သင်စာ ဖတ်စာ - ၁၁, ဟထိုး ခန်း

From Wikisource
Jump to navigation Jump to search
ပထမဆင့် အခြေခံ မြန်မာဖတ်စာ  (၂၀၁၅ ခုနှစ်)  by ကျောင်းပြင်ပမူလတန်းပညာရေး ဗဟိုအဆင့်လုပ်ငန်းကော်မတီ
၁၆။ သင်စာ ဖတ်စာ - ၁၁, ဟထိုး ခန်း

သင်စာ - ၁၁[edit]

ဟ ထိုး ခန်း

-ှ

ဖတ်ပါ။ ကူးရေးပါ။

ငှ ငှာ ငှား ရှိ ရှီ ရှီး
မှမှာ မှား မှိ မှီ မှီး
ရှ ရှာ ရှား လှိ လှီ လှီး
ရှေ ရှေ့ ရှေး ရှု ရှူ ရှူး
လှေ လှေ့ လှေး

ဖတ်ပါ။ ကူးရေးပါ။[edit]

လှေ ဝေငှ သိုမှီး စပါးနှံ
နှဲ မှာကြား အညှာ စပါးလှေ့
လှံ လှေလှော် သားလှီးဓား အကြီးအမှူး
မှန် ရောနှော နှီးထိုး တစ်ရှူးထိုး
လှည်း နှေးကွေး နှိုးဆော် အလှူဒါန

ဖတ်စာ - ၁၁[edit]

အရှေ့ရွာ

ပညာရှာမှီးကြပါ။
အမှားအမှန် ခွဲခြားသိပါမည်။
သတိရှိရမည်။
တစ်ရှူးထိုး မလုပ်ရ။
အရှေ့ရွာမှာ အလှူပွဲရှိ၏။
သွားကြစို့နှိုးဆော်နေပြီ။
လှည်းစီးပါက နှေးမည်။
စက်လှေစီး၍ သွားကြမည်။
ပျော်စရာ ကောင်းလှ၏။



၁။ စာပိုဒ်ကိုဖတ်ပြပါ။
၂။ ရှာမှီး၊ တစ်ရှူးထိုး၊ နှိုးဆော်တို့၏အဓိပ္ပာယ်ကိုပြောပြပါ။
၃။ ပညာရှိလျှင်မည်သည့်အကျိုးကျေးဇူးရနိုင်သနည်း။

အင်္ဂလိပ်လနှင့်ရက်များ[edit]

မြန်မာတို့ အသုံးပြုသော လများမှာ တစ်နှစ်တွင် (၁၂)လ ရှိသကဲ့သို့ အင်္ဂလိပ်လများမှာလည်း တစ်နှစ်တွင် (၁၂)လ ရှိပါသည်။ အင်္ဂလိပ်လများနှင့် ရက်များမှာ အောက်ပါအတိုင်း ဖြစ်သည်ကိုမှတ်သားရန်ဖြစ်ပါသည်။ ရက်သုံးဆယ်မှာ စက်တင်ဘာ၊ ဧပြီ၊ ဇွန် နှင့် နိုဝင်ဘာ၊ ကျန်သောလမှာ သုံးဆယ့်တစ်၊ ဖေဖော်ဝါရီ နှစ်ဆယ့်ရှစ်၊ ရက်ထပ်နှစ်မှာ တစ်ရက်တိုး ဖေဖော်ဝါရီ နှစ်ဆယ့်ကိုး ဟူ၍ အတိုမှတ်သားနိုင်ပါသည်။

၁။ ဇန်နဝါရီလ - (၃၁) ရက်
၂။ ဖေဖော်ဝါရီလ - (၂၈) ရက်
၃။ မတ်လ - (၃၁) ရက်
၄။ ဧပြီလ - (၃၀) ရက်
၅။ မေလ - (၃၁) ရက်
၆။ ဇွန်လ - (၃၀) ရက်
၇။ ဇူလိုင်လ - (၃၁) ရက်
၈။ သြဂုတ်လ - (၃၁) ရက်
၉။ စက်တင်ဘာလ - (၃၀) ရက်
၁၀။ အောက်တိုဘာလ - (၃၁) ရက်
၁၁။ နိုဝင်ဘာလ - (၃၀) ရက်
၁၂။ ဒီဇင်ဘာလ - (၃၁) ရက်



၁။ ဖတ်ပါ။
၂။ အင်္ဂလိပ်လအမည်များကို ကူးရေးပါ။
၃။ ရက်ပေါင်း (၃၁) ရက်ရှိသော အင်္ဂလိပ်လအမည်များကို ရေးပါ။
၄။ ရက်ပေါင်း (၃၀) ရက်ရှိသော အင်္ဂလိပ်လအမည်များကို ရေးပါ။
၅။ ယခုနှစ်တွင် ဖေဖော်ဝါရီလ၌ ရက်ပေါင်းမည်မျှ ရှိသနည်း။ ပြက္ခဒိန်မှာ ကြည့်၍ ဖြေပါ။

ဟထိုးလေ့ကျင့်ခန်းများ[edit]

၁။ ရုပ်ပုံကို စာဖြင့် ဖော်ပြပါ။

၂။ အဖြေမှန်ကို (✔) ခြစ်ပါ။
(၁) စပါး ___ ။ (၁) လှေ့သည်၊ လေ့သည်
(၂) ရေနွေးကြမ်း ___။ (၂) နဲ့သည်၊ ငှဲ့သည်
(၃) လှေ ___။ (၃) နှောသည်၊ လှော်သည်
(၄) ပညာ ___ ။ (၄) ရှာမှီးသည်၊ လျှာမှီးသည်
(၅) ဘုရားပွဲတော် ___။ (၅) ရှသည်၊ ရှိသည်