သံပျင်ဇေယျသူဌေး ကျောက်စာ

From Wikisource
Jump to navigation Jump to search
သံပျင်ဇေယျသူဌေးကျောက်စာ  (သက္ကရာဇ် ၆၅၆) 
by သံပျင်ဇေယျသူဌေး

၁၊၂၊၁၇၈၊၁။
“ဤယ်အလှူကိုဝ် စောင်မမုသသုကာ ငာနှ
င်ထပ်တု ရစပါစိယ်သဧ။ ဤအလှုကိုဝ် အတြယ်မုသော သုကာ ဖုရှာအ
ဖ္လစ်၂လျှင် အယင်သုကာ နာလျှင်မကြာစိယ်သတေ။ အဝစိယ်စသော ပ
ည်စာအာနန်တြိတ် ည်စာအာနန်တြိတ်လျှင် ည်စာအာနန်တြိတ် နှစ်စိယ်သတေ။ ။”

[ဤအလှူကို စောင်မမူသောသူကား ငါနှင့်ထပ်တူရစ ပါစေသော၏။ ဤအလှူကို အန္တရာယ်မူသောသူကား ဘုရားအဖြစ် ဖြစ်လျှင် အယင်းသူကား နားလျှင်မကြား စေသတည်း။ အဝီစိစသော ပဉ္စာနန္တရိက်လျှင် နှစ်စေ သတည်း။]

၁၊၂၊၁၇၈၊၂။
၁၈“နောင်အခာ ဤကောင်မှုကိုဝ်၊ အန်တရယ်
၁၉ မုသသူကာ၊ အဝီစိစသော၊ အပဲငရယ်နှိုက်၊ က္လစိယ်လိယ်
၂၀ သတေ၊ ဤကောင်မှုကိုဝ်၊ ခီပင်ပါသောသူတိုဝ်ကာ၊
၂၁ ပုရှာခီမွှံသအက္လိုဝ်သည်၊ ငာနှင်ထပ်တူ ရပါစိယ်ကုန်ဧ”

[နောင်အခါ .. ဤကောင်းမှုကို အန္တရာယ်မူသသူကား အဝီစိစသော အပါယ်ငရဲ၌ ကျစေလေသတည်း။ ဤ ကောင်းမှုကို ချီးပင့်ပါသောသူတို့ကား ဘုရားချီးမွမ်း သောအကျိုးသည် ငါနှင့်ထပ်တူ ရပါစေကုန်၏။]

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse