ဝိသုံဂါမ သီမာဝိနိစ္ဆယ/သမိုင်းဝင် ဝိသုံဂါမသိမ်များ

From Wikisource
Jump to navigation Jump to search
348214ဝိသုံဂါမ သီမာဝိနိစ္ဆယ — ၁၁။ သမိုင်းဝင် ဝိသုံဂါမသိမ်များအဘယာရာမဆရာတော်

     ဤဆိုအပ်ခဲ့ပြီသော အကြောင်းတို့ကို အာစရိယပရမ္ပရာဘတ ဝိနိစ္ဆယဖြင့် ကောင်းစွာသိရှိကုန်သော ဝိနယဓရတို့သည် မြန်မာပြည်၌၎င်း, ရာမညတိုင်း၌၎င်း သံဃာပေါများ၍ သုဓ်သင်ခြင်းငှါ ခဲယဉ်းသော မြို့ကြီးတို့၌ ရှေးနှစ်ပေါင်းများစွာက အစပြု၍ ယခုထက်ထိအောင် ဝိသုံဂါမပြု၍သာ သိမ်သမုတ်ကြကုန်၏။ ထိုသို့ နှစ်ပေါင်းများစွာကအစပြု၍ အသုံးပြုခဲ့ခြင်းသည်လည်း လွန်ခဲ့သောနှစ်ပေါင်း ၄၆၀ ကျော်က ရေးသားသော ကလျာဏီကျောက်စာဖြင့် ထင်ရှား၏။