သင်စာ ဖတ်စာ - ၂၂, တ သတ်၊ ပ သတ် ခန်း

From Wikisource
Jump to navigation Jump to search
ပထမဆင့် အခြေခံ မြန်မာဖတ်စာ  (၂၀၁၅ ခုနှစ်)  by ကျောင်းပြင်ပမူလတန်းပညာရေး ဗဟိုအဆင့်လုပ်ငန်းကော်မတီ
၂၇။ သင်စာ ဖတ်စာ - ၂၂, တ သတ်၊ ပ သတ် ခန်း

သင်စာ - ၂၂[edit]

တ သတ် ၊ ပ သတ် ခန်း

- တ် -ိ တ် -ု တ်

- ပ် -ိ ပ် -ု ပ်

ဖတ်ပါ။ ကူးရေးပါ။

ကတ် ကိတ် ကုတ်
ချပ် ချိပ် ချုပ်
ကျတ် ကျိတ် ကျုတ် ညှပ်
ကြတ် ကြိတ် ကြုတ် လှပ်
ခတ် ခြတ် ချပ် မှတ်
ဆတ် ပျတ် ပျပ် နှပ်
ရပ် ဖျတ် ဖြပ် ရှပ်
ဝပ် မြတ် မြပ်

ဖတ်ပါ။ ကူးရေးပါ။[edit]

ဇာတ်ပွဲ ကောင်းမြတ် ရဟတ်ယာဉ် ဖိနပ်
မီးညှပ် လူတစ်ကျိပ် သေနတ် သပ်ရပ်
ငွေအစိတ် ယပ်တောင် ရဝေပ် စပါးအိတ်
ကျေနပ် ဖျတ်လတ် ကော့ကရိတ် ဆုံးဖြတ်
ဝင်းခတ် စပါးကြိတ် ထူထပ် စောင့်ကြပ်
အဖိတ်နေ့ အားလပ် ပျဉ်ချပ် နေကြတ်
ခွဲဖြတ် ချဉ်ဖတ် ဖြောင့်မတ် မွန်မြတ်
ဝတ်စုံ တိုက်ခတ် အတတ်ပညာ အိုးပုတ်ချိုးရုပ်
အမှတ်တရ အပတ်တကုတ် ထမင်းစရိတ် အမြဲမပြတ်

ဖတ်စာ - ၂၂[edit]

ကျန်းမာသန့်ရှင်းရောဂါကင်း

ကျန်းမာသန့်ရှင်းအောင် အပတ်တကုတ်ကြိုးစားအားထုတ်ကြပါ။ ရေတွင်း ရေကန်ကို ဝင်းခတ်ကြပါ။ ကျွဲ၊ နွားများ ရေတွင်းရေကန်အနီး မကပ်စေရအောင် သတိကြပ်ကြပ်ထားကြပါ။ ကန်ပေါင်ပေါ်တွင် အဝတ်မလျှော်ကြပါနှင့်။ ရေမဝပ် အောင် မပြတ်သတိပြုကြပါ။ ရွာလူကြီးများက စောင့်ကြပ်ကြည့်ရှုကြပါဟု ကျန်းမာရေးဌာနက မှာကြားထားပါသည်။ ကောင်းမြတ်သောအကြံပေးမှုကို အလေးဂရုပြုကြပါစို့။


၁။ ကျန်းမာသန့်ရှင်းရောဂါကင်း အကြောင်းဖတ်ပြပါ။
၂။ ရေတွင်းရေကန်များသန့်ရှင်းစေရန် မည်သို့ဆောင်ရွက်ရမည်နည်း။ ပြောပြပါ။
၃။ အောက်ပါဝါကျများကိုဆက်ရေးပါ။
(က) ကျန်းမာရေးကို ___။
(ခ ) ရေတွင်းရေကန်ကို ___။
(ဂ ) ရေမဝပ်အောင် ___။
၄။ အောက်ပါမေးခွန်းကိုရေးသားဖြေဆိုပါ။
(က) ရေတွင်း၊ ရေကန်များသန့်ရှင်းစေရန်မည်သူတို့ကစောင့်ကြပ်ကြည့်ရှုသင့်ပါသနည်း။

မုန်တိုင်းဒဏ်ခံဘုန်းတော်ကြီးကျောင်း[edit]

စေတနာရှင် ဆရာဝန်များ အဖွဲ့တစ်ဖွဲ့သည် ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် သကြားဟင်းအိုးကျေးရွာတွင် မုန်တိုင်းဒဏ်ခံဘုန်းတော်ကြီးကျောင်းကို ဆောက်လုပ် လှူဒါန်းကြသည်။ လှူဒါန်းငွေ ကျပ်သိန်းပေါင်း တစ်ထောင်ကျော်ဖြင့် ပင်လယ်ဝ အနီးတွင် မုန်တိုင်းဒဏ်ခံ ကျောင်းကို ဆောက်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ပထမဆုံး ဆောက်လုပ်ပြီးစီးသော မုန်တိုင်းဒဏ်ခံ အဆောက်အအုံဖြစ်ပါသည်။ မုန်တိုင်းဒဏ်ခံ အဆောက်အအုံကို (၇- လခန့်) ၁၉၉ ရက်အတွင်း ပြီးစီးအောင် ဆောက်လုပ်ခဲ့ ကြသည်။

အဆောက်အအုံမှာ မြေညီထပ်အကျယ် ၅၇ _ ၃၆ ပေ၊ ပထမထပ် အကျယ် ၃၆ _ ၃၆ ပေ၊ အမြင့် ၃၉ ပေ ရှိသည်။ နှစ်ထပ်ကွန်ကရစ် အဆောက်အအုံဖြစ်ပါသည်။

မုန်တိုင်းကာလတွင် ၆ - ပေ အမြင့်ရှိသော မြေညီထပ်တွင် ကျွဲ၊ နွား၊ တိရစ္ဆာန်များဝင်ရောက်နားခိုနိုင်သည်။ ပုံမှန်ကာလများတွင် အလှူမင်္ဂလာကိစ္စများ၊ ရပ်ရေးရွာရေးကိစ္စလိုအပ်ပါက ကျေးရွာစာသင်ကျောင်းအဖြစ် ယာယီအသုံးပြုနိုင် ပါသည်။ ပထမထပ်သည် မြေညီထပ်မှ ၁၀ ပေအမြင့်တွင် တည်ရှိပါသည်။ ကျေးရွာ ဆရာတော်များ သီတင်းသုံးနေထိုင်နိုင်ပါသည်။ အရေးပေါ်ကာလများတွင် လူပေါင်း တစ်ထောင့်ငါးရာခန့်မျှ နားခိုနိုင်သည်။ မုန်တိုင်းကာလတွင် သောက်သုံးရေ အဆင်ပြေ စေရန် သောက်ရေသန့်စည်များ ထားရှိပေးပါသည်။

ကျောင်းရေစက်ချလှူဒါန်းပွဲကို နာဂစ်တိုက်ခိုက်ပြီး တစ်နှစ်မြောက်သော နေ့ ၂၀၀၉ ခုနှစ် မေလ ၂ - ရက်နေ့က ပြုလုပ်ခဲ့ကြပါသည်။ ရွာသူရွာသားများမှာ ဝမ်းသာပီတိမျက်ရည်များ ပြည့်လျှံလျက် တွေ့ရပါသည်။



၁။ အောက်ပါမေးခွန်းများ၏အဖြေကိုပြောပြပါ။
(က) မုန်တိုင်းဒဏ်ခံ ဘုန်းတော်ကြီးကျောင်းကို မည်သည့် အရပ်ဒေသတွင်
ဆောက်ထားသနည်း။
(ခ) ဆောက်လုပ် လှူဒါန်းသည့် အဖွဲ့အမည်ကို ပြောပြပါ။
၂။ အောက်ပါမေးခွန်းများကိုရေးသားဖြေဆိုပါ။
(က) အဆောက်အအုံ၏အသုံးဝင်ပုံကို ရေးပါ။
(ခ) မည်သည့်နေ့က ရေစက်ချလှူဒါန်းပွဲပြုလုပ်သနည်း။
၃။ ဖတ်စာကိုဖတ်ပြီး သင့်ခံစားချက်နှင့် စိတ်ကူးကိုပြောပြပါ။

စသတ် တသတ် ပသတ် လေ့ကျင့်ခန်းများ[edit]

၁။ ဖတ်ပါ။
သစ်စက်မှာ သစ်တုံးများ ခွဲဖြတ်နေသည်။ သပ်သပ်ရပ်ရပ်ရှိသည်။ ပျဉ်ချပ်များ
အစီအရီ ထပ်ထားသည်။ ရပ်မကြည့်ရ။ မပြတ် သတိပြုပါ။ စောင့်ကြပ်နေသည်။

၂။ မှန်ရာ ယှဉ်တွဲပါ။
(က) (ခ )
ဇာတ်ပွဲ တစ်ချောင်း
ဖိနပ် တစ်လက်
သေနတ် တစ်ရံ
ရဟတ်ယာဉ် တစ်စီး
ယပ်တောင် တစ်ပွဲ
အတတ်ပညာ တစ်ရပ်