အစောလတ်မောင်နှံ ကျောက်စာ

From Wikisource
Jump to navigation Jump to search
အစောလတ်မောင်နှံကျောက်စာ  (သက္ကရာဇ် ၆၃၂) 
by အစောလတ်မောင်နှံ

(မျက်နှာဘက်)
“။ ။ သြီတြိဘဝနာဒိတျပဝရဓမ္မရာဇာမည်သောမင်ကြီသာ ဣမ်ရှိယ်မင်နာ
ရသိင်္ဃာဥစ္စနာသမီ အစဝ်လတ်မည်သော မင်သမီနှင် အမတျာကြီဖ္လစ်ထ
သော ဇယျသဒ္ဓိယ်မည်သော ဒါယကာမောင်နှံ၂ယောက်သည်။ ဆနဝုတိရောဂါ။ ကို
ဝ်ဆယ်ခြောက်ပါသောအနာ။ ဗတ္တီင်္သကမ္မာ။ ကြမ္မာ၃၂။ ပည္စဝိသတိဘယာ။ ဘိုယ်
၂၅ပါ။ ဣယ်မျှသောဘိုယ်အနာ။ သံသရာဆိုဝ်ငြာယ်ခပင် ခ္လျုပ်ရာအရပ်ဖ္လစ်ထသော
သဗ္ဗညုပုရှာဆုကိုဝ် ရခ္လျင်သောကြောင်။ မင်ကြီဧအ် အစမူသော အမတျာခပင်။ ပယ်
မိယာဧအ် အစမူသော မိသင်မောင်မခပင်။ ပ္လင်သူမိယ်မ ခပင်။ အဝီစိယ်နှိုက်ခံသောသူ
တိုဝ်ဧအ် အစမူသော။ အထက်ဖဝက်ရောက်ဩဝ်နိယ်သော နတ်တိုဝ်ခပင်။ အတိုဝ်စ
ကြဝဠာဧအ် အစမူသော အနန္တစက်ကြဝဠာနှိုက်နိယ်သော လူနတ်တိုဝ်ခပင်။ ဣယ်
၁၀ မျှသောလူနတ်သတွာ တိရိတ်ဆန်ခပင် တိရိတ်ဆန် အသူရပြိတ္တာတိုဝ် ရပါစိယ်ခ္လျင်ရကာ”

[သီတြိဘဝနာဒိတျပဝရဓမ္မရာဇာမည်သော မင်းကြီးသား အိမ်ရှေ့မင်းနရသိင်္ဃဥစ္စနာသမီး အစောလတ်မည်သော မင်းသမီးနှင့် အမတ်ရာကြီးဖြစ်ထသော ဇေယျသေဋ္ဌေး မည်သော ဒါယကာမောင်နှံ၂ယောက်သည် ဆနဝုတိ ရောဂါ . ကိုးဆယ့်ခြောက်ပါးသောအနာ၊ ဗာတ္ထိသ ကမ္မ ကြမ္မာ၃၂၊ ပဉ္စဝီသတိဘယာ ဘေး၂၅ပါး၊ ဤမျှသော ဘေး၊ အနာ သံသရာဆင်းရဲခပင်း ချုပ်ရာ အရပ်ဖြစ်ထသော သဗ္ဗညုဘုရားဆုကိုရချင်သောကြောင့် မင်းကြီး၏ အစမူသော အမတ်ရာခပင်း၊ ပယ်မယား၏ အစမူသော မိဿံမောင်းမခပင်း၊ ပြင်သူမိန်းမခပင်း၊ အဝီစိ၌ခံသောသူတို့၏ အစမူသော အထက်ဘဝဂ်ရောက် အောင်နေသော နတ်တို့ခပင်း၊ အတို့စကြဝဠာ၏ အစမူ သော အနန္တစကြဝဠာ၌နေသော လူနတ်တို့ခပင်း၊ ဤမျှ သော လူ နတ် သတ္တဝါ တိရစ္ဆာန်ခပင်း ကာလကဉ္စ အသူရာပြိတ္တာတို့ ရပါစေချင်ရကား။]

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse