Jump to content

သောရေယျတ္ထေရဝတ္ထုဂါထာ

From Wikisource

၃-စိတ္တဝဂ်

၉-သောရေယျတ္ထေရဝတ္ထုပါဠိဂါထာ

၁၃၉။န တံ မာတာ ပိတာ ကယိရာ, အညေ ဝါပိ စ ဉာတကာ၊
သမ္မာပဏိဟိတံ စိတ္တံ, သေယျသော နံ တတော ကရေ။

မာတာ၊ မွေးသမိခင်, ကျေးဇူးရှင်သည်။ တံ ကာရဏံ၊ တစ် ဘဝတစ်ခါ, ကြီးပွားရာဖို့, လျော်စွာမြော်တောင်း, ထိုအကြောင်း ကို။ န ကယိရာ၊ ကရုဏာရှု, မေတ္တာရှုလည်း, အမှုပိုင်ပိုင်, မပြုနိုင် ရာ။ ပိတာ၊ မွေးသဖခင်, ကျေးဇူးရှင်သည်။ (တံ ကာရဏံ၊ ကို။ န ကယိရာ၊ ရာ။) အညေ၊ မိဘမှတစ်ပါး အခြားကုန်သော။ ဉာတကာ ဝါ ပိ၊ သွေးသားစပ်လျဉ်း, ဆွေရင်းမျိုးရင်းတို့သည်လည်း။ (တံ ကာရဏံ၊ ကို။ န ကယိရုံ၊ ကုန်ရာ။) သမ္မာပဏိဟိတံ စိတ္တံကုသိုလ်ပြုရန်, တွေ့ကြုံပြန်လျှင်, မှန်ကန်ရိုးသား, ထားအပ်သော စိတ်သည်။ နံ (ပုရိသံ)၊ ကိုယ်မှုနှုတ်မှု, စိတ်မှုပျော့ပျောင်း, ထိုသူ တော်ကောင်းကို။ တတော၊ မိဘဆွေဉာ, မပြုသာအောင်, များစွာ ခက်တောင်း, ထိုအကြောင်းထက်။ သေယျသော၊ တစ်ဘဝမက, သံသရာကျလည်း, သုခတွေဖြိုး, သာ၍တိုးအောင်။ ကရေ၊ လူ၏ နောက်၌, အရိပ်လိုက်သို့, စိုက်စိုက်မကွာ, ပြုနိုင်ရာသတည်း။ (ပါ-၄၃)

သေယျသော။ ။ “ဝရတရံ”ဟု ဖွင့်သဖြင့် သေယျ၌ ဣယပစ္စည်း ဝိသေသအနက်၌ ဖြစ်ကြောင်းကို ပြသည်၊ သောပစ္စည်း၏ အနက်ကို မပြ သဖြင့် “သံဝဏ္ဏနာ, ဖွင့်ဆိုရာဝယ်, ရှိတာမပြ, အနတ္ထ”နှင့်အညီ သော ပစ္စည်း အနက်မရ, သကတ္ထတည်း၊ ထိုကြောင့် “ဝိသေသေန+ပသတ္ထော သေယျော၊ သေယျော ဧဝ သေယျသော”ဟု ပြုပါ၊ အဗျယပုဒ်ဖြစ်၍ ထိုနောင် ဒုတိယာအံဝိဘတ်ကျေသည်။ (ဝိဗော၊၅၄)

တစ်နည်း။ ။ သောပစ္စည်းဟု မယူဘဲ သော ဝါသုတ်၌ “သော”ဟူ သော ယောဂဝိဘာဂဖြင့် အံဝိဘတ်ကို သောပြုထားသည်ဟု ကြံပါ။ (ဝိဗော၊၅၄) (တစ်နည်း) “လဟုတော သကတ္ထေ သ(နီတိ-၈၃၉)”သုတ်ကို မှီ၍ သကတ္ထ၌ သပစ္စည်းဟုလည်း ကြံနိုင်သေး၏၊ ရှေ့ဆုံးနည်းအတိုင်း ဝိဂြိုဟ်ဆို၍ ရှေ့ဂါထာမှ ပါပိယောကဲ့သို့ ဒုတိယာအနက်၌ ပဌမာသက်၊ (တစ်နည်း) ဝိဘတ္တိဝိပလ္လာသကြံပါ။

သောရေယျတ္ထေရဝတ္ထုဂါထာနိဿယပြီးပြီ။

စိတ္တဝဂ်ဂါထာနိဿယပြီးပြီ။