သစ္စာရှိသော တပည့်

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၂၃) သစ္စာရှိသော တပည့်
326628ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း — သင်ခန်းစာ (၂၃) သစ္စာရှိသော တပည့်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၃)

သစ္စာရှိသော တပည့်

[edit]

ရှေးအခါက ရွှေဟင်္သာမင်းသည် ရေကန်ကြီးတစ်ကန်တွင် ဟင်္သာများစွာ ခြံရံလျက် ပျော်ရွှင်စွာ ရေကစားလေ့ရှိ၏။

တစ်နေ့တွင် ရွှေဟင်္သာမင်းသည် မုဆိုးတစ်ယောက်၏ ကျော့ကွင်း၌ မိလေ၏။ ဟင်္သာအားလုံး လန့်၍ ပျံသွားကြသည်။ ဟင်္သာငယ်တစ်ကောင်သာ သူ့သခင် ရွှေဟင်္သာမင်းအနီးမှာ ရှိနေခဲ့သည်။

ကျော့ကွင်း၌ မမိသော်လည်း ပျံမပြေးသော တပည့်ဟင်္သာကို မုဆိုးတွေ့ သောအခါ အံ့ဩသွား၏။ အကြောင်းစုံကို မေးမြန်းကြည့်သည်။ ထိုအခါ မုဆိုးသည် တပည့်ဟင်္သာ၏ သစ္စာရှိမှု၊ ရဲစွမ်းသတ္တိရှိမှုတို့ကို သိရှိသွားသည်။

မုဆိုးသည် ဟင်္သာနှစ်ကောင်ကို ချစ်ခင်လေးစားသွားသည်။ ရွှေဟင်္သာမင်း၏ ဒဏ်ရာကို ကို သက်သာအောင် ပြုစုပေးပြီး နှစ်ကောင်လုံးကို ပြန်လွှတ်ပေးလိုက်လေသည်။

ကျေးဇူးရှင် ဆရာ ဆရာမ

[edit]

ဘုရား တရား မြတ်သံဃာ၊
ဦးထိပ်ပန်ဆင်ကာ။
မိဘဆရာ ဆိုစကား၊
အမြဲတို့လေးစား။
သမီးသားတို့ တာဝန်ပေ၊
ကြိုးစားကြဖို့လေ။
ဆရာ ဆရာမတွေက သွန်သင်ပြ၊
ကျေးဇူးကြီးပေစွ။ ။