အစောကြွမ်း ကျောက်စာ

From Wikisource
Jump to navigation Jump to search
အစောကြွမ်းကျောက်စာ  (သက္ကရာဇ် ၆၁၀) 
by အစောကြွမ်း

(မျက်နှာဘက်)
၁၊၂၊၁၂၄၊၁။
“။ ၀ ။ ၐြီ။ တြိဘဝနပဝရဒိတျဓမ္မရာဇာဇေယျသူရ်မင် ဧအ် ပယ်မယာကြီ တြိလောကစ
န္ဒြနာမ မဟာဒေဝီ သုံလူလ မိဖုရှာ တောင်ဖ္လင်သည်သမီ အစဝ်ကြွမ်သ္ခိင် သင်္သရာဆိုဝ်ငြယ်မှ လွတ်ခ္လျင်
ရကာ။ မေတ္တည်မည်သော ဖုရှာသ္ခိင်ဓံတာဝ်နှိုက် မျက်မှောက်ကင်ကာ က္လွတ်ခ္လျင်ရကာ။ ဩက်အဝိစိယ်စ
သော အထက်ဘဝဂ်တိုင်ဩင်။ ဖိလာကာ အနန္တစက္ကြဝဠာ အတိုင်မသီသော သဗ္ဗသတွာ ခပ်သိမ်သောကိုဝ် က္လွတ်ပါစိ
ယ်ခ္လျင်သောကြောင်ရကာ။ ကူတည်လတ်ရုယ် ဖုရှာလိယ် မျက်နှာလေ ပ္လုဧအ်။ ပိဋကတ်လေ သုံဆူပ္လုဧအ်။ စလစ်ေ
က္လောင်ကြီလေ ပ္လုဧအ်။ စလစ်က္လောင်ကြိဖျက်ရုယ္အ် ကုလာ က္လောင်ကြိဥိဆက်လေ ပ္လုတုံဧအ်။ ပိဋကတ်ထာ
ရာတိုက်လေ ပ္လုဧအ်။ ရှုယ်တိသော တြျာဤမ်လေ ပ္လုဧအ်။ က္လောင်အရမ်တန်တိုင်လေ ပ္လုဧအ်။”

[ ဂြီ။ တြိဘဝနပဝရာဒိတျဓမ္မရာဇာဇေယျသူရ်မင်း ၏ ပယ်မယားကြီး တြိလောကစန္ဒြနာမ မဟာဒေဝီ သုံးလူလ မိဖုရားတောင်ပြင်သည်သမီး အစောကြွမ်း သခင် သံသရာဆင်းရဲမှ လွတ်ချင်ရကား မေတ္တေယျမည် သော ဘုရားသခင်ထံတော်၌ မျက်မှောက်ကင်္ကာ ကျွတ်ချင်ရကား အောက်အဝီစိစသော အထက်ဘဝဂ်တိုင်အောင် ဖီလာကား အနန္တစကြဝဠာ အတိုင်းမသိသော သဗ္ဗသတ္တဝါ ခပ်သိမ်းသောကို ကျွတ်ပါစေချင်သောကြောင့်ရကား ဂူတည်လတ်၍ ဘုရားလေးမျက်နှာလည်းပြု၏။ ပိဋကတ် လည်း သုံးဆူပြု၏။ စုလစ်ကျောင်းကြီးလည်း ပြု၏။ စုလစ်ကျောင်းကြီးဖျက်၍ ကုလားကျောင်းကြီး ဦးဆက် လည်း ပြုတုံ၏။ ပိဋကတ်ထားရာတိုက်လည်း ပြု၏။ ရွှေတိသောတရားအိမ်လည်း ပြု၏။ ကျောင်းအရံ တံတိုင်းလည်း ပြု၏။]

၁၊၂၊၁၂၄၊၂။
၃၀“ဤယ်ငာကောင်မှုဝန် ခပ်သိမ်သောသည္ကာ။ ပန်စင်
၃၁ငာပ္လည္အ်စုံ၁ ငီငာနိုင်ငံ၁ သာစန်မ္လိယ်စန်လျှင် ရတနာ ၃ပါသောလှူသတေ။ ကူက္လောင်စုတ်တွင်ရစ်သရှာဝ်
၃၂အခာအာ ငကိုဝ်စာလျှင် သာဆက်မ္လိယ်ဆက် ဝန်ခံရစ်စိယ်သတေ။ အယင်တို ဝ္အ်မြို ဝ္အ် ငာလေ ရတနာ ၃ပါသော
၃၃အ်ကျွာန်တေ။ ၀ ။”

[ဤငါ့ကောင်းမှုဝန် ခပ်သိမ်းသောသည်ကား ပဉ္စင်း ငပြည့်စုံ ၁၊ ညီငနိုင်ငံ၊ သားစဉ်မြေးစဉ်လျှင် ရတနာ ၃ပါးသော လှူသတည်း။ ဂူကျောင်းစုတ်တွင်းရစ်သရော အခါအား ငါ့ကိုယ်စားလျှင် သားဆက်မြေးဆက် ဝန်ခံ ရစ်စေသတည်း။ အယင်းတို့မြို့ ငါလည်း ရတနာ ၃ပါးသော၏ကျွန်တည်း။]

၁၊၂၊၁၂၄၊၃။
၃၃“အပေါင်ကြီ ကူဖွယ္အ်သော က္လသောငုယ်ကာ ၁၇၄ရပယ် ၃လုံ။ အပေါင်ကြီခွက်
၃၄ကာ ၇၄ပိသာ။ အပေါင်ကြီပုဆိုဝ်ကာ ၁၁၃ထည်။ အပေါင်ကြီကူထွတ်လိန်သော ရှုယ် ၂၃ က္လျပ်။
၃၅အပေါင်ကြီပြတာ ၉၂က္လျပ်။ အပေါင်ကြီစပါ ၁၈၆၇ <<။ အပေါင်ကြီကွံသီ ၂ကဍုင်နှင္အ် ၁၁၆(၄)
၃၆လုံ။ အပေါင်ကြီငြုတ် ။ အပေါင်ကြီဆာ ၇<<။ အပေါင်ကြီဂူထွတ်ခုတ်သော ကြိယ်ကာ ၆၆
၃၇ဗိသာ။ ၀ ။”

[အပေါင်းကြီးဂူဖွဲ့သော ကျသောငွေကား ၁၇၄၇ပယ် ၃လုံ၊ အပေါင်းကြီးခွက်ကား ၇၄ ပိဿာ၊ အပေါင်းကြီး ပုဆိုးကား ၁၁၃ထည်၊ အပေါင်းကြီးဂူထွတ်လိမ်းသော ရွှေ ၂၃ ကျပ်၊ အပေါင်းကြီးပြဒါး ၉၂ကျပ်၊ အပေါင်းကြီး စပါး ၁၈၆၇f၊ အပေါင်းကြီးကွမ်းသီး ၂ကချုံနှင့် ၁၁၆၄လုံး၊ အပေါင်းကြီး ငရုတ် ၁/၈ ၁/၁၆ ၁/၃၂၊ အပေါင်း ကြီးဆား ၇ f ၊ အပေါင်းကြီးဂူထွတ် ခုတ်သော ကြေးကား ၆၆ ပိဿာ။]

၁၊၂၊၁၂၄၊၄။
၄၁“အပေါင်ကြီစတိုက် ပ္လုသော က္လသော ငုယ်ကာ ၂၁၅ က္လျပ်။ ဝ ။ အပေါင်ကြိကုလာက္လောင်ကြီဥိဆက်
၄၂ပ္လုသော က္လသော ခွက်ကာ ၃၀၆ဗိသာ။”

[အပေါင်းကြီးစာတိုက်ပြုသော ကျသောငွေကား ၂၁၅ ကျပ်၊ အပေါင်းကြီးကုလားကျောင်းကြီးဦးဆက် ပြုသော ကျသော ခွက်ကား ၃ဝ၆ ပိဿာ။]

၁၊၂၊၁၂၄၊၅။
၄၂...“အပေါင်ကြီတန်တို
၄၃င် ပ္လုသော က္လသော ငုယ်ကာ ၄၃၂<<+။ ခွက်ကာ အပေါင်ကြီ ဗိသာ ၂၀။ အပေါင်ကြီ လှည်ခ ခွက် ၅၃ပိ
၄၄သာ။”

[အပေါင်းကြီး တံတိုင်းပြုသော ကျသော ငွေကား ၄၃၂f ၁/၄ ၊ ခွက်ကား အပေါင်းကြီး ပိဿာ ၂၀၊ အပေါင်းကြီး လှည်းခ ခွက် ၅၃ပိဿာ။]

၁၊၂၊၁၂၄၊၆။
၄၄“အပေါင်ကြီ စုလမနိ ပ္လုသော က္လသော ငုယ်
၄၅ကာ ၄၄<<+။ ရှုယ် ၃လုံခြ။ အပေါင်ကြီခွက် ၁၃ ဗိသာ ကြိယ် ၃၀။ ၀ ။”

[အပေါင်းကြီး စူဠာမဏိ ပြုသော ကျသော ငွေကား ၄၄ ၁/၂ ၁/၄ ၊ ရွှေ ၃လုံခြ *၊ အပေါင်းကြီးခွက် ၁၃ ပိဿာ၊ ကြေး ၃၀။]

၁၊၂၊၁၂၄၊၇။
၄၇“ဤယ်မျှသော ရတနာသုံပါကာ ငာအသက်ဟိယ်သ ယှုယ်ကာ ငာလုပ်က္လွ
၄၈(ည်သ)တေ ငာကန်ထာပျာက်ခရုယ် အသက်အဆုံနှိုက် တေရောက်ခမူကာ။ ဤယ်ငလုပ်။
၄၉က္လွည်ဧအ်သိုဝ် ငသာနှစ်ယောက် က္လွည်စိယ်သတေ ။ ၀ ။”

[ဤမျှသော ရတနာသုံးပါးကား ငါအသက်ရှိသရွေ့ကား ငါလုပ်ကျွေးသတည်း။ ငါခန္ဓာပျက်ခ၍ အသက် အဆုံး၌တည်းရောက်ခမူကား ဤငါလုပ်ကျွေး၏သို့ ငါ့သားနှစ်ယောက်ကျွေးစေသတည်း။]

  • အနက်မသိသာ။


(ကျောဘက်)
“။ ၀ ။ ဤယ်ငာပ္လုသော ကူ က္လောင် ပုရှာ တရျာသင်္ဃာ ရတနာသုံပါသောကိုဝ် ငာလှူခသော။
ကျွာန် လယ် ဥယာန် မိုဝ်မ္လိယ်တိုဝ်ကိုဝ် ဖျက်ဆီရစ် ရုပ်သယ္အ်စသောသူကာ ဤယ်လူကယ်
ထက်လေ နှစ်လုံချံသာ မရမူရုယ္အ် ကြောင်ကြလျက်လျှင် သိယ်သောဖ္လစ်စိယ်သတေ။ ထိုဝ်မြို
ဝ် ဖုရှာအဖ္လစ်ဖ္လစ်လေ မဖူရသောကိုဝ်လျှင် ဖ္လစ်စိယ်သတေ။ ဤယ်အတိုဝ်စကြဝဠာစသော စ
ကြဝဠာတစ်သောင်သောတွင် အယင်သူကာ မဖ္လစ်ရစိယ်သတေ။ ထိုဝ်စကြဝဠာတစ်ပါသောတွ
င်လေ လူကောင်အဖ္လစ် မဖ္လစ်မူရုယ္အ် အရိယ်အစာကောင် မစာရမသောက်ရမူရုယ္အ် ခုယ်ဝက်တြိစ္ဆန် အ
ဖ္လစ်နှင်နှင် ဖ္လစ်စိယ်လိယ်သတေ။ ထိုဝ်မြိုဝ် နောင်မှာ ဖ္လစ်လတ်အံသော ပုရှာတိုဝ္အ်ခ္လွတ်မုလေ မက္လွ
တ်စိယ်သတေ။ ထိုဝ်မြိုဝ္အ်လေ မ္လိယ်ကမ္ဘာကာအထက် အယင်သူယုတ်ကာ ဩက်အဝိစိယ်လျှင် က္လစိယ်
သတေ။”

[ဤငါပြုသော ဂူ ကျောင်း ဘုရား တရား သံဃာ ရတနာသုံးပါးသောကို ငါလှူခသော ကျွန်၊ လယ် ဥယျာဉ် မိုးမြေတို့ကို ဖျက်ဆီးရစ် ရုပ်လဲ့စားသောသူ ကား ဤလူကယ်ထက်လည်း နှလုံးချမ်းသာမရမူ၍ ကြောင့်ကြလျက်လျှင် သေသောဖြစ်စေသတည်း။ ထိုမြို့ ဘုရားအဖြစ်ဖြစ်လည်း မဖူးရသောကိုယ်လျှင် ဖြစ်စေ သတည်း။ ဤအတို့စကြဝဠာစသော စကြဝဠာတစ် သောင်းသောတွင် အယင်းသူကား မဖြစ်ရစေသတည်း။ ထိုစကြဝဠာတစ်ပါးသောတွင်လည်း လူကောင်အဖြစ် မဖြစ်မူ၍ အရေအစာကောင်း မစားရ၊ မသောက်ရမူ ၍ ခွေး၊ ဝက် တိရစ္ဆာန် အဖြစ်နှင်နှင် ဖြစ်စေ သတည်း။ ထိုမြို့ နောင်မှာဖြစ်လတ်အံ့သော ဘုရားတို့ ချွတ်မူလည်း မကျွတ်စေသတည်း။ ထိုမြို့လည်း မြေကမ္ဘာကားအထက် အယင်းသူယုတ်ကား အောက်အဝီစိလျှင် ကျစေသတည်း။]

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse