ဩကာသ ကန်တော့ချိုးဆိုင်ရာ သိမှတ်ဖွယ်ရာများ (၂)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၃။ သြကာသ ကန်တော့ချိုးဆိုင်ရာ သိမှတ်ဖွယ်ရာများ (၂)
344858ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း — ၂၃။ သြကာသ ကန်တော့ချိုးဆိုင်ရာ သိမှတ်ဖွယ်ရာများ (၂)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၃)

[edit]

ဩကာသကန်တော့ချိုးဆိုင်ရာ သိမှတ်ဖွယ်ရာများ (၂)

[edit]

အပါယ်

[edit]

ချမ်းသာကင်း၍ ကုသိုလ်ကောင်းမှု ပြုခွင့်မရသောအရပ်ကို အပါယ်ဟု ခေါ်သည်။

အပါယ်လေးပါး

[edit]
  • ၁။ ငရဲ (ချမ်းသာမရှိ ဒုက္ခသာရှိသော ဘုံဌာန)
  • ၂။ တိရစ္ဆာန် (ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ ကြက်၊ ငှက်၊ ငါး၊ လိပ် စသော ကုန်းနေ၊ ရေနေ၊ ခြေလေးချောင်း၊ ခြေနှစ်ချောင်း သတ္တဝါတို့နှင့် မြွေစသော အခြေမရှိ သတ္တဝါများ)
  • ၃။ ပြိတ္တာ (ချမ်းသာသုခတို့မှ ကင်းဝေးသော တစ္ဆေ၊ မှင်စာ၊ သရဲ၊ သဘက်၊ ကျတ်ကောင်)
  • ၄။ အသူရကာယ် (လူနှင့် အလွန်ဝေးကွာသော မြစ်ကမ်း၊ သမုဒ္ဒရာ၊ တောတောင်တို့၌ နေရသော ပြိတ္တာအကြီးစား)

ကပ် သုံးပါး

[edit]

ပျက်စီးချိန်၊ ဘေးဆိုး ကျရောက်ချိန်ကို “ကပ်”ဟု ခေါ်သည်။

  • ၁။ သတ္ထန္တရကပ် (ဓား၊ လှံ၊ လေး၊ မြား၊ သေနတ်၊ အမြောက် စသော လက်နက်များဖြင့် သတ်ဖြတ် ကြ၍ သေကျေ ပျက်စီးရာ ကာလ)
  • ၂။ ရောဂန္တရကပ် (အနာရောဂါ နှိပ်စက်၍ သေကျေပျက်စီးရာ ကာလ)
  • ၃။ ဒုဗ္ဘိက္ခန္တရကပ် (အစာရေစာ ငတ်မွတ်ခေါင်းပါး၍ သေကျေပျက်စီးရာ ကာလ)

ရပ်ပြစ်

[edit]

မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တို့ကို မရနိုင်ခြင်းဟု ဆိုအပ်သော အပြစ်များရှိသော အရပ်ကို ရပ်ပြစ်ဟု ခေါ်သည်။

ရပ်ပြစ် ရှစ်ပါး

[edit]
  • ၁။ ငရဲ
  • ၂။ တိရစ္ဆာန်
  • ၃။ ပြိတ္တာ
  • ၄။ အသညသတ်နှင့် အရူပဗြဟ္မာ (ခန္ဓာကိုယ်ရှိသော်လည်း စိတ်မရှိသော ဗြဟ္မာနှင့် စိတ်သာရှိ၍ ခန္ဓာကိုယ်မရှိသော ဗြဟ္မာများ။ ၄င်းတို့သည် ဘုရားပွင့်သော်လည်း တရားမနာနိုင်ကြ၍ ရပ်ပြစ်ရှစ်ပါး၌ ကျရောက်နေသူများ ဖြစ်ကြသည်။)
  • ၅။ ပစ္စန္တရစ် (ဘုရားရှင်နှင့် ရဟန်းတော်များ မရောက်နိုင်သော အစွန်အဖျား အရပ်ဒေသ)
  • ၆။ မိစ္ဆာဒိဋ္ဌိ (တရားမှန်ကို မသိဘဲ မှားသော အယူရှိသူ)
  • ၇။ တရားကို နားလည်လောက်သော ဉာဏ်မရှိသူ
  • ၈။ သာသနာပ ကာလ၌ လူဖြစ်ရသူ။

ရန်သူ

[edit]

မိမိအကျိုး ပျက်ပြားအောင် ပြုလုပ်သောသူကို ရန်သူ ဟုခေါ်သည်။

ရန်သူမျိုးငါးပါး

[edit]
  • ၁။ ရေ
  • ၂။ မီး
  • ၃။ မင်းဆိုး
  • ၄။ ခိုးသူ
  • ၅။ အမွေခံ သားသမီးဆိုး။

ဝိပတ္တိ

[edit]

ဖောက်ပြန်ခြင်းကို ဝိပတ္တိဟု ခေါ်သည်။

ဝိပတ္တိတရားလေးပါး

[edit]
  • ၁။ ကာလဝိပတ္တိ (မင်းဆိုး၊ မင်းယုတ် အုပ်စိုးသောကာလ)
  • ၂။ ဂတိဝိပတ္တိ (အပါယ်လေးပါး၌ ဖြစ်ရခြင်း)
  • ၃။ ဥပဓိဝိပတ္တိ (ကိုယ်အင်္ဂါကြီးငယ် ချို့တဲ့ခြင်း)
  • ၄။ ပယောဂဝိပတ္တိ (လုပ်ဆောင်မှု မှားယွင်းခြင်း)

ဗျသန

[edit]

ပျက်စီးဆုံးပါးခြင်းကို ဗျသနဟု ခေါ်ပါသည်။

ဗျသနတရားငါးပါး

[edit]
  • ၁။ ဉာတိဗျသန (ဆွေမျိုးသားချင်းများ ပျက်စီးခြင်း)
  • ၂။ ဘောဂဗျသန (စည်းစိမ်ဥစ္စာ ပျက်စီးခြင်း)
  • ၃။ ရောဂဗျသန (အနာရောဂါနှိပ်စက်၍ ပျက်စီးခြင်း)
  • ၄။ သီလဗျသန (ကိုယ်ကျင့်သီလ ပျက်စီးခြင်း)
  • ၅။ ဒိဋ္ဌိဗျသန (အယူလွဲမှား၍ ပျက်စီးခြင်း)

မဂ်၊ ဖိုလ်

[edit]

နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော တရားလမ်းကို မဂ်ဟု ခေါ်သည်။

မဂ်၏ အကျိုးတရားကို ဖိုလ်ဟု ခေါ်ပါသည်။

နိဗ္ဗာန်

[edit]

ဒုက္ခခပ်သိမ်းတို့၏ ကုန်ဆုံးရာ အေးငြိမ်းချမ်းသာသော သဘောကို နိဗ္ဗာန်ဟု ခေါ်သည်။