သိမ်မျိုးစုံမဟာဋီကာ/အခွန်သီးပမာဏမဖြစ်၊ နယ်သီးပမာဏဖြစ်ကြောင်း ပြဆိုခန်း

From Wikisource
Jump to navigation Jump to search
သိမ်မျိုးစုံမဟာဋီကာကျမ်း by ကျွန်းရွာတောရဆရာတော်
၁၁။ အခွန်သီးပမာဏမဖြစ်၊ နယ်သီးပမာဏဖြစ်ကြောင်း ပြဆိုခန်း

     ဤအရာ၌ တစ်ခုခုသော နယ်သီး နယ်ခြားရှိသော ရွာအများကို တစ်ဦးသော သူကြီးသာ ခိုင်စားရာ၌ ထိုသူကြီး တစ်ဦးပိုင်ရွာအများကို သံဃာကုန် သိမ်းရမည်၊ သိုမဟုတ် တစ်ခုခုသော ရွာ၏ မိမိတို့နယ်သီး ဂါမသီးဖြစ်၍ မိမိတို့သိမ်သမုတ်လိုရာ တစ်ခုသော ဂါမခေတ်အတွင်းရှိ သံဃာကို သိမ်းရမည်လော-ဟု ငါတို့ထံ ရှေးအခါက တောင်သာမြို့နယ် စရပ်ကြီးရွာ ဘုန်းကြီး အများတို့ လျှောက်ထားဖူးရာ သိမ်သမုတ်လိုသော ရွာခေတ် အတွင်းရှိ သံဃာကို သိမ်းရမည်။ တစ်ဦး သူကြီးပိုင်သည်ကို ပမာဏပြု၍ ၎င်းသူကြီးပိုင် ရွာအများရှိ သံဃာဟူသမျှ မသိမ်းရ။ သဗ္ဗညုမြတ်စွာဘုရားသခင်သည် နယ်သီးကိုသာ ပဓာနပြု၍ ဟောတော်မူသည်။ အခွန်သီးကို အရိပ်အမြွက်မျှ ဟောတော်မမူ။ ဝိသုံဂါမပြ အဋ္ဌကထာကြီးတို့၌ နယ်သီးကိုသာ ဖွင့်တော်မူသည်။ အခွန်သီးကို ဖွင့်တော်မမူ။ ဒုတိယဂါမပရိစ္ဆေဒကို အဋ္ဌကထာဆရာ ဗလိံ လဘန္တိ-ဟု အခွန်သီးမှုကို ဆိုပေသမှု အခွန်သီးက နယ်သီးကြောင်း ပြတော်မူလို၍သာဆိုသည်။ အခွန်သီးမှ ဂါမခေတ်ဖြစ်ကြောင်း အရိပ်အမြွက်မျှ မပြ။ မိုင်းခိုင်းဆရာတော်နှင့် ကျီဝန်ဆရာတော်တို့ မိန့်တော်မူကြသတည်း။ ။