သီရိဝဍ္ဎနာအမတ်ကြီးနှင့်မင်းသမီးမင်းစောလတ် ကျောက်စာ

From Wikisource
Jump to navigation Jump to search
သီရိဝဍ္ဎနာအမတ်ကြီးနှင့် မင်းသမီးမင်းစောလတ်ကျောက်စာ  (သက္ကရာဇ် ၆၃၆) 
by သီရိဝဍ္ဎနာအမတ်ကြီးနှင့်မင်းသမီးမင်းစောလတ်

၁၊၂၊၁၆၃၊၁။
၁၀“စည်စိမ်ခံစသောခာနှုက် မ္လတ်စွာသ မင်သမိအစဝ်လေ ငဣမ်ချင်ဖ္လစ်လိုဝ်သတေ သာလေ
၁၁ ငသာ မ္လိယ်လေငမ္လိယ် မ္လိစ်လေငမ္လစ် ဖ္လစ်စိယ်သတေ။”
[စည်းစိမ်ခံစားသောခါ၌ မြတ်စွာသော မင်းသမီးအစော လည်း ငါ့အိမ်ချင်း ဖြစ်လိုသတည်း။ သားလည်း ငါ့ သား၊ မြေးလည်းငါ့မြေး၊ မြစ်လည်းငါ့မြစ် ဖြစ်စေ သတည်း။]

၁၊၂၊၁၆၃၊၂။
၁၁“ဤငာလှူသော လဲ ကျွန် ဥယေန်ခပ်သိမ်ကို
၁၂ ဝ်အရိယ်အရံ ယူရစ်စိယ်သတေ မ္လိယ်မ္လစ်တိုဝ်သည်မူလေ ဖုန်ကြီရုယ် ကောင်သနှလုမ်ဖ္လင် သတ္ထာရု
၁၃ ယ် ဤငာလှူသော လဲ ကျွန် ဥယေန်ထက်အသစ်လျှင်လဲ ကျွန် ဥယန် လှူလှောက်ရစ်အံ ထိုဝ်သိုဝ်သော
၁၄ မ္လိယ်မ္လစ်ကာ ငာလှူသောအက္လိုဝ်ထက် အသင်ခိုယ် အသင်ခိုယ်တိုင် ဩာင်သ အက္လိုဝ်ရစိယ်သတေ ဤသိုဝ် ငာမ္လိ
၁၅ ယ် ငာမ္လစ် အရိယ်အရံယုသည်ကိုဝ် စောင်မချင်ပါသသူကာ ဆိုဝ်ငြယ်ဟူသည် နာဖ္လင်လျှင် မဂြါ
၁၆ စိယ်သတေ”

[ဤငါလှူသော လယ်၊ ကျွန်၊ ဥယျာဉ်ခပ်သိမ်းကို အရေးအရံ ယူရစ်စေသတည်း။ မြေးမြစ်တို့သည်မူလည်း ဘုန်းကြီး၍၊ ကောင်းသောနှလုံးဖြင့်သဒ္ဓါ၍ ဤငါလှူ သော လယ်၊ ကျွန်၊ ဥယျာဉ်ထက်အသစ်လျှင် လယ်၊ ကျွန်၊ ဥယျာဉ် လှူလှောက်ရစ်အံ့။ ထိုသို့သောမြေးမြစ် ကား ငါလှူသောအကျိုးထက် အသင်္ချေတိုင်အောင်သော အကျိုးရစေသတည်း။ ဤသို့ငါ့မြေး ငါ့မြစ် အရေးအရံ ယူသည်ကို စောင်မချင်ပါသောသူကား ဆင်းရဲဟူသည် နားဖြင့်လျှင် မကြားစေသတည်း။]

၁၊၂၊၁၆၃၊၃။
၁၆“ဤငာကောင်မှုကိုဝ် ဖျက်ဆီသသူကာ ညောင်ဥိကမ်ပါစသော သိရိပစ္စရာတိုင်ဩင်
၁၇ မ္လိယ်အလုမ်လျှင် ကြုမ်မကလျှင် ပုရှာဖ္လစ်စိယ် ထိုဝ်သိုဝ်သောပုရှာနှိုက် ချမ်သာဟူသည်
၁၈ နာဖ္လင်လျှင် မကြာစိယ်သတေ အဝီစိမည်သော ငရယ်ကြီနှိုက်လျှင် သံသရာ၏သစ်ငုတ်လျှင်
၁၉ ဖ္လစ်စိယ်သတေ။ ၀ ။”

[ဤငါ့ကောင်းမှုကို ဖျက်ဆီးသသူကား ညောင်ဦးကမ်းပါး စသော သီရိပစ္စရာတိုင်အောင် မြေအလုံးလျှင် ကျုံးမက လျှင် ဘုရားဖြစ်စေ၊ ထိုသို့သောဘုရား၌ ချမ်းသာ ဟူသည် နားဖြင့်လျှင် မကြားစေသတည်း။ အဝီစိ မည်သော ငရဲကြီး၌လျှင် သံသရာ၏ သစ်ငုတ်လျှင် ဖြစ်စေသတည်း။]

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse