Jump to content

ဝိသာခါယ သဟာယိကာနံ ဝတ္ထုဂါထာ

From Wikisource
367398ဓမ္မပဒဂါထာနိဿယ၁။ ဝိသာခါယ သဟာယိကာနံ ဝတ္ထုဂါထာ (ဝတ္ထုတော်သို့)အရှင်သုဇနာဘိဝံသ

၁၁-ဇရာဝဂ်

နိဒါန်း

ဣန္ဒြေရသော သာသနာပြုနည်း။ ။ ကျမ်းပြုအကျော် ကျေးဇူးတော်ရှင် ဘာသာဋီကာဆရာတော်ဘုရားကြီးသည် ကျမ်းစာပို့ချရေးသားခြင်းကို ဣန္ဒြေရ၍ သာသနာတော်အား အလွန်ကျေးဇူးများသော သာသနာပြုနည်းဟု ယူဆတော်မူ၏၊ “သာသနာပြုပုဂ္ဂိုလ်”ဟု အသံကောင်း မဟစ်, ဆိုင်းဘုတ်မတင်ဘဲ လွန်တော်မူခါနီး နာရီပိုင်းအချိန်အထိ ကျမ်းစာပို့ချရေးသားကာ သာသနာပြုတော်မူသွား၏၊ ထိုသို့ ကျမ်းစာပို့ချရေးသားခြင်းဖြင့် သာသနာပြုတော်မူခဲ့ခြင်း၏ အကျိုးကျေးဇူးကို ယနေ့ မျက်မှောက်ခေတ်တွင် အသိအလိမ္မာပညာလိုလားကြသည့် ရဟန်းရှင်လူတိုင်း အပြည့် အဝရရှိခံစားကြရ၏၊ နောက်နောင်လည်း ရရှိခံစားကြရဥုးမည်သာ။

ထာဝရစာချ။ ။ ယနေ့ခေတ် အလှူဒါနပြုကြရာ၌ သာသနာပြုလိုသောစိတ် မရှိဘဲ ဒါနဖြစ်လျှင် ပြီးရောဟု သဘောထားကြ၏၊ အပြင်ပန်းအပြောအဟော ကောင်းသူ, မိမိတို့နှင့် အလိုက်သင့်ပြောတတ်ပေါင်းတတ်သူ, အိမ်ပေါက်စေ့လည်နိုင် သူ, “သာသနာပြုပုဂ္ဂိုလ်”ဟု အသံကောင်းဟစ်လျက် ဟိတ်ဟန်ထုတ်နေသူများကိုမှ တကယ့်သံဃာ, တကယ့်ကျမ်းတတ်ကြီးဟုထင်ကာ ကိုးကွယ်လှူဒါန်းနေကြ၏၊ ရိုးရိုးကုပ်ကုပ်နှင့် စာပေပို့ချနေသော သာသနာ့ဝန်ဆောင် အရှင်မြတ်များကိုကား ဖုတ်လေသည့်ငါးပိ, ရှိသည်ဟုပင် မထင်တော့ချေ၊ ထိုကြောင့် ယခုအခါဝယ် စိတ်ပါ ဝင်စားစွာ စာပေပို့ချချင်သူများ တဖြည်းဖြည်း နည်းပါးလာသည့်အပြင် ရှိသမျှအချို့ မှာလည်း ခရီးတွင်အောင် ဆောင်ရွက်ဖို့ ခက်ခဲနေ၏၊ ဤအခြေနေမျိုးတွင် ကျမ်းပြု အကျော် ကျေးဇူးတော်ရှင် ဘာသာဋီကာဆရာတော်ဘုရားကြီး၏ ကျမ်းစာများက အသိအလိမ္မာပညာလိုလားကြသည့် ယနေ့မျက်မှောက်ခေတ်ရဟန်းရှင်လူတို့အား ထာဝရစာချကာ ကျေးဇူးပြုနေ၏။

ကျေးဇူးဆပ်ခြင်း။ ။ မိမိသည် ကျေးဇူးများလှသော ကျမ်းပြုအကျော် ကျေးဇူးတော်ရှင် ဘာသာဋီကာဆရာတော်ဘုရားကြီးနှင့် ကျေးဇူးတော်ရှင်ဆရာတော် အရှင်မြတ်တို့အား ဆရာတော်နှစ်သက်သဘောကျသည့် သာသနာပြုနည်းဖြင့် ကျေးဇူးဆပ်သောအားဖြင့် စာဝါပျက်မည့် ဆွမ်းစားကွမ်းစား အလှူအတန်းများကိုအတတ်နိုင်ဆုံး ရှောင်ရှားကာ ကျန်းမာရေးသိပ်အဆင်မပြေသော်လည်း နေ့စဉ်နေ့စဉ် ပို့ချမည့်အချက်အလက်များကို ရှာဖွေကြည့်ရှုကြံစည်ရေးသားပြီး စာပေပို့ချနေ၏၊ ထိုသို့ရေးသားပြီး ပို့ချသဖြင့် စာဝါတစ်ဝါချပြီးတိုင်း ကျမ်းစာအုပ်မဖြစ်စေကာမူ ပို့ချချက်မှတ်တမ်းကား ကျန်၏၊ ရေးသားပြီးပို့ချခြင်းသည် တိကျစုံလင်မှုရှိစေ၏၊ နောက်နောက်နှစ်များ၌လည်း အလွယ်တကူ ပို့ချနိုင်ရန် အထောက်အကူပြု၏၊ ဓမ္မပဒ အဋ္ဌကထာလာ ဂါထာများ၏ နိဿယကိုလည်း တပည့်များအား ပို့ချရင်း ရေးသားလာ သဖြင့် ဆုံးခန်းတိုင် ရောက်ရှိသောအခါ သာမဏေကျော်စာမေးပွဲများ၌ ပြဋ္ဌာန်းသည့် အတိုင်း အမှတ်(၃)ဟု ၃အုပ်ခွဲကာ ထုတ်ဝေခဲ့ပါသည်။

ပြင်ဆင်ဖြည့်စွက်နုတ်ပယ်။ ။ ဤအမှတ်(၃)ကို ယခုအကြိမ် ရိုက်နှိပ်ထုတ် ဝေခြင်းသည် တတိယအကြိမ်ဖြစ်သည်၊ စတင်ရိုက်နှိပ်ထုတ်ဝေစဉ်က ကြိုးစား၍ အချိန်ယူပြီး ကြည့်ရှုရှာကြံကာ ရေးသားခဲ့သော်လည်း အမှားအယွင်း အပိုအလိုများ ရှိခဲ့သဖြင့် ယခုအကြိမ်၌ ပြင်ဆင်ဖြည့်စွက်နုတ်ပယ်ကာ ရေးသားထားပါသည်၊ နောက်နောက်၌လည်း ချွတ်ယွင်းအားနည်းချက်များကိုတွေ့လျှင်, ထောက်ပြလျှင် ပြင်ဆင်ဖြည့်စွက်သွားဥုးမည်ဖြစ်သည်။

ကျေးဇူးတင်ရှိခြင်း။ ။ ဤတတိယအကြိမ်ရိုက်နှိပ်ရာ၌ ပရင်တာထုတ်နေစဉ် ကွန်ပျူတာတစ်လုံး ပျက်စီးသွားသဖြင့် ငါးသိန်းခွဲကျပ်တန်ူစေအသစကွန်ပျူတာ လှူ ဒါန်းသော မန္တလေးမြို့ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံမှ မိမိ၏ ညီမ ဖြစ်သူ သူနာပြုဆရာမ မကြည်ကြည်ထွေးအားလည်းကောင်း ပျက်စီးသွားသော ကွန် ပျူတာထဲတွင် ရိုက်ပြီးသားစာအားလုံးပါသွားသဖြင့် အစမှအဆုံးထိ စာစီပေးခဲ့သော အရှင်ဝဏ္ဏသာရာလင်္ကာရအားလည်းကောင်း စာအုပ်ထုတ်ဝေရေးစသော အထွေ ထွေကိစ္စများကို အစအဆုံးကူညီဆောင်ရွက်ပေးသော အရှင်ဣန္ဒာလောကာလင်္ကာရ အားလည်းကောင်း အထူးပင် ကျေးဇူးတင်ထိုက်သူများအဖြစ် မှတ်တမ်းတင်ပါသည်။

အရှင်သုဇနာဘိဝံသ ၁၃၇၂-ခုနှစ်၊ တပေါင်းလဆန်း(၂)ရက်

၁-ဝိသာခါယ သဟာယိကာနံ ဝတ္ထုပါဠိဂါထာ

၃၁၃။ ကော နု ဟာသော ကိမာနန္ဒော, နိစ္စံ ပဇ္ဇလိတေ သတိ၊
အန္ဓကာရေန ဩနဒ္ဓါ, ပဒီပံ န ဂဝေသထ။

(ဣမသ္မိံ လောကသန္နိဝါသေ၊ ဤစုဝေးတည်နေရာ သတ္တလောကကို။) နိစ္စံအမြဲ။ ပဇ္ဇလိတေ၊ မီးဆယ့်တစ်မီး တောက်လောင်အပ်သည်။ သတိ၊ ဖြစ်လသော်။ ဝါ၊ ဖြစ်ပါလျက်။ ကော၊ အဘယ်ကြောင့်။ (တုမှာကံ၊ သင်တို့၏။) ဟာသော၊ ရယ်ရွှင်ခြင်း သည်။ (ဟောတိ နု၊ ဖြစ်ရသနည်း။) ကိံ၊ အဘယ်ကြောင့်။ (တုမှာကံ၊ သင်တို့၏။) အာနန္ဒော၊ နှစ်သက်ခြင်းသည်။ (ဟောတိ နု၊ ဖြစ်ရသနည်း။) အန္ဓကာရေန၊ အဝိဇ္ဇာတည်း ဟူသော အမိုက်မှောင်သည်။ ဩနဒ္ဓါ၊ မြှေးယှက်ပိတ်ဖုံးအပ်ကုန်သော။ (တုမှေ၊ သင် တို့သည်။ ကိံ၊ အဘယ်ကြောင့်။) ပဒီပံ၊ ဉာဏ်တည်းဟူသော ဆီမီးကို။ န ဂဝေသထ၊ မရှာမှီးကြသနည်း။ (ပါ-၁၄၆)

၁။ကော ကိံ။ ။ “ကော ကိံ”သည် သဗ္ဗနာမ်ပုဒ်, နိပါတ်ပုဒ် ၂မျိုး ဖြစ်နိုင်သည်၊ ထို တွင် ကောနိပါတ်ပုဒ်သည် ကွဟူသောအနက်, ကထံဟူသောအနက် ၂မျိုးကိုဟောရာ ဤ၌ ကထံဟူသော အနက်ကို ဟော၏၊ ကိံနိပါတ်ကား ပုစ္ဆာအနက်တည်း၊ ပုစ္ဆာအနက်အမျိုးမျိုး တွင်လည်း အကြောင်းကိုမေးသော ကာရဏပုစ္ဆာတည်း။(နီတိပဒ-၃၆၉၊ ၃၇၀-၁)

သဗ္ဗနာမ်ယူလျှင်။ ။ “ကိံ ကာရဏာ”ဟု ထည့်ဖွင့်ပုံကို ကြည့်၍ သဗ္ဗနာမ်ယူလျှင် ဟိတ်အနက်၌ ပဌမာသက်၊ ဆက်ဥုးအံ့-ကိံကို နိပ္ပယောဇန(ပဋိက္ခေပ)အနက်ယူ၍ “တုမှာကံတို့အား၊ ဟာသော-သည်၊ ကော နု-ဘာအကျိုးရှိအံ့နည်း”ဟု ပေးကြသေး၏၊ သို့သော် နိပ္ပယောဇန အနက်ဟော ကိံသဒ္ဒါပါသော ဝါကျနေပုံနှင့် မညီသောကြောင့် မကောင်းပါ၊ မှန်၏-ကိံသဒ္ဒါ နိပ္ပယောဇနအနက်ဟောရာ၌ “ကိံ တေ ဇဋာဟိ ဒုမ္မေဓ, ကိံ တေ အဇိနသာဋိယာ(ခု၊၅၊၇၀)” စသည်တို့ကဲ့သို့ ကရိုဏ်းနှင့် သမ္ပဒါန် ပါရိုးရှိသည်၊ ဤ၌ကား ထိုကဲ့သို့ မပါရကား နိပ္ပယောဇန အနက်ကြံ၍ မပေးသင့်။

ဝိသာခါယ သဟာယိကာနံ ဝတ္ထုဂါထာနိဿယပြီးပြီ။