာ၏၊] “အဒမှ(ပေတ၊ဋ္ဌ၊၂၆၄)”ဟူသော အဖွင့်အလို ဟိယျတ္တနီမှာဝိဘတ်တည်း၊ ရှေ့နည်းထက် ဣ-မလာရခြင်းသာ ထူး၏၊ နီတိဓာတု-၈၁၌ ဟိယျတ္တနီ မှသေဝိဘတ်ဟု ဆို၏။

ဒုဇ္ဇီဝိတံ။ ။ “လာမကဇီဝိတံ(ဇာ ၊ဋ္ဌ၊၃၊၄၄)၊ ဝိညူဟိ ဂရဟိတဗ္ဗံ ဇီဝိတံ(ပေတ၊ဋ္ဌ၊၂၆၄)”ဟူသော အဖွင့်အရ ဒုသဒ္ဒါ ကုစ္ဆိတအနက်ဟော တည်း၊ မှန်၏-လာမက, ဂရဟိတဗ္ဗ (ဂါရယှ)တို့သည် ကုစ္ဆိတ၏ ပရိယာယ် များ ဖြစ်ကြသည်(ဓာန်-၆၉၉၊ ၇၀၁)၊ ထိုကြောင့် “ကုစ္ဆိတံ+ဇီဝိတံ ဒုဇ္ဇီဝိတံ” ဟု ပြုပါ။

ဆက်ဥုးအံ့-ဒုဇ္ဇီဝိတံနှင့် အဇီဝိမှသည် အသက်မွေးခြင်းကြိယာ ကိုချည်း ရသောကြောင့် အဘေဒဘေဒူပစာ (ကံနှင့်ကြိယာ မပြားဘဲလျက် ပြားသကဲ့သို့ ခွဲဆိုအပ်သောစကား)တည်း။

တစ်နည်း။ ။ “ကတွာ”ဟု ထည့်၍ “ဒုဇ္ဇီဝိတံ-ကို၊ (ကတွာ-၍၊) အဇီဝိမှ-ကုန်ပြီ”ဟု ပေးပါ(သီ၊ဋီ၊သစ်၊၁၊၃၅၈)။ (တစ်နည်း) ကြိယာဝိ သေသနကြံ၍ “ဒုဇ္ဇီဝိတံ-စက်ဆုပ်အပ်စွာ ယုတ်မာသော အသက်မွေး ခြင်းဖြင့်၊ အဇီဝိမှ-ကုန်ပြီ”ဟု ပေးပါ(ဓမ္မယော-၄၂)။ [ဓမ္မယော၌ “ယေ သန္တေ န ဒဒမှသေ” ကိုသာ “ဒုဇ္ဇီဝိတ မဇီဝိမှ”၏ အနိယမဟု ဆို၏၊ သို့သော် ပေတ၊ဋ္ဌ၊၂၆၄၌ “ယေ သန္တေ န ဒဒမှသေ”ကို ပို၍ ထင်ရှား အောင်ပြခြင်းငှာ “ဝိဇ္ဇမာနေသု၊ ပေ ၊ အတ္တနော”ကို ဆိုသည်-ဟု ဖွင့်သော ကြောင့် “ယေ သန္တေ”မှ “အတ္တနော”တိုင်အောင် စကားသည် “ဒုဇ္ဇီဝိတ မဇီဝိမှ”၏ အနိယမချည်းသာတည်း။]

၁၇၉။ သဋ္ဌိဝဿသဟဿာနိ, ပရိပုဏ္ဏာနိ သဗ္ဗသော၊
နိရယေ ပစ္စမာနာနံ, ကဒါ အန္တော ဘဝိဿတိ။

သဗ္ဗသော၊ အလုံးစုံသော အခြင်းအရာအားဖြင့်။ သဋ္ဌိဝဿသဟဿာနိ၊ အနှစ်၆သောင်းတို့သည်။ ပရိပုဏ္ဏာနိ၊ ပြည့် ကုန်ပြီ။ နိရယေ၊ လောဟကုမ္ဘီငရဲ၌။ ပစ္စမာနာနံ၊ ကျက်နေရကုန် သော။ (အမှာကံ၊ ငါတို့၏။ ဝါ၊ တို့မှာ။) ကဒါ၊ အဘယ်အခါ၌။ အန္တော၊ ဤငရဲဒုက္ခ၏ အဆုံးသည်။ ဘဝိဿတိ၊ ဖြစ်လိမ့်မည် နည်း။ (ဋ္ဌ-၁၁၂) [တစ်နည်း= (အမှာကံ၊ တို့သည်။) နိရယေ၊ ၌။ ပစ္စမာနာနံ၊ ကျက်နေရကုန်စဉ်။ သဗ္ဗသော၊ ဖြင့်။ သဋ္ဌိဝဿသဟဿာနိ၊ တို့ သည်။ ပရိပုဏ္ဏာနိ၊ ကုန်ပြီ။ ကဒါ၊ ၌။ အန္တော၊ သည်။ ဘဝိဿတိ၊ နည်း။ ရှေ့နည်း ပေတ၊ဋ္ဌ၊၂၆၃။ နောက်နည်း ဇာ ၊ဋ္ဌ၊၃၊၄၄။]

၁၈၀။ နတ္ထိ အန္တော ကုတော အန္တော, န အန္တော ပဋိဒိဿတိ၊
တဒါ ဟိ ပကတံ ပါပံ, မမ တုယှဉ္စ မာရိသာ။

မာရိသာ၊ မိတ်ဆွေတို့! (ကိုယ့်လူတို့!) မမ၊ ငါ၏လည်း။ တုယှဉ္စ၊ သင်မိတ်ဆွေအပေါင်း၏လည်းကောင်း။ အန္တော၊ လွတ် မြောက်ဖို့ ကာလအဆုံးအပိုင်းအခြားသည်။ နတ္ထိ၊ မရှိ။ အန္တော၊ သည်။ ကုတော၊ အဘယ်ကြောင့်။ (ပညာယိဿတိ၊ ထင်ရှားအံ့ နည်း။) [“ပဋိဒိဿတိ၊ ထင်ရှားအံ့နည်း”ဟုလည်း လှမ်းယူပေးနိုင်သည်။] (နော၊ ငါတို့အား။) အန္တော၊ သည်။ န ပဋိဒိဿတိ၊ မထင်ရှားနိုင်။ [(တစ်နည်း) နော၊ တို့သည်။ အန္တော၊ ကို။ န ပဋိဒိဿတိ၊ မမြင်အပ်, မမြင် နိုင်။] ဟိ၊ မှန်၏။ တဒါ၊ ဗာရာဏသီသူဌေးသားဖြစ်ရာ ထိုအခါ၌။ မမ၊ ငါသည်လည်းကောင်း။ တုယှဉ္စ၊ သင်မိတ်ဆွေအပေါင်းသည် လည်းကောင်း။ ပါပံ၊ မကောင်းမှုကို။ ပကတံ၊ အလွန်များစွာ ပြုအပ် ခဲ့ပြီ။ [ပကဋ္ဌံ+ကတံ ပကတံ။ ပေတ၊ဋ္ဌ၊၂၆၄။] (ဋ္ဌ-၁၁၃)

သဋ္ဌိဝဿသဟဿာနိ။ ။ သဒ္ဒါကျမ်းတို့၌ “ဝဿာနံ+သဟဿာနိ ဝဿသဟဿာနိ-နှစ်တို့၏ အထောင်တို့၊ သဋ္ဌိယာ+ဂုဏိတာနိ+ဝဿ- သဟဿာနိ သဋ္ဌိဝဿသဟဿာနိ-၆၀ဖြင့် မြှောက်အပ်သော နှစ် အထောင်တို့၊ ဝါ-အနှစ် ၆သောင်းတို့၊ (မဇ္ဈေလောပီတပ္ပုရိသ်)”ဟု ဆို၏၊ ပေတ၊ဋ္ဌ၊၂၆၄၌ “သဋ္ဌိ+သဟဿာနိ သဋ္ဌိသဟဿာနိ၊ (ဒိဂု)၊ ဝဿာနံ+ သဋ္ဌိသဟဿာနိ သဋ္ဌိဝဿသဟဿာနိ၊ (ဝဿနှင့် သဋ္ဌိ ရှေ့နောက်ပြန်)” ဟု ပြုသည်။

မာရိသာ။ ။ မာရိသကား ချစ်စနိုးအခေါ်တစ်မျိုးတည်း၊ “မရိသန္တိ ပါပေ ရောဂါဒိအနတ္ထေ အဘိဘဝန္တီတိ မာရိသာ၊ [မရိသ+ဏ၊-သံ၊ဋီ၊၁၊၄၄။]”ဟုပြု၊ မကောင်းသော ရောဂါစသော အကျိုးမဲ့တို့ကို လွှမ်းမိုးဖျက်ဆီး တတ်သူ, ဒုက္ခကင်းသူတို့ ရ၏၊ ဤ၌ ဒုက္ခရောက်နေသူတို့ကို မာရိသာဟု ခေါ်သဖြင့် ရုဠှီသဒ္ဒါတည်း၊ “ပေါက္ခရံ+အဿ အတ္ထီတိ ပေါက္ခရဏီ”အရ ကြာနှင့်ရေရှိသောကြောင့် ရေကန်သည် ပေါက္ခရဏီအမည်ရခဲ့ရာ ကြာနှင့် ရေမရှိရာအခါ၌လည်း ထိုရေကန်ကို “ပေါက္ခရဏီ”ဟု ခေါ်ရသကဲ့သို့ တည်း(သံ၊ဋ္ဌ၊၁၊၁၆)။ [မာရိသာတိ ပိယဝစနမေတံ၊ နိဒုက္ခာတိ ဝုတ္တံ ဟောတိ၊-သုတ္တနိ၊ဋ္ဌ၊၂၊၂၅၀။]

ဇာ ၊ဋ္ဌ၊၃၊၄၄။ ။ ထို၌ “မာရိသာတိ မယာ သဒိသာ၊ ပိယာလပနမေတံ ”ဟု ဖွင့်၏၊ ဤအလို “မမိဝ နံ ပဿန္တိ, အဟံ ဝိယ တေ ဒိဿန္တီတိ ဝါ မာရိသာ၊ [အမှ+ဒိသ+ကွိ၊-ရူ-၃၆၃]”ဟု ပြု၍ “မာရိသာ-ငါနှင့်တူသူတို့, ကိုယ့်လူတို့, မိတ်ဆွေတို့”ဟုပေး။

အမရကောသ။ ။ အမရကောသ၌ အယျ၏ပရိယာယ်, မြင့်မြတ်သူ အနက်ဟု ဆို၏၊ “မာရိသာ-အရှင်တို့, အရှင်ဘုရားတို့”ဟု ပေးရ၏၊ ထို အနက်သည် ဤနေရာနှင့် မလျော်ပါ။

ထောမ။ ။ ထို၌ “နတ္ထိ+ရိသော ဧတေသန္တိ မာရိသာ-ညှင်းဆဲခြင်း မရှိသူတို့, မိတ်ဆွေတို့”ဟု ဗဟုဗ္ဗီဟိသမာသ် ပြု၏၊ [မာ+ရိသ၊ မာကား ပတိသေဓအနက်၊ ရိသာ၌ ရိသဓာတ် ဟိံသာအနက်, အပစ္စည်းတည်း။]

တုယှံ။ ။ ဇာတ်ကိုငဲ့၍ မိတ်ဆွေ၃ယောက်ကို “တုယှံ”ဟု ဧကဝုစ်ဖြင့် ဆိုသည်၊ မှန်၏-ဗဟုဇနောကဲ့သို့ အပေါင်းကို ဆိုလိုရာ၌လည်းကောင်း, သဉ္စိစ္စ ပါဏောကဲ့သို ဇာတ်ကိုငဲ့ရာ၌လည်းကောင်း, “သာဝတ္ထိ သဒ္ဓါ အဟောသိ”မှ သာဝတ္ထိကဲ့သို့ ဌာနူပစာအရာ၌လည်းကောင်း, ကုသလာကုသလံကဲ့သို့ နပုံ, ဧကတ်ငဲ့သောအရာ၌လည်းကောင်း အများပင် ဖြစ် သော်လည်း ဧကဝုစ်ဖြင့် ထားနိုင်သည်(နီတိ-သုတ္တ-၁၇၂)။

တစ်နည်း။ ။ “တုယှံ တုမှာကံ(နေတ္တိဝိ-၃၃ရ)”အဖွင့်အလို ဆဋ္ဌီ ဗဟုဝုစ်တည်း၊ တုယှံ မယှဉ္စသုတ်၌ စသဒ္ဒါဖြင့် နံဝိဘတ်နှင့်တကွ တုမှကို တုယှံပြုပါ။ (တစ်နည်း) ဝစနဝိပလ္လာသတည်း။ (ဝိဗော၊၆၃)

တဒါ ဟိ။ ။ ဟိကို ဒဠှီကရဏကြံ၍ ဇာ ၊ဋ္ဌ၊၃၊၄၄အဖွင့်အတိုင်း ပေးခဲ့သည်။ ကာရဏအနက်ကြံ၍ “အန္တော-သည်၊ နတ္ထိ-မရှိ၊ အန္တောသည်၊ ကုတော-ကြောင့်၊ (အတ္ထိ-ရှိအံ့နည်း၊) အန္တော-သည်၊ (အမှာကံတို့အား၊) န ပဋိဒိဿတိ-မထင်ရှား၊ (ကသ္မာ-ကြောင့်၊ အမှာကံ-တို့အား၊ န ပဋိဒိဿတိ-နည်း?) မာရိသာ-တို့၊ ဟိ (ယသ္မာ)-ကြောင့်၊ တဒါ-၌၊ မမ-ကောင်း၊ တုယှဉ္စ-ကောင်း၊ ပါပံ-ကို၊ ပကတံ-အမျိုးမျိုးအပြားပြားတို့ ဖြင့် ပြုအပ်ခဲ့ပြီ၊ [ပကာရေဟိ+ကတံ ပကတံ ၊] (တသ္မာ-ကြောင့်၊ အန္တောသည်၊ အမှာကံ-တို့အား၊ န ပဋိဒိဿတိ-မထင်ရှား”ဟု ပေးပါ။

၁၈၁။ သောဟံ နူန ဣတော ဂန္တွာ, ယောနိံ လဒ္ဓါန မာနုသိံ၊
ဝဒညူ သီလသမ္ပန္နော, ကာဟာမိ ကုသလံ ဗဟုံ။

သော အဟံ၊ ထိုငါသည်။ ဣတော၊ ဤလောဟကုမ္ဘီငရဲမှ။ ဂန္တွာ၊ ဖဲခွာသွားရ၍။ မာနုသိံ၊ လူတို့၏ဥစ္စာဖြစ်သော။ [မာနုသာနံ+ အယံ မာနုသီ။] ယောနိံ၊ အမျိုးဇာတ်ကို။ (တစ်နည်း) မာနုသိံ ယောနိံ၊ လူ့ဘဝလ့ခန္ဓာကို။ လဒ္ဓါန၊ ရ၍။ ဝါ၊ ရလသော်။ ဝဒညူ၊ အလှူခံ တို့၏ စကားကို သိသည်။ ဝါ၊ စွန့်ကြဲလေ့ရှိသည်။ [ဝဒံ ဝစနံ ဇာနာတီတိ ဝဒညူ။ ဒီ၊ဋီ၊၃၊၁၄၆။] သီလသမ္ပန္နော၊ သီလနှင့် ပြည့်စုံသည်။ (ဟုတွာ၊ ၍။) နူန၊ စင်စစ်။ ဗဟုံ၊ များစွာသော။ ကုသလံ၊ ကုသိုလ် ကို။ ကာဟာမိ၊ ပြုတော့အံ့။ (တစ်နည်း) ဗဟုံ၊ များစွာသော။ ကုသလံ၊ ကုသိုလ်ကို။ ကာဟာမိ နူန၊ ပြုတော့မည်ဟု တွေးတော ကြံစည်နေ၏။ (ဋ္ဌ-၁၁၄)

ပေတ၊ဋ္ဌ၊၂၆၄။ ။ ထို၌ “တယာ-သည်ကောင်း၊ မယာ-သည် ကောင်း၊ ပါပံ-ကို ၊ ပကတံ-ပြီ”ဟု ဝိဘတ်ပြင်ပေးစေ၏၊ သို့မဟုတ် မမ, တုယှံတို့၌ ဆဋ္ဌီကို တတိယာအနက်ယူ၍ “မမ-သည်လည်းကောင်း၊ တုယှဉ္စ-သည်လည်းကောင်း”ဟု ပေးပါ၊ “တဒါ ဟိ ”နေရာ၌လည်း “တထာ ဟိ”ဟု ရှိသည်။ တဒါ၏ အနိယမထည့်လိုမူ “ယဒါ တုမှေ စ အဟဉ္စ သေဋ္ဌိပုတ္တာ ဇာတာ”ဟု ထည့်ပါ။ (နေတ္တိဝိ-၃၃ရ၊ ဓမ္မယော-၄၃)

နူန။ ။ နူနာတိ ဧကံသတ္ထေ နိပါတော(ဇာ ၊ဋ္ဌ၊၃၊၄၅)။ နူနာတိ ပရိဝိတက္ကေ နိပါတော(ပေတ၊ဋ္ဌ၊၂၆၄)။ နူနာတိ ပရိဝိတက္ကေ၊ အနု- ဝိဂဏေတီတိ ဧတ္ထ...“နာနုဝိဂဏေတိ နူနာ”တိ၊ န စိန္တေသိ မညေ, “နာနုယုဉ္ဇတီ”တိ တက္ကေမီတိ အတ္ထော(ထေရ၊ဋ္ဌ၊၁၊၂၇၆)။

အညတရပုရိသဝတ္ထုပါဠိဂါထာ

၁၈၂။ ဒီဃာ ဇာဂရတော ရတ္တိ, ဒီဃံ သန္တဿ ယောဇနံ၊
ဒီဃော ဗာလာန သံသာရော, သဒ္ဓမ္မံ အဝိဇာနတံ။

ဇာဂရတော၊ နိုးနေသူ၏။ ဝါ၊ မှာ။ ရတ္တိ၊ ညဉ့်သည်။ ဒီဃာ၊ ရှည်၏။ ဝါ၊ ရှည်သကဲ့သို့ ဖြစ်၏။ သန္တဿ၊ ခရီးပန်းနေသူ၏။ ဝါ၊ မှာ။ ယောဇနံ၊ တစ်ယူဇနာခရီးသည်။ ဒီဃံ၊ ၏။ သဒ္ဓမ္မံ၊ (ဗောဓိ ပက္ခိယ၃၇-ပါးဟူသော) သူတော်ကောင်းတရားကို။ အဝိဇာနတံ၊ မသိကုန်သော။ ဗာလာနံ၊ လူမိုက်တို့၏။ ဝါ၊ မှာ။ သံသာရော၊ သံသရာသည်။ ဒီဃော၊ မှန်စွာမသွေ, ရှည်လျားလှချေ၏။ (ပါ-၆၀)

ယောဇနံ။ ။ ယုဇ္ဇတေ မနော ယသ္မိန္တိ ယောဇနံ(ကပ္ပဒ္ဒုမ)၊ ပရိစ္ဆေဒံ ယုဇ္ဇတိ ဧတ္ထ ဧတေန ဝါတိ ယောဇနံ(ကင်္ခါမဟာဋီ၊၃၊၁၆၁)၊ သာသနာ ကျမ်းအလို တစ်ယူဇနာ၌ ၁၂ မိုင် ၅ ဖာလုံ အတောင်-၃၆၀ (ပေ-၅၄၀) ရှိ၏။ လီလာဝတီကျမ်းအလို ၉ မိုင် အတောင်-၃၂၀ ရှိ၏၊ မတန္တရအလို ၁ မိုင် ၁ဖာလုံ အတောင်၄၀၇ှိ၏၊ ထို၃မျိုးတို့တွင် သာသနာယူဇနာဖြင့် မြင့်မိုရ်တောင်, စကြာဝဠာတောင်အမြင့်ကို ရေတွက်အပ်၏၊ မြို့ရွာအကွာ အဝေးစသည်တို့၌ သင့်လျော်ရာ ယူဇနာဖြင့် ရေတွက်သင့်၏။ တစ်မိုင်မှာ ပေအားဖြင့် ၅၂၈၀ ပေ, အတောင်အားဖြင့် ၃၅၂၀ တောင်, မီတာအားဖြင့် ၁၆၀၉.၃၅မီတာ, ကီလိုမီတာအားဖြင့် ၁.၆၀၉ ကီလိုမီတာ ရှိ၏။ (ဓာန်နိသစ်-၇၉၊ မြန်ဓာန်)

အခြားအဆိုများ။ ။ တစ်ယူဇနာသည် အင်္ဂလိပ်မိုင်၄မိုင်, သို့မဟုတ် ၅မိုင်ဟုလည်းကောင်း, ၉ မိုင်ခန့်ဟုလည်းကောင်း, ၂မိုင်ခွဲ (၂မိုင် ၄ဖာလုံ) ဟုလည်းကောင်း ဆို၏။(ဝီလျံ..S-E-D ဝီလျံ.E-S-D) ထို့ပြင့်- U- B-E-P-D နှင့် C-P-E-D၌ ၇မိုင်ဟုလည်းကောင်း, M-E-D နှင့် မြန်ဓာန်ချုပ် ၌ ၁၂.၇၂မိုင် ဟုလည်းကောင်း ဆို၏။ [Yojana, mesure of distance, sometime regarded as equal to 4 or 5 English miles, but more correctly=about 9 miles; according to other calculations=2 ½ English miles, (ဝီလျံ.S-E-D). Yojana, mesure of distance, equal to 5 miles, or, according to some, to nine miles(0DvsH.E-S-D).distance of about 7 miles(U-B-E-P-D). mesure of length, which is about, 7miles.(C-P-E-D) mesure of distance equal to 12.72 English miles(M-E-D).]

ဗုသာဝီ-၅၄အဆို။ ။ ဒီ၊ဋ္ဌ၊၁၊၃၆၌ နာလန္ဒာနှင့် ရာဇဂြိုဟ်သည် တစ်ယူဇနာဝေးကွာသည်ဟုဆိုရာ ထိုအကွာအဝေးကို ယခုအခါ မီးရထား လမ်းမိုင်တိုင်အမှတ်သားမှာ ၈မိုင်အတိအကျအမှတ်အသားရှိကြောင်း ဗုသာဝီ-၅၄၌ ဆို၏။ ထို၌ ယူဇနာတွက်နည်း ၄နည်းကိုလည်း ပြထား၏။

သံသာရော။ ။ သံသရဏံ သံသာရော(သံ၊ဋီ၊၂၊၁၅၀)၊ ခန္ဓာအာယတနာနံ အညမညသမ္ဗန္ဓေန သံ ပုနပ္ပုနံ သရတိ ဂစ္ဆတိ ပဝတ္တတီတိ သံသာရော၊ သံပုဗ္ဗသရဓာတု ဂတိမှိ ဏ၊ အထ ဝါ ခန္ဓာအာယတန- ဓာတုယော သံ အဗ္ဗောစ္ဆိန္နံ သရန္တိ ဂစ္ဆန္တိ ပဝတ္တန္တိ ဧတ္ထာတိ သံသာရော (နမက္ကာရဋီ၊၃၄)။

အညတရပုရိသဝတ္ထုအဋ္ဌကထာဂါထာ

၁၈၃။ ဧကိဿာ ကဏ္ဌံ ဆေတွာန, လောမဂဏနာယ ပစ္စိသံ၊
ဗဟူနံ ကဏ္ဌေ ဆေတွာန, ကထံ ကာဟသိ ခတ္တိယ။

ခတ္တိယ၊ ရေမြေ့သနင်း, ပြည့်ရှင်မင်း! (အဟံ၊ ကျွန်တော်မျိုး မသည်။) ဧကိဿာ၊ တစ်ကောင်သောသိုးမ၏။ ကဏ္ဌံ၊ လည်ပင်း ကို။ ဆေတွာန၊ ဖြတ်ခဲ့၍။ ဝါ၊ ဖြတ်ခဲ့ခြင်းကြောင့်။ လောမဂဏနာယ၊ သိုးမ၏ အမွေးအရေတွက်ဖြင့်။ ပစ္စိသံ၊ ငရဲ၌ ကျက်ခဲ့ရပြီ။ ဝါ၊ ငရဲ၌ ကျက်ပြီးနောက် ခေါင်းအဖြတ်ခံခဲ့ရပြီ။ ဗဟူနံ၊ များစွာ သော မင်း, မိဖုယားတို့၏။ ကဏ္ဌေ၊ လည်ပင်းတို့ကို။ ဆေတွာန၊ ဖြတ်၍။ ဝါ၊ ဖြတ်ခြင်းကြောင့်။ ကထံ၊ အဘယ်သို့လျှင်။ ကာဟသိ၊ (ဒုက္ခမှ လွတ်မြောက်အောင်) ပြုနိုင်တော့အံ့နည်း။ ဝါ၊ ဒုက္ခမှ လွတ်မြောက်နိုင်တော့အံ့နည်း။ (ဋ္ဌ-၁၁၅)

ပစ္စိသံ။ ။ ပစ+ယ+ဣံ၊ “ဂါထာယ မတီတတ္ထေ ဣမိဿံ(နီတိ- ၁၁၀၃)သုတ်ဖြင့် ဣံဝိဘတ်ကို ဣဿံပြု၊ ကွစိ ဓာတုဖြင့် သ်တစ်လုံးချေ။ (တစ်နည်း) အနာဂတေ ဘဝိဿန္တိသုတ်၌ “ဘဝိဿန္တိ”ဟူသော ယောဂ- ဝိဘာဂဖြင့် အတိတ်အနက်၌ ဘဝိဿန္တိဿံဝိဘတ်သက်။(နိဒီ-၃၈၀၊ ဝိဗော၊၂၁၆)။ ရူပသိဒ္ဓိ၌ အတိတ်ကို အနာဂတ်အနေဖြင့် ဆိုလိုသော ကြောင့် အတိတ်အနက်၌ အနာဂတ်ဝိဘတ် သက်သည်ဟု ဆို၏၊ ဤ သဘောကိုပင် မောဂ္ဂလ္လာန်၌ ကာလဝိပလ္လာသ(အတိတ်မှ အနာဂတ်သို့ ပြောင်းနေသည်)ဟု ဆို၏။ (ရူ-၂၈၁၊ မောဂ်-၆, ၁)

ပစ္စိသံအရ။ ။ “နိရယေ ပစ္စိတွာ ပက္ကာဝသေသေန တဿာ လောမဂဏနာယ သီသစ္ဆေဒံ ပါပုဏိံ(ဓမ္မ၊ဋ္ဌ၊၁၊၂၉၁)”စကားအရ အမွေး အရေအတွက်ဖြင့် ငရဲ၌ ကျက်ခဲ့ရခြင်းမဟုတ်၊ ငရဲကျပြီးနောက် အမွေး အရေအတွက်ဖြင့် ခေါင်းဖြတ်ခံခဲ့ရခြင်းဖြစ်သည်၊ ထိုကြောင့် ပစ္စိသံအရ ငရဲကျပြီးနောက် ခေါင်းဖြတ်ခံရခြင်းအထိ ယူပါ။

၁၈၄။ ဣဓ သောစတိ ပစ္စ သောစတိ,
ပါပကာရီ ဥဘယတ္ထ သောစတိ၊
သော သောစတိ သော ဝိဟညတိ,
ဒိသွာ ကမ္မကိလိဋ္ဌမတ္တနော။

ပါပကာရီ၊ မကောင်းမှုကို ပြုလေ့ရှိသူသည်။ ဣဓ၊ ဤ ပစ္စုပ္ပန်ဘဝ၌။ သောစတိ၊ ဝမ်းနည်းရ၏။ ပစ္စ၊ တမလွန်ဘဝ၌။ သောစတိ၊ ၏။ ဥဘယတ္ထ၊ ပစ္စုပ္ပန်တမလွန်, ၂တန်သောဘဝ၌။ သောစတိ၊ ၏။ အတ္တနော၊ မိမိ၏။ ကမ္မကိလိဋ္ဌံ၊ ညစ်နွမ်းသော အ ကုသိုလ်ကံကို။ ဒိသွာ၊ မြင်ရ၍။ ဝါ၊ မြင်ရခြင်းကြောင့်။ သော၊ ထိုမကောင်းမှုကို ပြုသူသည်။ သောစတိ၊ ၏။ သော၊ သည်။ ဝိဟညတိ၊ ပင်ပန်းရ၏။ (ဋ္ဌ-၁၁၆)

၁၈၅။ဧဝံ စေ သတ္တာ ဇာနေယျုံ, ဒုက္ခာ’ယံ ဇာတိသမ္ဘဝေါ၊
န ပါဏော ပါဏိနံ ဟညေ, ပါဏဃာတီ ဟိ သောစတိ။

အယံ ဇာတိသမ္ဘဝေါ၊ ဤပဋိသန္ဓေနေရခြင်း, (ပဋိသန္ဓေ နေပြီးနောက်) အစဉ်သဖြင့် ကြီးရင့်ခြင်းသည်။ ဒုက္ခော၊ ဆင်းရဲ ၏။ ဝါ၊ ဆင်းရဲကြောင်းဖြစ်၏။ ဧဝံ၊ ဤသို့။ သတ္တာ၊ သတ္တဝါတို့ သည်။ စေ ဇာနေယျုံ၊ အကယ်၍သိကုန်အံ့။ (ဧဝံ သတိ၊ သော်။) ပါဏော၊ သတ္တဝါတစ်ဥုးသည်။ ပါဏိနံ၊ အခြားသတ္တဝါတစ်ဥုးကို။ န ဟညေ (န ဟညေယျ)၊ မညှင်းဆဲမသတ်ဖြတ်ရာ။ (ကသ္မာ၊ နည်း?) ဟိ (ယသ္မာ)၊ အကြင်ကြောင့်။ ပါဏဃာတီ၊ သူတစ်ပါး အသက်ကို သတ်လေ့ရှိသူသည်။ သောစတိ၊ ဝမ်းနည်းပူဆွေးရ ၏။ (တသ္မာ၊ ထိုကြောင့်တည်း။) (ဋ္ဌ-၁၁၇)

ဒုက္ခာယံ ဇာတိသမ္ဘဝေါ။ ။ ဒုက္ခာယံ ဇာတိသမ္ဘဝေါတိ အယံ တတ္ထ တတ္ထ ဇာတိ စ ဇာတဿ အနုက္ကမေန ဝုဍ္ဎိသင်္ခါတော သမ္ဘဝေါ စ ဒုက္ခာနံ ဝတ္ထုဘူတတ္တာ “ဒုက္ခော”တိ ယဒိ ဇာနေယျုံ။-ဇာ၊ဋ္ဌ၊၁၊၁၈၄။

အညတရပုရိသဝတ္ထုဂါထာနိဿယပြီးပြီ။