သံပျင်ရင်ကောင်ဘုရား ကျောက်စာ

From Wikisource
Jump to navigation Jump to search
သံပျင်ရင်ကောင်ဘုရားကျောက်စာ  (သက္ကရာဇ် ၅၆၄) 
by သံပျင်ရင်ကောင်

၁၊၂၊၃၃၊၁။
၆ ...“ထိုဝ်သိုဝ်
၇ လှူ၎္တမူရကာ သံပျင်ရင်ကောင် ဖုရှာသ္ခိင်နှင်
၈ အကွသော က္လျောင်ကိုဝ်ပ္လုရှုယ် အသ္ခိင်ဖ္လစ်သော စေသူ
၉ မင်ကြီကိုဝ် ရေစင်၎္တတိုက်လိယ်ရကာ မင်ကြီ အသျင်
၁၀ မင်ကြီလေ ရေစင်၎္တသွန်ရှုယ် အနုမောတနာ
၁၁ ခဝ်တဝ်မူ၏ ထိုဝ်သိုဝ်သော င်္သဿရာဟူ
၁၂ သောဆင်ရယ်မှ လွတ်ခ္လျင်ရကာ သံပျင်ရင်‌ေ
၁၃ ကာင်က္လောင်နှိုက် ရတ္တနာ ၃ ပါသတို၏ ပစ်
၁၄ စေည် ဖ္လစ်စိမ်သောငှာ လဲလှူ၏”

[ထိုသို့လှူတော်မူရကား သံပျင်ရင်ကောင် ဘုရားသခင် နှင့်အကွသော ကျောင်းကိုပြု၍ အသခင်ဖြစ်သော စည်သူမင်းကြီးကို ရေစင်တော်တိုက်လေရကား အရှင် မင်းကြီးလည်း ရေစင်တော်သွန်း၍ အနုမောဒနာ ခေါ်တော်မူ၏။ ထိုသို့သော သံသရာဟူသောဆင်းရဲမှ လွတ်ချင်ရကား သံပျင်ရင်ကောင်ကျောင်း၌ ရတနာ ၃ပါးသောတို့၏ ပစ္စည်းဖြစ်စိမ့်သောငှာ လယ်လှူ၏။]

၁၊၂၊၃၃၊၂။
၁၈ “ဖ္လက်ဆီကုန်ရစ်သသူကာ မ္လေယ်ပုံ
၁၉ လုံမျှသောဖုရှာတိုဝ်ခ္လွတ်ရုယ် မက္လွတ်ပါ
၂၀ သော လူပြိတ်တာလျှံလျင် ဖ္လစ်ေ(စ)သတေ
၂၁ အကံဖါ၂ဿဖုရှာလေ မဖူ အပ္လစ် ၈ပါ
၂၂ လေ ရောက်စေသတေ။ ဝ။”

[ဖျက်ဆီးကုန်ရစ်သသူကား မြေပုံလုံးမျှသောဘုရားတို့ ချွတ်၍ မကျွတ်ပါသော လူပြိတ္တာလျှံလျင် ဖြစ်စေသတည်း။ အကမ္ဘာဘာသော ဘုရားလည်းမဖူး၊ အပြစ် ၈ပါးလည်း ရောက်စေသတည်း။]


This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse