ဝိနယသံခိပ်/သိမာဝိနိစ္ဆယ

From Wikisource
Jump to navigation Jump to search
ဝိနယသံခိပ်လက်စွဲကျမ်း by လယ်တီဆရာတော်
၃၀။ သိမာဝိနိစ္ဆယ

ဗဒ္ဓသိမ် အဗဒ္ဓသိမ်

၄၃၉။ ကြီးငယ် ကျိုး ရိပ်၊ အနိမိတ်၊ ဗဟိတ် တည်သမုတ်။
၄၄၀။ အိုင် သမုဒ် မြစ်၊ စပ် လွှမ်း လစ်၊ ဆယ့်တစ် သိမ်ပျက် ထုတ်။
၄၄၁။ ဗဒ္ဓါ ဗဒ္ဓ၊ သိမ်နှစ်ဝ၊ ဗဒ္ဓ ခဏ် မဟာ။
၄၄၂။ တိုက်ထောက် ခဏ္ဍ၊ တိုက်လုံးကျ၊ ဗဒ္ဓ သိမ်မဟာ။
၄၄၃။ နိမိတ် ကမ္မဝါ၊ ပရိသာ၊ သုံးဖြာ သံ ဝပ် လာ။
၄၄၄။ တောင် ကျောက် တော သစ်၊ မဂ် ရေ မြစ်၊ တောင်ရှစ် နိမိတ်လာ။
၄၄၅။ ဗာတ္တိံပလ၊ တင်လဲမျှ၊ လောက်ထ ကျောက်နိ မှာ။
၄၄၆။ ထွက်ရေ လောင်းရေ၊ ဤ နှစ်ထွေ၊ လောက်လေ ရေနိမှာ။
၄၄၇။ ကံပြီးရုံမျှ၊ တည်နေက၊ လောက်ထ ရေနိ သာ။
(ဗဒ္ဓအချင်းချင်း အဇ္ဈောတ္ထရ သမ္ဗန္ဓ သင်္ကရ)
၄၄၈။ ဗဒ္ဓသိမ်ချင်း၊ လွှမ်း စပ်ခြင်း၊ အလျှင်း မပြုရာ။
၄၄၉။ သိမ်မှီထိက၊ ကံပျက်ရ၊ သီမ သင်္ကရာ။
၄၅၀။ သိမ်ဟောင်းတစိ၊ ရှိ မရှိ၊ အသိ ခက်လှစွာ။
၄၅၁။ သိမ်မှီ ရောထ၊ သင်္ကရ၊ ကြောင့်ကြ စိုက်ဖို့ရာ။
ဗဒ္ဓသိမ်ခန်း အမြွက်ပြီး၏၊

-------------

ဂါမသိမ် သတ္တဗ္ဘန္တရသိမ် ဥဒကုက္ခေပသိမ်

၄၅၂။ ရွာနယ် မြို့နယ်၊ နိဂုံး နယ်၊ သိမ်နယ် သီးသီးသာ။
၄၅၃။ ဂါမ ကြီး၌၊ နယ်သီး ကွက်မှု၊ မင်းစိုးပြု၊ ဝိသုဂါမသာ။
ဂါမသိမ်အမြွက်ပြီး၏၊

-----------------

၄၅၄။ ရွာနယ် လွတ်လေ၊ တော တောင်မြေ၊ ယူလေ သတ္တဗ္ဘန္တရာ။
၄၅၅။ တောင် နှစ်ဆယ့်ရှစ်၊ အဗ္ဘန် တစ်၊ ခုနစ် ဆ နော ဧး။
၄၅၆။ ထုတ်ချင်း ခတ်မူ၊ နှစ် ပြန်ယူ၊ တောင်မူ ဒွိ နော တေး။
၄၅၇။ သံဃာ စွန်းမှ၊ ခုနစ် အန္တရာ၊ ယူမြဲသာ၊ သံဃာ ပွား တိုင်းပွား။
သတ္တဗ္ဘန္တရသိမ် အမြွက်ပြီး၏၊

--------------

၄၅၈။ မြစ် သမုဒ္ဒရာ၊ ဇာတဿရ၊ ရေနယ်ကျ၊ ဥဒက္ခေပါ။
၄၅၉။ မိုဃ်းမှန်ရွာက၊ မိုဃ်း လေးလတွင်း၊ သင်းပိုင် စွတ်လောက်၊ စီးတုံမြောက်၊ လောက်ပြီ မြစ်အင်္ဂါ။
၄၆၀။ မိုဃ်းခေါင်သော်လည်း၊ ဆောင်းနွေရောက်ဘိ၊ ရေမရှိ၊ သဲ တိမြစ်ပင်သာ။
၄၆၁။ လူ မပြုဘဲ၊ သူ့ အလိုဇာစ်၊ အင်း အိုင် ဖြစ်၍၊ မိုဃ်းခေတ် လေးလ၊ ရေတည်က၊ လောက်ထ ဇာတဿာ။
၄၆၂။ ဆောင်း နွေရောက်ဘိ၊ ရေ မရှိ၊ ပကတိပင်သာ။
၄၆၃။ အားကုန်လွှဲ၍၊ ရေ သံ ကြဲ ပစ်၊ ကျရာခေတ်၊ သိမ်ဖြစ် ရေသောင်မှာ။
၄၆၄။ ရေပြင် ရွှံ့ပြင်၊ ဖြစ်ခဲ့လျှင်၊ ထိုတွင် သိမ် ငြမ်းထား။
၄၆၅။ လှေ ဖောင်နှင့်သာ၊ ပြုကြရာ၊ ကမ်းမှာ မချည်ရ။
ဥဒကုက္ခေပသိမ် အမြွက်ပြီး၏၊

--------------

အဗဒ္ဓချင်း အဇ္ဈောတ္တရဏ သမ္ဗန္ဓ သင်္ကရ

၄၆၆။ ဂါမ နှင့် သတ်၊ ဥ ရောလတ်၊ မအပ် ကံပျက်ကြ။ (ဗဒ္ဓနှင့် အဗဒ္ဓ အဇ္ဈောတ္ထရဏ သမ္ဗန္ဓ သင်္ကရ)
၄၆၇။ ဂါမ နှင့် ဗဒ်၊ လွှမ်း စပ် ရောဘိ၊ ပြစ် မရှိ၊ နိဿိ နိဿယ။
၄၆၈။ ဗဒ္ဓနှင့် သတ်၊ ဥ ရော လတ်၊ သုံးရပ် အပြစ်ရ။
သိမ်ခန်း အမြွက်ပြီး၏၊

------------