ဝါဆိုလဘွဲ့ လေးချိုး

From Wikisource
Jump to navigation Jump to search
ဝါဆိုလဘွဲ့
by ဦးပြုံးချို

အုံ့မှိုင်းငယ်တဲ့ နယ်ရှစ်ခွင်
ငွေစန်း အာသဠီနှင့်
ယဉ်ကာမှီ ပုဏ္ဏာပြည့်တယ်
ထွန်းသည့်ဝေဟင်။

နဘန်မှာ ပြာမှိန်ခပါလို့
ဝသန္တာ ခါချိန်စမှာမို့
နာဂိန်ပ တာရာဆင်
အာကာခွင်က ပဇ္ဇုန်ဖျန်း။

ပဉ္စင်းတော်ခံ
မယွင်းနော် အခါတန်ပေါ့
မဟာဒါန် အဋ္ဌင်္ဂငယ်နှင့်
ဘဂဝါ အရဟံ ရင်ပြင်ဝမှာလ
တင်သရန် မာလာကုံးကြတယ်
ပုန်းညက်ငွေပန်း။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.