ဝါဆိုစဉ်ရကန်

From Wikisource
Jump to navigation Jump to search
ဝါဆိုစဉ်ရကန်
by စိန္တကျော်သူ ဦးဩ

(၁) ဇေယတု။ ။ လောကတိုင်းနတ်၊ ငါးမာရ်မြတ်၏့၊ အဋ္ဌုပ္ပတ်တော်၊ ခဲးခက်လှော်သိသာဖွယ်။ ။ သေလာရုယှ၊ ကစ္ဆပသို့၊ ချက်ကျရကန်သွယ်အံ့။ ။ အိမ်နိမ့်ဝယ်သောဠသ။ ။ ဆဲ့ခုနစ်တိုင်၊ နန်းသစ်ထိုင်၊ ရန်ပြိုင်မဆွယ်ရလျက်။ ။ ဧကူနသည်တိံသပြည့်။ ။ ပြည်တော်ခွာသန်း၊ ကြာသင်္ကန်းနှင့်၊ ရဟန်းပြုလေတည့်၍့။ ။ မင်းစံမှည့်လည်းမယှဉ်ရ။ ။ အလှစမ္ပယ်၊ ရူပကာယ်သည်၊ ကြာ့နှယ်ညှိုးလျလျနှင့်။ ။ ဝိပါကရှေးပစ္စည်း။ ။ ၇၀-ကျော်၊ ၂-လပေါ်အောင်၊ ကျင့်တော် အလွန်သည်း၍့။ ။ မာရ်ငါးစည်းကို၊ တိုက်လှည်းပစ်။ ။ ဗောဓိပလ္လင်ပေါ်၊ သုံးဆယ်ကျော်ငါးနှစ်လေး။ ။

(၂) သုံးဆယ့်ငါးနှစ်၊ မာရ်ငါးစစ်ကို၊ တိုက်လစ်နိုင်။ ။ သုံးခေတ္တလုံး၊ ဘုံပတ်ကုံးဝယ်၊ မင်းဆုံးပြီပြီပိုင်၍့။ ။ ရန်မပြိုင် ကာသိတိုင်း။ ။ ပြည်ကြီးဗာရာ၊ မိဂဒါဝယ်၊ စုံသာမြိုင်မှိုင်းမှိုင်းနှိုက်။ ။ဂုဏ်ခဲလှိုင်းပွင့်သစ်စ။ ။ ပထမဝါ၊ ယင်းကခွာ၍့၊ လေးဝါမြောက်ထိုင်ကျအောင်။ ။ ဝိဟာရဝေလုဝန်။ ။ ရာဇဂြိုဟ်မှာ၊ မဂ်ဖိုလ်ချမ်းသာလွန်၏။ ။ ကျော်တိုင်းဝှန်းခြီးမကုန်။ ။ ဝေသာလီပြည်၊ သာထူးလည်။ ရိပ်စည်မဟာဝုန်နှိုက်။ ။ ရွှေရောင်ဟုန်ပြောင်ဝင်းလျှပ်။ ။ ကုဋာဂါရ၊ ဘုံသာလှမှာ၊ ပဉ္စမ ဝါကပ်၏့။ ။ ခြောက်ထပ်တိုင်လတ်ခါ။ ။ မကုလတောင်၊ ဗွေထိပ်ခေါင်ဝယ်၊ ဉာဏ်ရောင်နေ့နှယ်ဖြာမှ။ ။ လမ်းသာစက်ချီလှည့်။ ။ ခုနစ်ဝါမြောက်ချိန်၊ မြတ်မုနိန်သည်၊ သာဝတိန်မှာတည့်လေ။ ။

(၃) သဂ္ဂတိုင်းသာ၊ သံသုမာဟု၊ ပြည်သာတင်။ ။ မြေပြင်တလင်း၊ သာဘိခြင်းနှင့်၊ ပဲးစင်းကုန်တောတွင်လည်း။ ။ ကြို့ကြို့ပင်ဝန်းရစ်ဆိုင်။ ။ ကောသမ္ဗီနှင့်၊ ဋ္ဌာနီတကွဲး၊ ပလလဲး-ပင်မြိုင်မြိုင်နှိုက်။ ။ ပန်းကြိုင်ကြိုင် လှိုင်ပြပြ။ ။ နာဠမည်သာ၊ ပုန်ဏားရွာနှင့်၊ ဝေရဉ္ဇာရဋ္ဌဝယ်။ ။ စာလီယပဗ္ဗတေ။ ။ ဇေတဝန်သာ၊ နိဂြောဓာဟု၊ ဘုံသာကျောင်းရဝေမှ။ ။ နဂရေအာဠဝီ။ ။ ဂီရိဗ္ဗဇ၊ စာလီဟဟု၊ တွက်ချရုံးခဲ့စီသား။ ။ ယင်းဤဆဲ့တရပ်။ ။ ရှစ်ဝါမြောက်က။ ။ ဆဲ့ရှစ်ကျအောင်ဟပလော့။ ။ ပညာလျှပ်မှ၊ အတပ်သိမည့်တည့်။ ။ နည်းလေးဆယ်ထဲးတွင်မှာ၊ ယထာသင်္ချာနည်းလေး။ ။

(၄) တဆဲ့ကိုးဝါ၊ နှစ်ဆယ်ဝါ၊ ရာဇဂြိုဟ်။ ။ အနိယတ်ဝါ၊ ယင်းသို့သာလျှင်၊ လှည့်ကာပတ်ကာဆိုမှ။ ။ ပုဂ္ဂိုလ်များ သျှောင်ပန်း။ ။ ဇေတဝန်သာ၊ နိဂြောဓါဟု၊ ပုပ္ဖာရုံရွှေနန်းဝယ်။ ။ မှန်မယွင်းခြောက်ဝါကပ်။ ။ ပဉ္စာပဉ္စ၊ နိယတနှင့်၊ ဝီသ ယင်းနှစ်ရပ်ကို။ ။ သင်္ချာစပ်၍့၊ ထက်ကြပ်ပေါင်း။ ။ လေးဆဲ့ငါးဝါ၊ မှန်ကန်စွာသည်၊ ကျမ်းလာမညီတောင်းတည့်။ ။ ဂုဏ်အသောင်း၊ ဘုန်းအသန်း။ ။ သက်တော်ရှစ်ဆယ်၊ ပြည့်ဖြိုးကြွယ်အောင်၊ ဘုန်းကြွယ်နိဗ္ဗာန်နန်းနှိုက်။ ။ ဖြောင့်တန်းတန်း စံနေလှည့်။ ။ ပြည့်ကုသိန္နာရုံ၊ အင်ကြင်းစုံမှာတည့်လေး။ ။

(၅) လောကသုံးဦး။ ခေါင်မှန်းဖူး၏့၊ ကျေးဇူးစာ။ ။ ရှေးကဆိုဟန်၊ အတန်တန်သည်၊ ရကန်ရတုမှာပင်။ ။ ကျမ်းနှင့်စာ၊ ညီလာပဲး။ ။ ဘီး-ကိုရှင်မှာ၊ မထင်သာသည့်၊ တောင်ယာနှင့်ခနွဲးသို့။ ။ အလွဲးလွဲးအချွတ်ချွတ်။ ။ ပညာနည်းသူ၊ တို့အောက်လူတို့၊ အယူဝါဒလွတ်ချိမ့်။ ။ ရှေးစာချွတ်လည်း-တည့်မတ်အောင်။ ။ အာဇာနည်လူ၊ ယှဉ်မပြူသည်၊ ငတူမင်း ရွှေတောင်က။ ။ ယဉ်လှအောင်စပ်ဆိုဘိ။ ။ လင်္ကာပုဒ်တွင်၊ သာရအင်နှင့်၊ ရှင်ပင်မိန့်တော်ယှိ၍့။ ။ စံကဝိလူပုဂ္ဂိုလ်၊ နိဂုံးနှင့်တကွ၊ ပဉ္စမကို၊ ပဒပြည့်အောင်ဆိုရှင့်။ ။ ရကန်ချိုပေါ်သစ်စ။ ။ ကျမ်းနှင့်ညီအောင်၊ နိဒါန်းဆောင်သည်။ ။ ရွှေတောင်ဂါမော်ကတည့်လေး။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.