Jump to content

ဝါခေါင်လဘွဲ့ လေးချိုး

From Wikisource
ဝါခေါင်လဘွဲ့
by ဦးပြုံချို
184223ဝါခေါင်လဘွဲ့ဦးပြုံချို

လစန်းရယ်တဲ့ ငွေဘုံဆောင်
ပြည့်ဝန်းကြယ် သရဝဏ်နှင့်
နယ်တဝှန် ရှစ်ခွင်တိုင်းမှာ
မှိုင်းရီလို့ မှောင်။

ငွေတာရာ သိန္ဓာငယ်တို့
ဝေဟာမှာ အရှိန်ပြပါတဲ့
ချိန်သမယ လဝါခေါင်မှာ
ငွေသောင်မြစ် ပြည့်လျှမ်း။

ခတ္တာငုံ
ချပ်လွှာမှုံ တကြူကြူနှင့်
ပြည်နိဗ္ဗူ ပတ္ထနာသန်လို့
စာရေးတံ လှူတော်ပွဲကို
(အိုကွယ်) နွှဲပျော်ဖို့လှမ်း။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.