သင်လျင်အိုကပ်သင်ချင် ကျောက်စာ

From Wikisource
Jump to navigation Jump to search
သင်လျင်အိုကပ်သင်ချင်ကျောက်စာ  (သက္ကရာဇ် ၅၇၅) 
by သင်လျင်အိုကပ်သင်ချင်

(မျက်နှာဘက်)

၁၉ ...“လယ် ၂၀၀
၂၀ သော အနက်စပါရသမျှကာ ပုရှာနှင္အ် တရျာကာ ၆
၂၁ ဆ။ သင်္ဃာကာ ၄ဆ။ ဤယ်မျှ ငာခွယ်ဥ
၂၂ ယ်ခသောဟုတ္တာ။” ယ်

[လယ် ၂ဝဝသော အနက်စပါး အနက်စပါး ရသမျှကား ဘုရားနှင့် တရားကား ၆ဆ၊ သံဃာကား ၄ဆ ဤမျှ ငါခွဲဝေ ခသော ဟုတ်တာ။]

(ကျောဘက်)
၁၊၂၊၄၃၊၁။
၃ “ငုယ်ကြုတ် ၁၅ ခု နံသာဝတ်
၄ ပ္လည္အ်ထည္အ်ရုယ္အ်လှူဧအ်။ ငုယ်ပုရှာ ၁၅ ဆူပ္လုဧ
၅ အ်။ သပိတ် ၁၀၀ ဝယ်ရုယ္အ် ထ္မင်ထက်ပ္လည်ထည္အ်
၆ ရုယ္အ် အရည်အာ လှူဧအ်။ ငုယ်ပုရှာလေ(သင်)
၇ အရည်တိုဝ္အ် ရှိယ္အ်ခိုဝ်စိယ္အ်ဟူရုယ် ပိယ်လိုက်
၈ ဧအ်။”

[ငွေကြုတ် ၁၅ခု နံ့သာဝတ်ပြည့်ထည့်၍လှူ၏။ ငွေ ဘုရား ၁၅ဆူ ပြု၏။ သပိတ် ၁ဝဝ ဝယ်၍ ထမင်း ထက်ပြည့်ထည့်၍ အရည်းအားလှူ၏။ ငွေဘုရားလည်း (သင်)အရည်းတို့ ရှိခိုးစေ့ဟူ၍ ပေးလိုက်၏။]

၁၊၂၊၄၃၊၂။
၈ “ရိယ်တွင် ၁ ခု တူဧအ်။ ကန်တူဧအ်။ ကထိ
၉ န်ပစ်ဧအ်။ ပင်သကူအဆူ ၃၀ ပိယ်ဧအ်။ သာ ရ
၁၀ ဟန်မူဧ တရျာဥိနာဧအ်။ ရှုယ်ပုရှာပ္လုဧ။ သာပန်
၁၁ စင်ခံရုယ္အ် တရျာဥိနာသရှဝ် ကျွာန်နွာဥစ်စာ
၁၂ ပိယ်ဧ။ တစ်နှစ်မခြာ အသက်အတိုင် သပိတ် ၁၀၀
၁၃ ထည္အ်ဧအ်။ ရှုယ်ကူပ္လုရုယ် ပိတကတ်အဥိသုံက္လံ တ
၁၄ ရျာ ၃ ဆူ။ သင်ကန် ၃ ဆူ ပိယ်ဧအ်။ သတင်တန်ကုပ်
၁၅ ပ္လုဧ။ အမိလေ ဥိဆိယ်ပိယ်ဧ။ ညောင်နှစ်ပင်စိုက်ရုယ္အ်
၁၆ လွှတ်ဧ။”

[ရေတွင်း ၁ ခု တူး၏။ ကန်တူး၏။ ကထိန်ပစ်၏ ပံ့သကူ အဆူ ၃ဝ ပေး၏။ သား ရဟန်းမူ၏။ တရားဦးနာ၏။ ရွှေဘုရားပြု၏။ သား ပဉ္စင်းခံ၍ တရားဦးနာသရော ကျွန်၊ နွား၊ ဥစ္စာ ပေး၏။ တစ်နှစ် မခြား ၊ အသက်အတိုင်း သပိတ် ၁ဝဝ ထည့်၏။ ရွှေဂူပြု၍ ပိဋကတ်အဦးသုံးကျမ်း၊ တရား ၃ဆူ၊ သင်္ကန်း ၃ဆူ ပေး၏။ သီတင်းတင်းကုပ်ပြု၏။ အမိ လည်း ဦးဆေးပေး၏။ ညောင်နှစ်ပင်စိုက်၍ လွှတ်၏။]

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse