လာမချော့လာနှင့်

From Wikisource
Jump to navigation Jump to search
လာမချော့လာနှင့်
by လှိုင်ထိပ်ခေါင်တင်
လှိုင်ထိပ်ခေါင်တင်ရေး ဝိဇယကာရီပြဇာတ်မှ

လာမချော့လာနှင့်၊ တန်တော့ဖျရွှေကိုယ်၊
ဘုန်းမိုမိုငယ်၊ မယ်ကလိုမောင်မညှာလို့၊
ရှောင်ခွာစိမ်းရက်တယ်လေး။ ။

လှမြတ်စွာငယ်၊ မကြာစေကြောင်း၊
ရွှေစကြာညောင်းမည်လို့၊
သောင်းလုံးမှန်ကူ၊ ရွှေဗျာငြိမ့်နှင့်၊
ဆင်မိန့်တော်မူခဲ့၊ ဒါရူလုံး ကေဆံငယ်၊
တပြည့်စံ နှစ်ပြည်မွေ့လို့၊
သူမေ့တယ်လေး။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse