သစ္စာတိုင် ဒွေးချိုးသဖြန်

From Wikisource
Jump to navigation Jump to search
သစ္စာတိုင် ဒွေးချိုးသဖြန်
by ပဲ့နင်း ဦးနေဦး

ချစ်ခြင်းငယ်ပြိုင်၊
မြစ်မင်းပိုင် အဏ္ဏဝါက
ပြန်တစ်ရာကဲ (ပြန်မသာကဲ)။
ယွင်းစေဝသုန်၊
ငွေဝန်းသော်တာယုန်သို့ ၊
ကမ္ဘာကုန်ကျယ်သရွေ့ငယ်မှာ (ငယ်ကို)၊
ဘယ်မေ့လိမ့်မလဲ (ဘယ်မေ့လိမ့်လဲ)။ ။

မှတ်ချက်

  • ရွှေဘိုမင်းလက်ထက် ပဲ့နင်းဦးနေဦး ရေးသားသည့် "ချစ်သမျှကို" သစ္စာတိုင် ပတ်ပျိုးကလေး (ဂီတဝိသောဓနီမူ) မှ ...
ကွင်းအတွင်းရှိစာသားများမှာ ဦးပြုံးချို၏ မဟာဂီတပေါင်းချုပ်ကျမ်းမှ မူကွဲ ဖြစ်ပါသည်။ ရေးသူအမည် မပါရှိပါ။
အနောက်နန်းမတော် မမြကလေး ရေးသားသည်ဟု သိရှိကြသော်လည်း ဂီတဝိသောဓနီမူအရဆိုလျှင် ရေးသားသူမှာ ပဲ့နင်း ဦးနေဦး ဖြစ်ပါသည်။
PD-icon.svg This work was published before January 1, 1927, and is in the public domain worldwide because the author died at least 100 years ago.