ဝဋ်လိုက်တတ်တယ်

From Wikisource
Jump to navigation Jump to search
ဝဋ်လိုက်တတ်တယ်
by လှိုင်ထိပ်ခေါင်တင်
လှိုင်ထိပ်ခေါင်တင်၏ ဝိဇယကာရီ နန်းတွင်းဇာတ်တော်ကြီး ဆဝီသတိတွဲမှ

မြခဲရောင်နွယ်၊ ရွှေကျေးငယ်ကို၊
မွေးချင်တယ်မပူဆာနှင့်၊
နန်းညာ ရွေမြင့်နတ်ကယ်လေး။ ။

ရှေးဝဋ်ကျန်အောင်၊ မဖန်သာသင့်၊
မြိုင်လုံးတင့်တဲ့၊ ပင်မြင့်သဇင်၊
ဂမုန်းအင်၊ တော်ဝင်တဲ့မြတ်လေး၊
မောင်ဆွတ်ပေးမယ်ပ၊ ပျံ့မွှေးငယ်ချိုချို၊
ငိုမာန်ဖွဲ့လို့၊ အနွဲ့တော်ပိုလှချည့်၊
ကွန်းခိုတဲ့ရွှေဘုံပျော်မှာ၊
အမူတော် သည်မယ်များလှချည့်၊
ချုံရိပ်နေ ဟိုရွှေကျားက၊
စားတတ်တယ်လေး။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse