သိမ်မျိုးစုံမဟာဋီကာ/ကိစ္စာဓိကရုဏ်းနှင့် သမထ (၁) ပါးသာ ဆိုင်ကြောင်း

From Wikisource
Jump to navigation Jump to search
သိမ်မျိုးစုံမဟာဋီကာကျမ်း
by ကျွန်းရွာတောရဆရာတော်
၉၇။ ကိစ္စာဓိကရုဏ်းနှင့် သမထ (၁) ပါးသာ ဆိုင်ကြောင်း
347836သိမ်မျိုးစုံမဟာဋီကာကျမ်း — ၉၇။ ကိစ္စာဓိကရုဏ်းနှင့် သမထ (၁) ပါးသာ ဆိုင်ကြောင်းကျွန်းရွာတောရဆရာတော်

     ကိစ္စာဓိကရုဏ်းသည် သမ္မုခါဝိနယသမထ တစ်ခုဖြင့်သာ ထ,သတည်း။ ဤအဓိပ္ပာယ်ကို စူဠဝါ သမထက္ခန္ဓက ပါဠိတော်လာ သဗ္ဗညုဘုရား စကားတော်ဖြင့်လည်းကောင်း၊ ၎င်းအဋ္ဌကထာ,ဋီကာ စကားဖြင့်လည်းကောင်း၊ ကင်္ခါဝိတရဏီအဋ္ဌကထာလာ စကားဖြင့်လည်းကောင်း၊ ဤမှတပါးသော ပါဠိ အဋ္ဌကထာ ဋီကာ ကြီး ငယ် တို့ဖြင့်လည်းကောင်း သိကြရာသတည်း။