ဝိသုံဂါမ သီမာဝိနိစ္ဆယ/နိဂုံး

From Wikisource
Jump to navigation Jump to search
348218ဝိသုံဂါမ သီမာဝိနိစ္ဆယ — ၁၅။ နိဂုံးအဘယာရာမဆရာတော်

     အဂ္ဂဓမ္မာဘိဝံသ ပရိယတ္တိသာသနဟိတဓမ္မာစရိယ မထေရ် သည် သီဟိုဠ်ကျွန်း ကောဠမ္ဗိူမြို့၊ မဟာဝိသုဒ္ဓါရာမတိုက်၌ သီတင်းသုံးနေစဉ်အခါ ထိုကျောင်းတိုက်အတွင်း၌ သမုတ်အပ်သော ဝိသုံဂါမသိမ်ကို အကြောင်းပြု၍ ရာမညနိကာယ အဓိကရဏဝိနိစ္ဆယကာရက ဥပသေန မထေရ်စသော သီဟိုဠ်ဘုန်းကြီးတို့က မြန်မာနိုင်ငံ၌ သမုတ်လေ့ရှိသော ဝိသုံဂါမသိမ်တို့သည်လည်း ဝိနည်းကျမ်းဂန်နှင့်မညီ စသည်ဖြင့် စွပ်စွဲ၍ သတင်းစာတို့၌ ရေးသားသော ဝိဝါဒစကားတို့ကို ဖြေရှင်းသောအားဖြင့် ရေးသားအပ်သော “ဝိသုံဂါမသီမာဝိနိစ္ဆယ" သည် ၁၂၈၅ခု၊ ပြာသိုလ္ဆန်း -၆-ရက်နေ့တွင် ပြီးစီးအောင်မြင်လေသတည်း။