သိမ်မျိုးစုံမဟာဋီကာ/ပဒပရိဟီနဋီကာ ပြခန်း

From Wikisource
Jump to navigation Jump to search
သိမ်မျိုးစုံမဟာဋီကာကျမ်း
by ကျွန်းရွာတောရဆရာတော်
၈၀။ ပဒပရိဟီနဋီကာ ပြခန်း
347819သိမ်မျိုးစုံမဟာဋီကာကျမ်း — ၈၀။ ပဒပရိဟီနဋီကာ ပြခန်းကျွန်းရွာတောရဆရာတော်

     ဤသမာန သံဝါသက သိမ်နုတ်ခန်း၌ ရှေး၌ဆိုအပ်ပြီးရကား ဆိုဖွယ်မရှိပြီ။ သိမ်နုတ်အဝိပ္ပဝါသ ကမ္မဝါစာ၊ သမာနသံဝါသ ကမ္မဝါစာနှစ်ရပ်တို့တွင် အဝိပ္ပဝါသမှာ ပရိပုဏ္ဏကမ္မဝါစာဖြစ်၍ ရေးဖွယ်မရှိ။ သမာနသံဝါသ ကမ္မဝါစာ၌ကား ဉတ်မှာ သမုဟနေယျ ကမ္မဝါစာ၌ သမုဟနတိ၊ ဧတိဿာ သီမာယ၊ နိဂုံး၌ သံဃေန၊ ၎င်းပုဒ်လေးခုတို့နောင် သမာနသံဝါသံ ဧကူပေါသထံ-စသော ဝိသေသန နှစ်ပုဒ်စီတို့သည် အချို့ကမ္မဝါစာတို့၌သာရှိ၍ အချို့သော ကမ္မဝါစာတို့၌ မရှိကုန်။ ငါတို့ရှေးက ခင်းအပ်ပြီးသော ဝဇိရဗုဒ္ဓိဋီကာ သီမာဗန္ဓနကထာတို့ မိန့်ဆိုတိုင်း သီဟိုဠ်ကျွန်းကစ၍ပင် ကွဲပြားခဲ့ပုံရသည်။ ငါတို့လက်ထက်မှာလည်း အချို့သော ပေစာ ရွှေစာ ကမ္မဝါစာ မင်စာတို့မှာသာ ရှိ၍ အချို့မရှိ၊ သို့သော်လည်း ငါတို့ ရေးသားခဲ့အပ်ပြီးသော နည်းအတိုင်း ရှိခြင်းသာ ကောင်းမြတ်သည်နှင့် အပြည့်အစုံပင် ငါတို့ဖတ်ရိုးရှိသတည်း။

     ယောပိ ဉတ္တိဒုတိယကမ္မေ ဧကံ ဉတ္တိံ ဌပေတွာ ဧကံ ကမ္မဝါစံ အနုဿာဝေန္တော အက္ခရံ ဝါ ဆဍ္ဍေတိ၊ ပဒံ ဝါ ဒုရုတ္တံ ကရောတိ၊ အယမ္ပိ အနုဿာဝနံ ဟာပေတိယေဝ။ (ပရိဝါကမ္မဝဂ်အဋ္ဌကထာ ၊၂၄၆။)
     ပဒပရိဟီနဋီကာ ပြီး၏။