သိမ်မျိုးစုံမဟာဋီကာ/သမ္မတောပုဒ် စိစစ်ခန်း

From Wikisource
Jump to navigation Jump to search
သိမ်မျိုးစုံမဟာဋီကာကျမ်း by ကျွန်းရွာတောရဆရာတော်
၅၈။ သမ္မတောပုဒ် စိစစ်ခန်း

     သမ္မတော- ဟူသောပုဒ်မှာ (မ္မ) နှစ်လုံးဆင့်နှင့် (န) မပါပဲ သမ္မတောဟူ၍လည်းကောင်း၊ သမ္မန္နိတောဟု (မ္မ) နှစ်လုံးဆင့် (န္န) နှစ်လုံးဆင့်နှင့်လည်းကောင်း၊ (မ္မ) နှစ်လုံးဆင့် (န)တစ်လုံးနှင့် သမ္မနိတော ဟူ၍လည်းကောင်း၊ ဝဂ္ဂန္တမပြုပဲ နိဂ္ဂဟိတန္တနှင့် သံမတော၊ သံမန္နိတော၊ သံမနိတော ဟူ၍လည်းကောင်း၊ နိဂ္ဂဟိတန္တ ဝဂ္ဂန္တတို့မပါဘဲ သမတော၊ သမန္နိတော၊ သမနိတော ဟူ၍လည်းကောင်း၊ ကျောက်စာ ပေစာ စာအုပ်တို့၌ စာအမျိုးမျိုးရှိ၏။

     ဤသို့ကွဲပြားရာမှာ မောဂ္ဂလာန်၊ ရူပသိဒ္ဓိ၊ သဒ္ဒနီတိ၊ အဘိဓာန် ဋီကာစသည်တို့နှင့် ကစ္စည်းကျမ်း နျာသကျမ်း စသည်တို့၌ ရုပ်ပြီးပုံကို သာဓကပြု၍ အမှန်အကန် သိကြရာသည်။

     မန-ဉာဏေ သံပုဗ္ဗော၊ ဘုဓဂမာဒိဋ္ဌေ၊ ကတ္တရီတိ "တ"ပစ္စယေ၊ သမ္ပတ္တေ ဣမိနာ ကမ္မနိ "တ"ပစ္စယော၊ ဂမခနာတိ အာဒိနာ ဓာတွန္တ လောပေါ၊ ရညာ သမ္မတောဟု ရူပသိဒ္ဓိသုတ် ၆၃၅၌ မိန့်သော ကြောင့်လည်းကောင်း၊ ဟနိတုံ သရိတော ဟတော သတော ဟု တစ်ခုသော ရုပ်ကိုပင် မူလပြယုဂ် ကိံ ပြယုဂ်အဖြစ်ဖြင့် သဒ္ဒနီတိ၌ ထုတ်ဆိုသောကြောင့်လည်းကောင်း၊ ကစ္စည်းကျမ်း၌ ဂမိတော သရိတော မူလပြယုဂ်၊ ဂတော သတော ကိံ ပြယုဂ်ဟု နမကာရာနမန္တာနံ နိယုတ္တတမှိ သုတ်၌ တစ်ခုသောရုပ်ကို မူလပြယုဂ် ကိံ ပြယုဂ်ထုတ်သည်ကို ဒိဋ္ဌတွေ့မြင်သောကြောင့်လည်းကောင်း၊ နမကာရာနမန္တာနံနိယုတ္တတမှိ ဟူသောသုတ်၌ သမ္မနိတော၊ သမန္နိတောမူလပြယုဂ်၊ သမ္မတော ကိံ ပြယုဂ်ဖြစ်သင့်သည်မှာ သဒ္ဒသတ္ထဝိဒူ မှန်က သိနိုင်ရာသောကြောင့်လည်းကောင်း၊ ဝ၀တ္ထိတဝိဘာသတ္ထောယံ ဝါသဒ္ဓေါ တေန တဏှင်္ကရော၊ ရဏဉ္ဇဟော၊ သဏ္ဍိတော၊ဇုတိန္ဓရော၊ သမ္မတောတိ အာဒီသု နိစ္စံ-ဟု ဝဂ္ဂန္တံ ဝါ ဝဂ္ဂေသုတ်အဖွင့် ရူပသိဒ္ဓိ၌လာသောကြောင့် လည်းကောင်း သမ္မတောမှာ သံရှေးရှိသော မနဓာတ် တပစ္စည်း ဓာတွန် "န" ကိုချေ၊ သထက်၌ နိဂ္ဂဟိတ်ကို အမြဲဝဂ္ဂန္တ "မ"ပြု၍ အမြဲဝဂ္ဂန္တ"မ"နှင့် ကိံ ပြယုဂ်ဖြစ်သင့်သော သမ္မတော ရုပ်ပြီးပုံကို ရူပသိဒ္ဓိ၌ နီတတ္ထ ဥဇုကတ္ထ မုချတ္ထ ပြသောကြောင့် သိမ်နုတ်ဉတ် ကမ္မဝါစာနိဂုံးတို့၌ သမ္မတောဟု ဝဂ္ဂန္တ "မ" သံယုဂ်နှင့် ဓာတွန်ကျေလျှက်လည်းကောင်း၊ ဓာတွန် မကျေပဲ သမနိတော ဟူ၍လည်းကောင်း၊ စီဝရစေတာပန္နံ ပုဒ်ကဲ့သို့ ဓာတွန်မကျေပဲ "န" လာ၍ "မ္မ" သံယုတ် "န္န" သံယုတ်တို့နှင့် တကွ သမ္မန္နိတောဟူ၍ လည်းကောင်း၊ ရူပသိဒ္ဓိမှ တပါးသော ကစ္စည်းကျမ်း စသည်တို့၌ သမ္မတော,ပုဒ် စသည်မှာ နိစ္စဝိဓိအဖြစ်ဖြင့်"မ"လာသည်ဖြစ်၍ အနိစ္စဝိဓိလည်း ဖြစ်ရာသောကြောင့် သံမတော သံမန္နိတော-ဟူ၍လည်းကောင်း သံမနိတော ဟူ၍လည်းကောင်း၊ ဗျဉ္စနေစသုတ်၏ အစီအရင်လည်း ဖြစ်သင့်သည်ကိုထောက်၍ သမတော သမန္နိတော သမနိတော ဟူ၍လည်းကောင်း၊ ရှိသင့် ဖတ်သင့်သည်ကို သိအပ်၏-ဟု သုဒသနဓဇအတုလဓိပတိ သီရိပဝရ မဟာဓမ္မရာဇာဓိ ရာဇဂုရု ပဉ္စမ ဘွဲ့တံဆိပ်တော်ရ ကျမ်းတတ်ကျမ်းပြု ကမ္ဘာကျော် စံကျောင်းဆရာတော်ဘုရားကြီး အမိန့်တော်ရှိသတည်း။ ထို့ ကြောင့် ဤသမ္မတောအရာ၌ သိမ်နုတ်ဥတ်ကမ္မဝါအရာမှာ (၉) ကြိမ်ပြင်၍ ဖတ်တော်မူ သတည်း။ ထို စံကျောင်းဆရာတော်ဘုရားကြီး သိမ်နုတ်သိမ်သမုတ်ပုံ စာတန်းသည် ငါတို့နှင့်တကွ ငါတို့ တပည့် သားမြေး အစဉ်အဆက် လက်ထဲတွင် အမြဲလက်ကိုင်ရှိသတည်း။