သိမ်မျိုးစုံမဟာဋီကာ/ပယ်အရ ပါဠိ အဋ္ဌကထာ ဋီကာစုံ ယူပုံပြခန်း

From Wikisource
Jump to navigation Jump to search
သိမ်မျိုးစုံမဟာဋီကာကျမ်း
by ကျွန်းရွာတောရဆရာတော်
၇။ ပယ်အရ ပါဠိ အဋ္ဌကထာ ဋီကာစုံ ယူပုံပြခန်း
347720သိမ်မျိုးစုံမဟာဋီကာကျမ်း — ၇။ ပယ်အရ ပါဠိ အဋ္ဌကထာ ဋီကာစုံ ယူပုံပြခန်းကျွန်းရွာတောရဆရာတော်

     ဧတ္တကော ကရောတိ- စသော စကားကို ကရီသသဒ္ဒါ ပယ်ဟော ဖြစ်သည်ကို သိရာ၏။ ဝိနိစ္ဆယဋီကာ၌ ကရီသသဒ္ဒါကား ယခုကာလ ရှေးကပယ်ဖြင့် ပိုင်းခြားပေးပုံ ပယ်အရ ပိုင်းခြားသိသူ နည်းပါးလှ၍ ပယ်အရကို ရေးဦးအံ့။

          ဓနုပဉ္စသတံ ကောသော၊ ကရီသံ စတုရမ္ဗဏံ။
          အဗ္ဘန္တရံ တု ဟတ္ထာန၊ မဋ္ဌဝီသ ပမာဏတော။
               (အဘိဓာန် ဘူမိဝဂ်အဆုံး ဂါထာ၊ ၁၉၇။)

     ကုလ,လေးတာ အပြန် (၅ဝဝ) ငါးရာကို တစ်ကောသ ခေါ်သည်။ လေးအမ္ဗဏ မျိုးကြဲလောက်သော အရပ်ကို (၁)ပယ်ခေါ်သည်။ (၂၈) တောင်ပမာဏကို (၁ )အဗ္ဘန္တရခေါ်သည်။ (ဤကားအနက်)