သင်္ကန်းရုံဘုရား ကျောက်စာ

From Wikisource
Jump to navigation Jump to search
သင်္ကန်းရုံဘုရားကျောက်စာ  (သက္ကရာဇ် ၆၀၆) 
by ဗိုလ်သူကြီးသတ္တျာ

“။ ။ နမော သဗ္ဗဗုဒ္ဓာနံ။ ။သကရစ် ၆၀၆ခု အာသတ် နှစ် နတ်၎္တလ
ဆုတ် ရရျက် တနှင်ကနုယ်နိယ်၊ ပိုင်သူကြီ[1] သတ္တျာ မ္လတ်ကြီစွာ မဟာကဿ
ပ စဆွမ်အရှိယ် ပြည်တံခာအရပ်နှိုက် က္လောင်ပ္လုယေ ကူပ္လုရုယ် ထဝယ် ၄ တောင်သော ထဝယ်
ပုရှာပ္လုယေ ပိဋကတ်ပ္လုယေ သ္ခိင်ထေရနိယ်သော စလစ် က္လောင်ကြီပ္လုယေ ခောင်
လေါပ္လုယေ ရိယ်တွင်တုယေ ဤသိုဝ်ငာပ္လုသောကောင်မှုကာ ဖုရှာလေါင်စ
ည်သူမင်ကြီ အမိဖုရှာမရကန်သည် ရစယ်သတေ ဤသိုဝ်မြယ်မြံစွာပ္လုသော
ကောင်မှုကိုဝ် ထိပါသော ဖျက်ဆိသောသူကာ မ္လိယ်ကြီကာအထက် အယင်တိုဝ်
ကာ အဝိစိငငြယ်ခံစိယ်သတေ၊ ဖုရှာအဖ္လစ်ဖ္လစ် မဖုစိယ်သတေ ချတ်သောမျာ
ချတ်သောသာနှင် ကွိယ်ကင်စိယ်”

[နမော သဗ္ဗဗုဒ္ဓါနံ။ သက္ကရာဇ် ၆ဝ၆ ခု အာသန္နီနှစ်၊ နတ်တော်လဆုတ် ၇ရက်၊ တနင်္ဂနွေနေ့ ဗိုလ်သူကြီး သတ္တုာ မြတ်ကြီးစွာ မဟာကဿပ စဆွံ့အရှေ့ ပြည် တံခါးအရပ်၌ ကျောင်းပြု၏။ ဂူပြု၍ ထက်ဝယ် ၄ တောင်သော ဘုရားပြု၏။ ပိဋကတ်ပြု၏။ သခင်ထေရ နေသော စုလစ်ကျောင်းကြီးပြု၏။ ခေါင်းလော(င်း) ပြု၏။ ရေတွင်းတူး၏။ ဤသို့ငါပြုသော ကောင်းမှ ကား ဘုရားလောင်းစည်သူမင်းကြီး အမိဖုရားမြကန် သည် ရစေသတည်း။ ဤသို့မြဲမြံစွာပြုသော ကောင်းမှုကို ထိပါးသော၊ ဖျက်ဆီးသောသူကား မြေကြီးကားအထက် အယင်းတို့ကား အဝီစိငရဲခံစေသတည်း။ ဘုရားအဖြစ် ဖြစ် မဖူးစေသတည်း။ ချစ်သောမယား၊ ချစ်သောသား နှင့် ကွေကင်းစေ။]

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse

  1. * ကြောင်းရေ ၁၀ တွင် ပိုလ်သူကြီးဟုတွေ့ရသည်။