သပြေညို လေးချိုး
Jump to navigation
Jump to search
သူ့ခေါင်းမှာတဲ့ သပြေညို၊
ငါ့ခေါင်းမှာတဲ့ သပြေညို။
တို့ပြေမှာ တို့မေကမ်းပါတဲ့၊
သပြေညို ရွှေဘိုပန်းဟာက၊
လန်းလျက်ပါကို။
ဘာမလျှော့လေနဲ့၊
လာတော့မကွဲ့ ရွှေဗဟိုရ်၊
လေချိုကအသွေး။
လင်းကြက်အဆော်၊
ကွင်းထက်မှာတူပျော်ပျော်နဲ့၊
စည်တော်ကိုရည်မျှော်မှန်းကာပ၊
ရောင်နီမှာအောင်စည်ရွမ်းရအောင်၊
သပြေညိုရွှေဘိုပန်းရယ်နဲ့၊
လှမ်းကြစို့လေး။ ။
![]() |
This work was published before January 1, 1928, and is in the public domain worldwide because the author died at least 100 years ago. |