သင်ကြီးညောင်အုပ် ကျောက်စာ

From Wikisource
Jump to navigation Jump to search
သင်ကြီးညောင်အုပ်ကျောက်စာ  (သက္ကရာဇ် ၅၆၃) 
by သင်ကြီးညောင်အုပ်

(မျက်နှာဘက်)
၁ “။ ဝ ။ သကရစ် ၅၆၃၊ မြိက္ကသောရ်နှစ်
၂ ။ သင်ကြီညောင်ဥပ် ဖုန်မူသော
၃ (ဝာရ်င်္ခော) လဆန် ၁၄ ရေက် တန်နှာင်ကု
၄ နုယ်နိယ္အ် မာလည်နာဧအ်။ လပ္လ
၅ ည္အ် တန်နှာင်လာနိယ္အ်ကာ ပိသမာန်တြာ နာ
၆ ဧအ်။ လဆုတ် ၁ ရေက် အင်ကာနိယ္အ်ကာ =
၇ ဓမ္မစက္ကြာနာဧအ်။”

[သက္ကရာဇ် ၅၆၃ မိဂသီနှစ် သင်ကြီးညောင်အုပ် ဖုန်းမူ သော ဝါခေါင်လဆန်း ၁၄ ရက်၊ တနင်္ဂနွေနေ့မာလဲ နာ၏။ လပြည့် တနင်္လာနေ့ကား ပိသမာန်တရား နာ၏။ လဆုတ် ၁ ရက် အင်္ဂါနေ့ကား ဓမ္မစကြာ နာ၏ ။

(ကျောဘက်)
၁ “။ ပုရှာလေ(ပြီ)ဧအ်။ ပုထုဝ်ေ
၂ လ ပြီဧအ်။ ကဓိန်ပင်္သကူ
၃ လေ ပြီဧအ်။ ညောင်မီဖုန်
၄ (။ ရိယ်ကန်) ရိယ်တွင် တန်ထာ =
၅ ။ သံပုတ် တန်ဆောင် ဆီမီ ကြာ
၆ ညုဝ် ဩင်(မဲ) ကန်တောက်
၇ တုဝ္အ်လေ အာထောင်မ္လေှာက်(ဧ)
၈ ။ ဆာရျာ အဖုဝ် အဖိယ် အ
၉ မိ အာဖ က္လည်စောလေဆပ်ဧအ်”

[ဘုရားလည်း ပြီး၏။ ပုထိုးလည်း ပြီး၏။ ကထိန် ပံ့သကူလည်း ပြီး၏။ ညောင်မီးဖုန်း၊ (ရေကန်)၊ ရေတွင်း၊ တံတား၊ သင်ပုတ်၊ တန်ဆောင်၊ ဆီမီး၊ ကြာညို၊ အောင်(မဲ)၊ ကတောက်.တို့လည်း အထောင် မြှောက်၏။ ဆရာ၊ အဘိုး၊ အဘေး၊ အမိ၊ အဖ ကျေးဇူးလည်းဆပ်၏။]

၁၀ “။ဤယ် ငာကောင်မှုမူသော(က္လုဝ်အာ)
၁၁ ဖ္လင်ကာ။ မိတ္တျာပုရှာ = သ္ခိင်.
၁၂ ပုရှာ = ဖ္လစ်သရှောဝ်အာ = အ(ရ)
၁၃ ဟန္တာဆု ရလုဝ်သူတေ။ (ငမိ င)
၁၄ ဖ ငငီ ငနှာမ ငသာ ငတူ ( ..)
၁၅ ရပါစိယ်ဧအ်။”

[ဤ ငါကောင်းမှုမူသောကျိုးအားဖြင့်ကား မေတ္တေယျ ဘုရားသခင်.. ဘုရားဖြစ်သရောအား အရဟန္တာဆု ရလိုသတည်း။ ငါ့မိ ငါ့ဖ ငါ့ညီ ငါ့နှမ ငါ့သား ငါ့တူ(..) ရပါစေ၏။]


This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse