လယ်သမားဘွဲ့ တျာချင်း

From Wikisource
Jump to navigation Jump to search
လယ်သမားဘွဲ့ တျာချင်း
by ဝန်ကြီး ပဒေသရာဇာ

ဝသန်ကာလ၊ မိုးကျတည့်လျှင်၊
ပျော်ပျော်ပါးပါးမယားနှင့် ဆွေငယ်လင်။
လက်တွဲငယ်ခြေငင် ကိုယ်တွင်အဝတ်။
ပုဆိုး အင်္ကျီ၊ စုတ်ပြဲပြီ၊ ချည်နီဗေါင်း တွက်တွက်ကယ်နှင့်လေး။ ။

မိုးရေစွတ်လို့ အဝတ်ကယ်မပါ။
သားသ္မီးကို၊ ကိုယ်ထီးပွေ့လို့သာ။
ဆေးတံတထွာ၊ ကိုက်ကာထွန်ရင်း။
လယ်ကွက်ကယ်တခွင်၊ထွန်ရေးငင်၊ ရေဝင်ပုစွန်တွင်းငယ်နှင့်လေး။ ။

ဖါးပေါင်စင်းငယ်၊ ခြင်းပလိုင်းဝယ်။
ခရုပိလော၊ရောနှော၍သာလွယ်။
ဟင်းရွယ်ကယ်နုနယ်၊ တသွယ်ကန်စွန်း။
ဆူးပုပ်ကယ်ကင်းပုံ၊ အလုံးစုံ၊ ဖူးငုံသာရော၍ ပြွမ်းသည်နှင့်လေး။

ချိုလည်းချိုလွန်း၊ ရည်ရွှမ်းများစွာ။
ကြံ့ဟင်းကြွက်နားပေါင်း၊ သောင်းပြောင်းရော၍သာ။
အိမ်သို့ရောက်ခါ၊ လျင်စွာချက်ပြုတ်။
ထမင်းကပူ၊ ဟင်းကပူ၊ ရှူရှူသာရှမ်း ငရုတ်ကယ်နှင့်လေး။ ။

အလုပ်ကယ်ဧရာသာ၊ ငုံ့ကာလွေးတော့သည်။
သားမြေးငယ်မာချာ၊ ဘယ်ညာထွေးတော့သည်။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse