ဝိနယသံခိပ်/ကပ္ပိခြင်း ငါးပါးအမြွက်

From Wikisource
Jump to navigation Jump to search
ဝိနယသံခိပ်လက်စွဲကျမ်း by လယ်တီဆရာတော်
၁၁။ ကပ္ပိခြင်း ငါးပါးအမြွက်

၁၁၉။ ပင်စည် အမြစ်၊ အဆစ် ညွန့်ဖျား၊ အစေ့အား၊ ငါးပါး ဗီဇဂါမ်။
၁၂၀။ ဖျက်ဆီးတုံလတ်၊ သင့်ဒုက္ကဋ်၊ ငါးရပ်လွတ်ကြောင်းဖန်။
၁၂၁။ မီး, ဓါး, လက်သဲ၊ ကပ္ပိနဲ၊ နုဆဲ ပယ်နုတ်ခံ။
၁၂၂။ လူ သာမဏေ၊ ကပ္ပိစေ၊ လွတ်လေ မျိုးသန္တာန်။

* ကပ္ပိစေလိုသောရဟန်းက ကပ္ပိယံ ကရောဟိ ဟုဆို။
* လူ သာမဏေက ကပ္ပိယံ ဘန္တေ'' ဟုဆိုရမည်။

၁၂၃။ မီးနှင့် တို့လင့်၊ ပူရှိန်သင့်၊ အခွင့် လျော်လောက်တန်။
၁၂၄။ ပြတ်ရာ ပေါက်ရာ၊ ထင်မှသာ၊ မြောက်ရာ ဓားလက်တံ။
၁၂၅။ တစ်ခုမိက၊ တောင်ရှိများစေ၊ ထိစပ်ပေ၊ မြောက်လေ ကပ္ပိယံ။
ကပ္ပိခြင်းငါးပါး အမြွက် ပြီး၏၊
ဆွမ်းဟူသော မှီရာ နိဿယ အမြွက်ပြီး၏၊