သင်စာ ဖတ်စာ - ၁၈, င သတ်၊ ဉလေး သတ် ခန်း

From Wikisource
Jump to navigation Jump to search
ပထမဆင့် အခြေခံ မြန်မာဖတ်စာ  (၂၀၁၅ ခုနှစ်)  by ကျောင်းပြင်ပမူလတန်းပညာရေး ဗဟိုအဆင့်လုပ်ငန်းကော်မတီ
၂၃။ သင်စာ ဖတ်စာ - ၁၈, င သတ်၊ ဉလေး သတ် ခန်း

သင်စာ - ၁၈[edit]

င သတ် ၊ ဥလေး သတ် ခန်း

-င် - င့် -င်း
- ဉ် - ဉ့် - ဉ်း

ဖတ်ပါ။ ကူးရေးပါ။

ကင် ကင့် ကင်း စဉ် စဉ့် စဉ်း
ခင် ခင့် ခင်း ပျဉ် ပျဉ့် ပျဉ်း
စင် စင့် စင်း မြင် မြင့် မြင်း
တင် တင့် တင်း နှင် နှင့် နှင်း
ထင် ထင့် ထင်း သွင် သွင့် သွင်း

ဖတ်ပါ။ ကူးရေးပါ။[edit]

ဆင် တံစဉ် လယ်ကွင်း တွင်းရေ အလေ့အကျင့်
ခြင် စင်မြင့် ဆီးနှင်း သူငယ်ချင်း အချိုအချဉ်
ယင် မြေပြင် ရှင်းလင်း ရေအိုးစင် နှင်းဆီပွင့်
နေ့စဉ် ပျဉ်ပြား ယဉ်ကျေး သတင်းစာ စားချင့်စဖွယ်

ဖတ်စာ - ၁၈[edit]

အဘိုးအဘွားတို့၏ သြဝါဒ

သူငယ်ချင်းမောင်လင်းထင် လာပြီ။ ညီမငယ် နှင်းသဇင်လည်းပါသည်။ မြင်းလှည်းဖြင့်လာကြသည်။ အဘိုးနှင့်အဘွားပါသေး၏။ အဘိုးနှင့်အဘွားတို့က ဆုံးမသြဝါဒပေးသည်။ အချင်းချင်း ရင်းနှီးကြင်နာကြပါ။ ကိုယ်ချင်းစာတရား အမြဲထား ကြပါ။ ထာဝစဉ်ပျော်ရွှင်ကြပါစေ။ အထင်သေးအမြင်သေး မပြုကြပါနှင့်။ ယဉ်ကျေးစွာ ဆက်ဆံပါ။ ဧည့်ခံရန်အတွက် အချိုအချဉ်ပွဲတွင် ဆနွင်းမကင်းပါရဲ့လား။ ငါးဟင်း၊ ကြက်သားဟင်းတို့ကို စားချင့်စဖွယ်ပြင်ဆင်ပါ။ အင်းထဲမှကြာပွင့်များ ခူးပြီးပြီလား။ နှင်းသဇင်တို့အပြန် ပေးလိုက်ချင်ပါသည်။



၁။ အဘိုးအဘွားတို့၏သြဝါဒစာပိုဒ်ကိုဖတ်ပါ။
၂။ အဘိုးအဘွားတို့သြဝါဒစကားကိုပြန်ပြောပြပါ။
၃။ အောက်ပါဝါကျများကိုဆက်ရေးပါ။
(က) အချင်းချင်း ___။
(ခ ) ကိုယ်ချင်းစာတရား ___။
(ဂ ) အထင်သေး အမြင်သေး ___။
၄။ အောက်ပါမေးခွန်းကိုရေးသားဖြေဆိုပါ။
(က) အချိုပွဲတွင်မည်သည့်မုန့်ပါဝင်သနည်း။

င သတ် ဥ လေးသတ် လေ့ကျင့်ခန်းများ[edit]

၁။ ရုပ်ပုံကို စာဖြင့် ရေးပါ။