သခင်စကုကြီး ကျောက်စာ

From Wikisource
Jump to navigation Jump to search
သခင်စကုကြီးကျောက်စာ  (သက္ကရာဇ် ၆၂၄) 
by သခင်စကုကြီး

၁၊၂၊၁၅၁၊၁။
“။ ၀ ။ သကရစ် ၅၂၉ခု မာခသံဝစ္ဆိုရ်နှစ် တန်ခူလဆန် ၈ရျက် ကြာသပတိယ်နိယ်အာ
သ္ခိင်စကုကြီတေ သ္ခိင်သင်္ဃထီ ငတိတ်သင်က္လောင် ရှုယ်ပုရှာနှိုက် ဤယ်မ္လိယ်ကိုဝ်လှူ၏၊ သ္ခိင်
ထီလေ ကန်ဆည်ရုယ် လဲလုပ်စိယ်၏၊ လဲနက်စာရလတ်ရကာ သ္ခိင်သင်္ဃထီလေ စုရင်ကြီပ္လုလတ်(ရု)
ယ် စကုကြီကိုဝ်ခဝ်ရုယ် အညီလျှင် ပုရှာကိုဝ် သံပုတ်ဝတ်ပုစဝ်ကြ၏၊ စကုကြီ သ္ခိင်သင်္ဃထီကိုဝ်မိန်၏ သ္ခိင်သင်္ဃ
ထီ ဤလဲအနက်ကိုဝ် သံပုတ်ပုစဝ်ရသလေ ငာဝံသာစွာ၏ ဤလဲကာ ပုရှာနှင်အကွ ကံဖာတိုင် ဟိရစ်စိယ်သတေ၊
ငာလေပုရှာနှိုက် လှူပြီလျက်လျှင် သာမ္လိယ်တိုဝ်ကိုဝ်ပိယ်ခယ်ဟူမူကာ မ္လိယ်ကံဖာအထယ်လျှင် ကျက်လိုဝ်သတေ၊ သ္ခိင်လေ
သာမ္လိယ်တိုဝ်ကိုဝ် ပိယ်ခယ်ဟူမူကာ မ္လိယ်ကံဖာအထယ်လျှင် ကျက်စိယ်သတေဟု ပုရှာမှောက် ရိယ်သွန်ရုယ်ကိန်ကြ၏
သ္ခိင်သင်္ဃထီလေ အသက်အတိုင်စာခ၏။ သ္ခိင်သင်္ဃထီလွန်ပြိသောကာ သ္ခိင်ဥပစင် စာလတ်တုံ၏ သ္ခိင်ဥပစင်(လ)
က်ထက်မှတေ မဟာဗိုဟ်မိယာ နိဝ္အ်စိုဝ္အ်ဘက် ငာစည်စိမ်သင်မည်သောသုသည် ကံပိုင်ကန်နာထက် ထန်စိုက်၏၊ သ္ခိင်
၁၀ ဥပစင်လေ အသက်အတိုင်စာခ၏၊ သ္ခိင်ဥပစင်လွန်ပြီသောကာ သ္ခိင်မုန်တောင်စာတုံ၏၊ သ္ခိင်မုန်တောင်လက်ထက်
၁၁ မှတေ၊ အိုန်မွန်သင် အခြင်မျာလတ်ရကာ၊ ကန်ညာရင်ကင်္ကဘတြာ ရွာရှုရကာ ကန်ညာရင်ကိုဝ် ဆင်ကြ၏၊ ဆင်ကြသော ဤ
၁၂ က္လောင်နှိုက် ရဟန်မူခဘူသော ငဆည်သင်မည်သောသူသည်တေ သ္ခိင်စကုကြီ ရှုယ်ဘုရှာကိုဝ်လှူသောအာ သိမြင်ပါ၏၊
၁၃ ငာဆည်သင်မိန်လတ်တေ နင်ဘိုဝ်စကုကြီလှူခယ်သည်ကာ ငာလျှင်သိမြင်သတေ၊ ကန်လေ ငာလျှင်ဆည်သတေ၊ ရိ
၁၄ ယ်တွင်လေ ငာလျှင်တူသတေ နင်ဖိုဝ်လှူသကာ ငာလျှင်သိမြင်သောဟုတ္တာ၊ နင်ဖိုဝ်မလှူခယ်သည် နင်သိမူကာ နင်ဘုရှာစွယ်ဟု အို
၁၅ န်မွန်သင်ကိုဝ် မိန်လတ်တေ၊ အိုန်မွန်သင် ငာဆည်သင်ကိုဝ် မိန်တုံ၏၊ ငာဖိုဝ်ဘုရှာနှိုက် လှူခယ်သည် နင်သိသမုတည် နင်ပု
၁၆ ရှာစွယ်ဟု ငာဆည်သင်ကိုဝ်မိန်၏၊ ကန်ညာရင်ဟု၏ ငာဆည်သင် အိုန်မွန်သင် ဖုရှာမစွယ်ဝံသမှုတည် နင်ဘုရှာ စွယ်
၁၇ ပိယ်လှဝ်ဟုမိန်၏၊ ငာဆည်သင်ဓတ်ခီပိယ်၏၊ ဓတ်ခီသော သိပါမြင်ပါသကာ သင်္ဃထီညောင်စောက်။ သိင်္ခတိုင်မ
၁၈ လုပ်။ သူကြွယ်ငာရောက်လွယ်သင်။ ဤကာ သိမြင်ပါသောသုနှင် ၂တေ၊ ရွာသုကြီကန်ညာရင်ဟူ၏ အိုန်မွန်သင် ဓတ်
၁၉ မခီဝံ ငာဆည်သင်ဓာတ်ခီရပြီသမုတည် လဲကာ ဘုရှာလျှင်ရပစိယ်သတေဟု ပြတ်ပိယ်၏၊ ငာဆည်သင်နှင်သ္ခိင်မုန်
၂၀ တောင်ကာဩင်သတေ၊ အိုန်မွန်သင်ကာယှုံသတေ ဩင်သော သကရစ်ကာ ၅၈၂ ခု တပိုဝ်တွယ်လဆန် ၅ရျက်တနှင်လာနိ
၂၁ ယ်တေ၊”

[သက္ကရာဇ် ၅၂၉ ခု မာဃသံဝတ္တိုရ်နှစ်၊ တန်ခူးလဆန်း ၈ရက်၊ ကြာသပတေးနေ့အား သခင်စကုကြီးတည်း သခင်သံဃာထေရ်၊ ငတိတ်သင်ကျောင်း ရွှေဘုရား၌ ဤမြေကိုလှူ၏။ သခင်ထေရ်လည်း ကန်ဆည်၍ လယ် လုပ်စေ၏။ လယ်နက်စားရလတ်ရကား သခင်သံဃာ ထေရ်လည်း စုရင်းကြီးပြုလတ်၍ စကုကြီးကို ခေါ်၍ အညီလျှင် ဘုရားကို သင်ပုတ်ဝတ်ပူဇော်ကြ၏။ စကု ကြီး သခင်သံဃာထေရ်ကိုမိန့်၏။ “သခင်သံဃာထေရ်၊ ဤလယ်အနက်ကို သင်ပုတ်ပူဇော်ရသည်လည်း ငါ ဝမ်းသာစွာ၏။ ဤလယ်ကား ဘုရားနှင့်အကွ ကမ္ဘာ တိုင် ရှိရစ်စေသတည်း။ ငါလည်းဘုရား၌ လှူပြီးလျက် လျှင် သားမြေးတို့ကို ပေးခဲ့ဟူမူကား မြေကမ္ဘာအထဲလျှင် ကျက်လိုသတည်း။ သခင်လည်း သားမြေးတို့ကို ပေးခဲ့ ဟူမူကား မြေကမ္ဘာအထဲလျှင် ကျက်စေသတည်း”ဟု ဘုရားမှောက် ရေသွန်း၍ ကျိန်ကြ၏။ သခင်သံဃာ ထေရ်လည်း အသက်အတိုင်း စားခ၏။ သခင်သံဃာ ထေရ် လွန်ပြီးသောကား သခင်ဥပစင် စားလတ်တုံ၏။ သခင်ဥပစင် လက်ထက်မှတည်း မဟာဗိုလ်မယား နို့စို့ဖက် ငစည်းစိမ်သင်မည်သောသူသည် ကန်ပိုင် ကန်နားထက် ထန်းစိုက်၏။ သခင်ဥပစင်လည်း အသက်အတိုင်း စားခ၏။ သခင်ဥပစင် လွန်ပြီးသောကား သခင်မုန်တောင်စားတုံ၏။ သခင်မုန်တောင်လက်ထက်မှ တည်း အိုမွန်သင် အချင်းများလတ်ရကား ကန်ညာရင် ကင်္ကဘတြာရွာရှုရကား ကန်ညာရင်ကို ဆင်ကြ၏။ ဆင်ကြသော ဤကျောင်း၌ရဟန်းမူခဖူးသော ငဆည်သင် မည်သောသူသည်တည်း သခင်စကုကြီး ရွှေဘုရားကို လှူသောအား သိမြင်ပါ၏။ ငဆည်သင် မိန့်လတ်တည်း “နင့်ဘိုးစကုကြီးလှူခဲ့သည်ကား ငါလျှင် သိမြင်သတည်း။ ကန်လည်း ငါလျှင် ဆည်သတည်း။ ရေတွင်းလည်း ငါလျှင် တူးသတည်း။ နင့်ဘိုးလှူသည်ကား ငါလျှင် သိမြင်သောဟုတ်တာ။ နင့်ဘိုး မလှူခဲ့သည် နင်သိမူကား နင်ဘုရားစွဲ”ဟု အိုမွန်သင်ကို မိန့်လတ်တည်း။ အိုမွန်သင် ငဆည်သင်ကို မိန့်တုံ၏။ “ငါ့ဘိုးဘုရား၌လှူခဲ့သည် နင်သိသမူတည်း နင်ဘုရားစွဲ” ဟု ငဆည်သင်ကိုမိန့်၏။ ကန်ညာရင်ဟူ၏။ “ငဆည်သင်၊ အိုမွန်သင် ဘုရားမစွဲဝံ့ သမူတည်း နင်ဘုရား စွဲပေလော့”ဟုမိန့်၏။ ငဆည်သင် ဓာတ်ချီပေ၏။ ဓာတ်ချီသော သိပါ မြင်ပါသကား သံဃာထေရ်ညောင်စောက်၊ သိင်္ခတိုင်မလုပ်၊ သူကြွယ် ငရောက်လွယ်သင်၊ ဤကား သိမြင်ပါသော သူနှင်နှင် တည်း။ ရွာသူကြီးကန်ညာရင်ဟူ၏။ “အိုမွန်သင် ဓာတ် မချီဝံ့ ငဆည်သင် ဓာတ်ချီရပြီးသမူတည်း လယ်ကား ဘုရားလျှင် ရပါစေသတည်း” ဟု ပြတ်ပေ၏။ ငဆည်သင်နှင့် သခင်မုန်တောင်ကား အောင်သတည်း။ အိုမွန်သင်ကား ရှုံးသတည်း။ အောင်သော သက္ကရာဇ်ကား ၅၈၂ ခု၊ တပို့တွဲလဆန်း ၅ရက်၊ တနင်္လာနေ့တည်း။]

၁၊၂၊၁၅၁၊၂။
၂၁“သ္ခိင်မုန်တောင်လေ အသက်အတိုင်စာခ၏၊ ထိုဝ်ပြိသောကာ သုခမိန်သန်ပေါင်စာခတုံ၏၊ သန်ပေါင် လွန်ပြိသော
၂၂ ကာ ဗုဒ္ဓပါသင်ကြီစာခတုံ၏။၊ ဝ။ သကရစ်၆၂၄ ခုပုဿနှစ် သန္တူလဆန် ၅ရျက် အင်္ကာနိယ်အာ သမန်တပိစည်၊ ရာဇ
၂၃ ပိဆဲ၊ အစိတ်အစိယ်မိယ်ပိယ်ရကာ၊ စကုသ္ခိင် ငာတိတ် သင် က္လောင်နှိုက်ဟိသော ဘုရှာကိုဝ် စကုကြီလှူသော
ကန်လဲကိုဝ်ေ
၂၄ တ သင်္ဃာအဆက်၂ စာလျက်လျှင်တေ၊ စည်သဝတ်မ္လိယ်ငာဖုန်ရောက်သင်နှင်ငပငယ် လုစလတ်တေဟူရုယ် သ္ခိင်ငာတိ
၂၅ တ်သင် က္လောင်နိယ်သော သ္ခိင်သီလကုမာနှင် သံပုတည် နိယ်သော ညာနသိတ္ထိဆိုဝ်၏။ စည္သ်ဝတ်မ္လိယ် ငဖုန်ရောက် သင်နှင်ငပငဲ
၂၆ ဆိုဝ်၏။ ကန်လဲကာ ငာဖိုဝ်စကုကြီလေ ဘုရှာမလှူခ၊ ယခင်က ဘုရှာသင်္ဃာမစာခ၊ ယခုသာ ဤသင်္ဃာလျှင်တေ အရိမတ်ကိုဝ်တို
၂၇ (င်ကန်လဲတေ၊) ငာရပိယ်သတေ၊ တန်ဆိပ်လေ အရိမတ် တပ်သော တန်ဆိပ်မဟုတ်ဟု မိန်၏။ တြျာမယောက် ဟူ၏၊ ဤတန်ဆိပ်(ကာ အ)
၂၈ (သူတပ်ပိယ်ဘိနှေ)ဟု မိယ်ရကာ သ္ခိင်တိုဝ်ဟု၏ အရိမတ်တပ်ပိယ်သောကာ ငာဖုန်လာသင် ကောင်စင် သိကုန်၏ ဟုရကာ တြျာ(ပိယ်သ)
၂၉ (ကာဟု၏၊)ငာဖုန်လာသင် မိန်၏။ အရိမတ်ဆင်ပိယ်ရုယ်၊ ငာပိန်ဓတ်ခီရုယ် တပ်ပိယ်သော တန်ဆိပ်ဟုတ်၏ ကောင်စင်ဟူ၏ အရိမ
၃၀ တ် တန်ဆိပ်တပ်ပိယ်သကာ ငာလေသိ၏၊ အရိမတ်ငီ ငာလျောင်သင်မိန်၏။ ဤသိုဝ်နှင်၂ အသံမျာအံဟု
အရိမတ် တန်ဆိပ်တပ်ပိယ်ဟု
၃၁ ၏၊ တြျာတိုင် ပုရှာလဲဟုတ်သောဟု ပြတ်အံသောတေ၊ စည်သဝတ်မ္လိယ် ငာဖုန်ရောက်သင်နှင် ငပငဲဟူ၏၊ ရွာနှိုက် မိယ်လတ်ဥိဟူရကာ ရွာလျှင်က္လော
၃၂ (င်လည် ငမိရွာဝင်) မိယ်ပိယ်သောတေ၊”

[သခင်မုန်တောင်လည်း အသက်အတိုင်းစားခ၏။ ထိုပြီး သောကား သုခမိန်သန်ပေါင် စားခတုံ၏။ သန်ပေါင် လွန်ပြီးသောကား ဗုဒ္ဓပါသင်ကြီး စားခတုံ၏။ သက္ကရာဇ် ၆၂၄ ခု ဖုသျှနှစ်၊ သန်တူလဆန်း ၅ရက်၊ အင်္ဂါနေ့ အား သမန္တပိစည်၊ ရာဇပိစည် အစိတ်အစေး မေးပေ ရကား “စကုသခင် ငတိတ်သင်ကျောင်း၌ရှိသော ဘုရား ကို စကုကြီးလှူသော ကန်လယ်ကိုတည်း သံဃာ အဆက်ဆက် စားလျက်လျှင်တည်း။ စည်သဝတ်မြေး ငဖုန်းရောက်သင်နှင့် ငပငယ် လုစားလတ်တည်း”ဟူ၍ သခင်ငတိတ်သင်ကျောင်းနေသော သခင်သီလကုမာနှင့် သင်ပုတ်တည်နေသော ဉာဏသိဒ္ဓိဆို၏။ စည်သဝတ် မြေး ငဖုန်းရောက်သင်နှင့်ငပငယ်ဆို၏။ “ကန်လယ်ကား ငါ့ဘိုးစကုကြီးလည်း ဘုရားမလှူခ၊ ယခင်က ဘုရားသံဃာ မစားခ၊ ယခုသာ ဤသံဃာလျှင်တည်း၊ (အရိမတ်ကိုတိုင်* ကန်လယ်တည်း၊ ငါရပေသတည်း။) တံဆိပ်လည်း အရိမတ်တပ်သော တံဆိပ်မဟုတ်” ဟု မိန့်၏။ တရားမယောက်ဟူ၏။ “ဤတံဆိပ်ကား အသူတပ်ပေဘိနည်း”ဟု မေးရကား သခင်တို့ဟူ၏။ “အရိမတ်တပ်ပေသောကား ငဖုန်းလာသင်၊ ကောင်စင် သိကုန်၏” ဟူရကား “တရားပေးသကား” ဟူ၏။ ငဖုန်းလာသင် မိန့်၏။ “အရိမတ်ဆင်ပေ၍ ငပိန်ဓာတ် ချီ၍ တပ်ပေသောတံဆိပ်ဟုတ်၏။” ကောင်စင်ဟူ၏။ “အရိမတ်တံဆိပ်တပ်ပေသကား ငါလည်း သိ၏။ အရိမတ်ညီ ငလျောင်သင်မိန့်၏။ “ဤသို့နှင်နှင် အသံ များအံ့ဟု အရိမတ်တံဆိပ်တပ်ပေ” ဟူ၏။ တရားတိုင် “ဘုရားလယ်ဟုတ်သော”ဟု ပြတ်အံ့သတည်း။ စည် သဝတ်မြေး ငဖုန်းရောက်သင်နှင့် ငပငယ်ဟူ၏။ “ရွာ၌ မေးလတ်ဦး”ဟူရကား ရွာလျှင်ကျောင်းလည်း ငါ့မိ ရွာဝင် မေးပေသတည်း။]

  • အနက်မသိသာ။


၁၊၂၊၁၅၁၊၃။
၃၅“ဤမျှသောသူတိုဝ် မိန်ကုန်၏၊ စ
၃၆ ကုကြီကာ ငာတိတ်သင်က္လောင် ဘုရှာအာလှူ၏၊ ငာတိတ် သင် သင်င်္ဃာထီ၁ဆက်၊ ဥပစင်၊ မုန်တောင်၊ သန်ပေါင်၊
ဗုဒ္ဓပါ၊ ဤသ္ခိင်နှင်သင်ကြီ
၃၇ ၆ဆက်စာသကာ သိ၏၊ ၊လူစာသကာမသိဟု မိန်ကုန်၏၊ တြျာတိုင်ဟူ၏၊ အရိမတ်တပ်ပိယ်သော တန်ဆိပ်စာတေ ဘုရှာရကောင်ရ
၃၈ င်၊ မဟုတ်ဟူရကာ ငာတိုဝ်ရွာမိယ်စိယ်သော၊ ရွာသည် တကာတိုဝ်လေ ဘုရှာသင်္ဃာစာသကာသိ၏ဟု မိန်၏၊ လူစာသကာမသိဟု မိန်
၃၉ ကုန်၏၊ ဤကန်လဲကာ စကုကြီဘုရှာကိုဝ်လှူသော ဟုတ်စင်၏၊ အရိမတ်တပ်ပိယ်သော တန်ဆိပ်တိုင် ပုရှာရ ပစိယ်ဟု (ပြတ်ပိယ်၏။)
၄၀ ။ဝ။ ဝ။ သ္ခိင်သီလကုမာနှင်ညာနသိတ္ထိကာနိုင်၏၊ စည်သဝတ်မ္လိယ် (ငဖုန်ရောက်သင်နှင်ငပငဲ ယှုံသတေ။)

ဤမျှသောသူတို့မိန့်ကုန်၏။ “စကုကြီးကား ငတိတ်သင် ကျောင်းဘုရားအားလှူ၏။ ငတိတ်သင် သံဃာထေရ် ၁ဆက်၊ ဥပစင်၊ မုန်တောင်၊ သန်ပေါင်၊ ဗုဒ္ဓပါ၊ ဤသခင် နှင့် သင်ကြီး ၆ဆက် စားသကားသိ၏။ လူစားသကား မသိ”ဟုမိန့်ကုန်၏။ တရားတိုင်ဟူ၏။ “အရိမတ်တပ် ပေသော တံဆိပ်စာတည်း။ ဘုရားရကောင်းရင်းမဟုတ်” ဟူရကား ငါတို့ရွာမေးစေသော၊ ရွာသည်တကာတို့လည်း “ဘုရား၊ သံဃာစားသကား သိ၏”ဟုမိန့်၏။ “လူစား သကား မသိ” ဟုမိန့်ကုန်၏။ “ဤကန်လယ်ကား စကုကြီးဘုရားကိုလှူသော ဟုတ်စင်၏။ အရိမတ်တပ် ပေသော တံဆိပ်တိုင်း ဘုရားရပါစေ”ဟု ပြတ်ပေ၏။ သခင်သီလကုမာနှင့် ဉာဏသိဒ္ဓိကားနိုင်၏။ စည်သဝတ် မြေး ငဖုန်းရောက်သင်နှင့်ငပငယ် ရှုံးသတည်း။]

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse