လေးမောင့်စံကျောင်း တေးထပ်

From Wikisource
Jump to navigation Jump to search
လေးမောင့်စံကျောင်း (ရုက္ခမူ)
by စလေ ဦးပုည

မုလေးရုံတောစ၊
ဒေါနလမ်း မြေညီ၊
လျှောကျစမ်း ရေခင်းကြည်ဝယ် (ရေသင်းကြည်တယ်)၊
ရွှေနှင်းဆီကန်ချောင်း(ကျောင်း)၊
လွမ်းမတတ် စကားဝါဂူ(ငူ)မှာ၊ [လွမ်းစရာ့ စကဝါဂူမှာ]
နံ့သာဖြူလေးမောင့်စံကျောင်း။

စပယ်ချပ် [ပင်ဇလပ်] သရဖီချောင်(မှာ)၊
ခွာညိုတောင် ခိုအောင်း၊
ရွှေသဇင် စုပေါင်းတဲ့ ‎(မွှေးနံ့သာစုပေါင်းလို့) [မွှေးနံ့သာစုပေါင်းတဲ့]၊
နုညောင်စောင်းထက်မှာ၊
ပဒုမ္မာကြာသင်္ကန်းငယ်နှင့်၊ [ပဒုမ္မာကြာသင်္ကန်း]
ခါဆင်မြန်း တောမွေ့ပျော်(ပျော်မွေ့)ရာ။

‎ပန်းသော်က [ရွှေသော်က] တံတိုင်း(တန်တိုင်း)ကာသည်၊
ဇီဇဝါ မုခ်(မုတ်) [မုဋ္ဌ်] ခြားလို့၊
တံခါးက ခရား(ချရား) [ချယား] ကြိုင်၊
သင်းတဲ့ ဂနိုင်၊
‎ယုဇန [ရုဇန] မဟာမြိုင်မှာ၊‎
တဝါပိုင် ကြိုးချင်ပေါ့လေး။
ကပ္ပါ (ကမ္ဘာ)တိုင်မှီးမယ်ပလေး။ (မူကွဲ)
[ကမ္ဘာတိုင်မှီးမယ်ပလေး။]


မှတ်ချက်

  • ဦးတင်မြင့် (ဝိဇ္ဇာ-ဂုဏ်ထူး) တည်းဖြတ်သည့် "ဦးပုည လက်ရွေးစင်စာများ" မှ မူကို မူရင်းတေးထပ်အနေဖြင့် ယူပါသည်။
  • () အတွင်းမှ စာသားများမှာ ဦးတင်ထွေး၏ "ဦးပုည၏ စာပန်းကုံးများ" (ဒုတိယတွဲ) မှ ကောက်နုတ်သည်။
  • [ ] အတွင်းရှိစာသားများမှာ ဂီတဝိသောဓနီကျမ်း (ဒုတိယအကြိမ် ပုံနှိပ်ခြင်း)၊ အပိုင်း-၄၊ ပကဏ္ဏိက ကဏ္ဍ၊ တေးထပ်များ၊ (စာမျက်နှာ-၂၇၂)။ အမှတ်-၆၊ တေးထပ်မှ မူကွဲဖြစ်သည်။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse