သင်စာ ဖတ်စာ - ၁, ရေးချ ခန်း

From Wikisource
Jump to navigation Jump to search
ပထမဆင့် အခြေခံ မြန်မာဖတ်စာ  (၂၀၁၅ ခုနှစ်)  by ကျောင်းပြင်ပမူလတန်းပညာရေး ဗဟိုအဆင့်လုပ်ငန်းကော်မတီ
၆။ သင်စာ ဖတ်စာ - ၁, ရေးချ ခန်း

သင်စာ - ၁[edit]

သရ လင်္ကာ

ရေးချခန်း

- -ါ -ါး
- -ာ -ား

ရွတ်ဆိုရန်[edit]

ကျီးကလေး အော်သံကြား
အ အာ အား
အ အာ အား
အိမ်ခေါင်မိုးပေါ်မှာနား
န နာ နား
န နာ နား
မွှေးမွှေး ကြူတာ သနပ်ခါး
ခ ခါ ခါး
ခ ခါ ခါး
ကလေး ကလေး ငိုသံကြား
ဝ ဝါ ဝါး
ဝ ဝါ ဝါး
င ငမြင်းသား ဟင်းချက်စား
စ စာ စား
စ စာ စား
ရသာပေါ်အောင် ထည့်ပါဆား
ဆ ဆာ ဆား
ဆ ဆာ ဆား
မမပဝါ ခြုံလို့ထား
ထ ထာ ထား
ထ ထာ ထား
မင်းသမီး ခြုံလွှာ ပဝါပါး
ပ ပါ ပါး
ပ ပါ ပါး

ဖတ်ပါ။ ကူးရေးပါ။

က ကာ ကား
ခ ခါ ခါး
င ငါ ငါး
စ စာ စား
ဆ ဆာ ဆား
ည ညာ ညား
န နာ နား
ပ ပါ ပါး
ဝ ဝါ ဝါး

ဖတ်ပါ။ ကူးရေးပါ။[edit]

ဆ ရာ မ
ဝါ သ နာ
စကား ဝါ
လ ခ စား
ပ ဝါ ပါး
အား က စား
ပ လာ တာ
အ ညာ သား
အ စား အစာ
ကာ ယ ဗ လ

ဝါး
စ ပါး
စ ကား
ဖ လား
ရ ထား
တ မာ
စာ နာ
သာ ယာ
လ သာ
ဗ မာ
လသာ ပါက သာယာသည်။
အညာသား ဗမာ အစား အစာ စားပါ။

ဖတ်စာ - ၁[edit]

ဖတ်ပါ။ ကူးရေးပါ။
စာ ပါ သလား။
စာ ရ သလား။
ဆ ရာ မ အနား လာပါ။
လာသာ လာ ပါ။
ည အ ခါ
လသာ သာ
အား က စား လ။
က စား သ လား။
ကာ ယ ဗ လ
ဝါ သ နာ ပါ က
က စား ပါ။

ရွတ်ဆိုရန်[edit]

တူတူရေဝါး
တူတူရေဝါးဝါး၊
လူကလေးနဲ့ မေကစား။
အမေ့သားလေးပုန်းစရာ၊
လက်ဝါးလေးနဲ့ကာ။
လက်ဝါးကာ အပေါက်သေး၊
ချောင်းလို့ကြည့်တယ်လေး။
မိုးတိမ်မြှေးတဲ့ ငွေသော်တာ၊
မေ့သားတူလှပါ။
အမေ့မှာတော့ ကမ္ဘာလား၊
တူတူရေတဝါးဝါး။
မင်းသုဝဏ်

၁။ ရွတ်ဆိုပါ။
၂။ ကဗျာအကြောင်းပြောပြပါ။
၃။ အောက်ပါမေးခွန်းများကိုရေးသားဖြေဆိုပါ။
(က) သားကလေးမည်သူနှင့်ကစားသနည်း။
(ခ ) အမေ့သားကလေးသည်မည်သည့်အရာနှင့်တူသနည်း။

ရေးချ လေ့ကျင့်ခန်းများ[edit]

၁။ အဖြေမှန်ကို (✔)ခြစ်ပါ။
(က) က ___ မလား။
စား
ဆား
ဇား
(ခ) အ ___ပါသလား။
တား
သား
ထား
(ဂ) ငါး ___ သလား။
ဘာ
ပါ
ဗာ
(ဃ) ခ ___လာပါ။



(င)အား ___စား ဝါသနာပါသလား။

က


၂။ က +ာ = ကာ။
ဒ +ါ = ဒါ ပုံစံအတိုင်း
အောက်ပါ ဗျည်းများနှင့် -ာ (သို့မဟုတ်) -ါကို မှန်ကန်စွာ တွဲသုံးပြပါ။
(၁) ထ___ (၈) သ___
(၂) ခ___ (၉) လ___
(၃) စ___ (၁၀) ည___
(၄) င___ (၁၁) ဂ___
(၅) န___ (၁၂) မ___
(၆) ရ___ (၁၃) ပ___
(၇) ဝ___ (၁၄) အ___