သူကြွယ်ငစွေသင်ဘုရားကြီး ကျောက်စာ

From Wikisource
Jump to navigation Jump to search
သူကြွယ်ငစွေသင်ဘုရားကြီးကျောက်စာ  (သက္ကရာဇ် ၆၀၂) 
by သူကြွယ်ငစွေသင်

၁၊၂၊၁၀၇၊၁။
...“ဤကျွန် ၅ယောက်ကို
ဝ် ပုရှာကိုဝ်ငာလှူသော ပုရှာကြီကိုဝ် လုပ်က္လုည် လုပ်က္လုည်စိယ်
သော က္လောင်အစုတ်လေ အတွင်လေ ဖာစိယ်သော”

[ဤကျွန် ၅ယောက်ကို ဘုရားကို ငါလှူသော၊ ဘုရားကြီး ကို လုပ်ကျွေးစေသော၊ ကျောင်းအစုတ်လည်း အတွင်း လည်း ဖာစေသော။]

၁၊၂၊၁၀၇၊၂။
၁၀“ဤငာပ္လုသ ကောင်မှုကီုဝ် ဖျက်သသူကာ လိယ်
၁၁ သောင် မ္လိယ်ပုံလုံမျှ ကြုမ်မကလျှင် အဝစိယ်မည်သောငာရဲကြိတွင်
၁၂ ကျက်စိယ်သတေ အကမ္ဘာ ၂သော ပုရှာလေ မဖူစိယ်သတေ စာခ္လင်
၁၃ လျက် မစာရတတ် သောက်ခ္လင်လျက် မသောက်ရတတ်ပုရှာတကာ
၁၄ ကာ မခ္လွတ်နိုင် ၆ ပြိတ္တာကြီလျှင် ဖ္လစ်စိယ်သတေ”

[ဤငါပြုသော ကောင်းမှုကို ဖျက်သသူကား လေးသောင်း မြေပုံလုံးမျှကျုံးမကလျှင် အဝီစိမည်သော ငရဲကြီးတွင် ကျက်စေသတည်း။ အကမ္ဘာဘာသော ဘုရားလည်း မဖူးစေသတည်း။ စားချင်လျက်မစားရတတ်၊ သောက် ချင်လျက် မသောက်ရတတ်၊ ဘုရားတကာကာ မချွတ်နိုင်သော ပြိတ္တာကြီးလျှင် ဖြစ်စေသတည်း။]

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse