သင်စာ ဖတ်စာ - ၉, ယပင့်၊ ရရစ် ခန်း

From Wikisource
Jump to navigation Jump to search
327965ပထမဆင့် အခြေခံ မြန်မာဖတ်စာ — ၁၄။ သင်စာ ဖတ်စာ - ၉, ယပင့်၊ ရရစ် ခန်း၂၀၁၅ ခုနှစ်ကျောင်းပြင်ပမူလတန်းပညာရေး ဗဟိုအဆင့်လုပ်ငန်းကော်မတီ

သင်စာ - ၉[edit]

ယပင့် ၊ ရရစ် ခန်း

-ျ ြ

ဖတ်ပါ။ ကူးရေးပါ။

ကျ ကျာ ကျား ပြ ပြာ ပြား
ကျိ ကျီ ကျီး ပြိ ပြီ ပြီး
ကျု ကျူ ကျူး ပြု ပြူ ပြူး
ကျေ ကျေ့ ကျေး ပြေ ပြေ့ ပြေး
ကျယ် ကျဲ့ ကျဲ ပြယ် ပြဲ့ ပြဲ
ကျော ကျော့ ကျော် ပြော ပြော့ ပြော်

ဖတ်ပါ။ ကူးရေးပါ။[edit]

ကျား မြေဖြူ ကြော်ငြာ ပျားရည်
ဖျာ ကြာညို မြူးတူး ချူချာ
ကြယ် ကြာဖြူ ပျော်ပါး တိုးချဲ့
ကျယ် ကျူဖျာ အကျိုး ရေချိုး
ကြာ ဝါးဖျာ ချေပ ခြပိုး
ကျေးဇူး ချီးကျူး ကြံစည်
မိုးဦးကျ မြူးတူးပျော်ပါး အပျိုချော ဖြူနီညိုပြာ
သူနာပြု အကျိုးကျေးဇူး မြေးအဘိုး မာရေကြောရေ
ပျားသကာ အမြဲတစေ မြေသြဇာ မေ့မေ့လျော့လျော့
သပြုသီး ခရီးဦးကြို အစားကြူး အစာမကြေ
စပါးကျီ အဖျားရောဂါ

ဖတ်စာ - ၉[edit]

စကားပုံ သတိပြုပါ။
ကျားကြီး ခြေရာကြီး၊
မေးပါများ စကားရ၊
ပျော်ပျော်နေ သေခဲ၊
ကျီစားသန်က ရန်များမည်။
ပျားသကာလို စကားချိုပါ။
မာရေ ကြောရေ မပြောရ၊
ဘကြီးဖြိုးတို့ မြေးအဘိုး လာကြသည်။
ကြာပန်းများ အများအပြား ပါလာ၏။
တိုးချဲ့ လယ်ယာမြေ၊
မြေသြဇာကို ယာထဲချပါ။
လယ်သမားကြီးများ မျိုးစေ့ချပြီးပြီလား
ကျီထဲက မျိုးမြေပဲ ယူခဲ့ပါ။
နေပူ ကျဲကျဲ ပျိုးကြဲကြပြီ။


၁။ အောက်ပါစကားပုံများကို ဆက်ရေးပါ။
(က) ပျော်ပျော်နေ ___
(ခ ) ကျားကြီး ___
(ဂ ) ကျီစားသန် ___
(ဃ) မေးပါများ ___

၂။ အောက်ပါတို့ကို ကူးရေးပါ။
စကားပုံ။
စကားချို။
မိုးဦးလေဦး။
မြူးတူးပျော်ပါး။
မြေးအဘိုး။

၃။ သင့်လျော်သော ခေါင်းစဉ် ရွေးချယ်ပေးပါ။
(က) သတိပြုရန် စကားပုံများ
(ခ ) ဘကြီးဖြိုး၏ စကားပုံများ
(ဂ ) ဘကြီးဖြိုး၏ အမှာစကားများ
၄။ အောက်ပါမေးခွန်းများကိုရေးသားဖြေဆိုပါ။
(က) ဤဖတ်စာတွင် စကားပုံဘယ်နှခုပါသနည်း။
(ခ ) ဘကြီးဖြိုးမည်သည့်အရာများယူဆောင်လာသနည်း။

ရွတ်ဆိုရန်[edit]

ကြက်ဖတိန်ညင်

ကြက်ဖတိန်ညင်၊ တောကိုဝင်
မောင်ရင်လာ၊ လေးနှင့်ပစ်။
မပစ်ပါနှင့်၊ မောင်ရင်ရယ်
ကြက်တက်စူးပါ့မယ်။
ဘယ်ဘက်က စူးစူး။
ညာဘက်က စူးစူး။
ခွပ်လိုက်ကြစို့ သူငယ်ချင်း
အောက်အိအီးအွတ်။
ရှေးကဗျာ



၁။ ရွတ်ဆိုပါ။
၂။ ကဗျာကို ရွတ်ဆိုပြီး ကြက်ဖခွပ်တမ်း ကစားပါ။

ယပင့် ရရစ် လေ့ကျင့်ခန်းများ[edit]

၁။ စာလုံးအမှန်ကို (✔) ခြစ်ပါ။
ပျား၊ ပြား နေကျာ၊ နေကြာ
ကျား၊ ကြား စပါးကျီ၊ စပါးကြီ
ကျယ်၊ ကြယ်

၂။ မှန်သော စာလုံးကို (✔) ခြစ်ပါ။
(၁) နေပူထဲမ ___ ရ။ (၁) ပြေး၊ ပျေး
(၂) အ ___ ရောဂါ ရမည်။ (၂) ဖျား၊ ဖြား
(၃) ငါး ___ ဆီ စားပါ။ (၃) ကျီး၊ ကြီး
(၄) ကြော် ___ လာနေပြီ။ (၄) ငြာ၊ ညာ