သင်းသေဟဲ့ဆိုသလို ဒွေးချိုး
Jump to navigation
Jump to search
သနင်းဆွေ ကင်းကွေခဲ့သူမို့၊
ပြူတင်းလေ နှင်းငွေသွဲ့ရင်ဖြင့်၊
သင်းသေဟဲ့-ဆိုသလို။
တကိုယ်တည်းဟာမို့၊
ဖိုမီးလှုံလို့ ကွေးသော်လည်း၊
အေးလှလို့ငို။
စနေနံ-ငွေခြင်္သေ့ရယ်နှင့်၊
ရဝေစံ မေခင်ပွေ့ပါလို့၊
ရွှေရင်ငွေ့ မတွေ့လို၊
သွေ့ကိုယ်ဖြင့် မရှိကောင်း။
မချင့်လေ၊
သည်ညဉ့်တာ ရှည်စေလို့၊
ဗြဟ္မာတွေ ကမ္ဘာဘက်စဉ်က၊
ပြက္ခဒိန် သည်လိုရေးခဲ့တယ်၊
ဘေးသင့်တဲ့ဆောင်း။ ။
![]() |
This work was published before January 1, 1928, and is in the public domain worldwide because the author died at least 100 years ago. |