သီပေါမင်းသားမှ ထိပ်စုဘုရားလတ်ထံပေး တေးထပ် (၁)

From Wikisource
Jump to navigation Jump to search
သီပေါမင်းသားမှ ထိပ်စုဘုရားလတ်ထံပေး တေးထပ် (၁)
by သီပေါမင်း

သီဟာပျံဆောင်ကြာသိုက်၊
နောင်ရာရိုက်စိုးတင့်စေ၊
တောင်ညာတိုက် ကိုးလင့်နေရယ်၊
ရိုးနှင့်မြေပြာကျ။
ဇေယျတုသာပန်းဆင်သည်၊
ညာနန်းခင် တောင်းဆုပန်သ။

မင်းသားအတွက် အစစ်မှန်တယ်၊
ဆယ့်ရှစ်တန်ဘာဂ၊
သက္ကစ္စံဂါရဝငယ်နှင့်၊
အာစာရ တောင်တော်။
သူ့ထံ ခုအံကျက်ပါလို့၊
စုပြန်ဆက်ရွက် ပထမအကျော်။

ရွှေနန်းက ဗဟိုရပ်ဆော်လျှင်၊
တစ်ကိုယ်တော်ပွေခင်းနှင့်၊
ဖြေရင်းပ မသက်သာ၊
စုစုမျက်နှာ။
တစိမ့်စိမ့်မြင်ချေပါလျှင်၊
တအိန့်အိန့်ကြင်စေတနာငယ်၊
သင်ရွှေစာပျက်လွန်းလို့ လေး။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.