လာခဲ့ပကျုပ်တို့ရွာ

From Wikisource
Jump to navigation Jump to search
လာခဲ့ပကျုပ်တို့ရွာ
by ဦးကြီး

ခါတလှဲ့၊ လာခဲ့ပကျုပ်တို့ရွာ၊
ဝေးမကွာ၊ ပြေးလာလျှင် တာမထောက်ပါဘူ့၊
ရွာမြောက်က မန်ကျည်းစဉ်၊
ရွာဝင်မှာ ပင်စောင်ချမ်းငယ်နှင့်၊
မြောက်လမ်းကွေ့ အနောက်ဆွယ်မှာ၊
ကြောက်စဖွယ် မျက်နှာထားပါလို့၊
ရွာသားတွေ အာဏာကြို့ရ၊
မင်းပြည်စိုး အိမ်အိုတောင်မှာ၊
အခေါင်စောက်နှင့်တဲကိုလေး။ ။

ဖျာမလွန်၊ နွားခွံအခင်း မြေတလင်းမှာ၊
နေခင်းပျော်အင် လိမ်းကျောက်ပျဉ်နှင့်၊
ဗိုင်းငင်ဝါဖန်၊ အိမ်လုံးသာညံတော့၊
သန်းယံချိန်ကျော်၊ သူငယ်ချင်းကိုလှ၊
အပျင်းပြေဖျော်ရအောင်၊
လုံးတော်ပုပြောင်းဆန်ကို၊
ပေါင်းလန်အောင် ဖျော်ဟင်းငယ်နှင့်၊
ဦးရင်းရေမျို ချဉ်းအောင်၊
သွင်းစေ့မယ်လေး ။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse