လယ်တော်ထွန်စ နေ့ကျော်မှာ

From Wikisource
Jump to navigation Jump to search
လယ်တော်ထွန်စ နေ့ကျော်မှာ
by ရွှေတိုက်စာရေး မောင်မင်းအောင်
ဘိုးတော် ပဌမမင်းတရားကြီးလက်ထက်တော် ရွှေတိုက်စာရေး မောင်မင်းအောင်ရေးသော လယ်ထွန်မင်္ဂလာတျာဘွဲ့။ (ဂီတဝိသောဓနီမူ)

လယ်တော်ထွန်စ နေ့ကျော်မှာ။ လမိုင်းတံခွန်-တွင်းဝန်တည့်မတ်လိမ္မာ။ ။ သည့်ပြင် မှာ ငယ်လေ ပြည်ဦးကင်း။ ။ မြောက်ဘက်ကယ်တိုက်ဝန်-ရွှေနန်းစဉ်ကျွန်။ ရွှေထွန်ကြီးတစ်စင်းငယ်နှင့်လေး။ ။

ဇမ္ဗူပိုင် ထိပ်နင်းရှေ့တော်မှာ။ အစဉ်မကွဲ-လက်ဝဲလက်ျာ။ ။ ဘုန်းဧရာငယ်လေ၊ကိုယ်လုံးဝင်း။ ။ ရွှေသားငယ်မြင်းတိုတွင်။ ချပ်မိန်ညိုဆင်။ နေလုလင်ပြိုင်နှုန်းကင်းရလေး။ ။ လယ်တော်တွင်းငယ်မှ။ ကြယ်မင်းဥက္ကာ။ နားလှာကျသို့လေ။ ။ သောက်ရှူးတော်-ရွှေကုံးနှင့်။ တိမ်လုံးပြည့်-လျှပ်နွယ်။ အံ့ဘွယ်များလှလေး။ ။ မဟာသမတ ဆက်စဉ်လာ။ လယ်ထွန်အောင်ခန်း။ ရွှေနန်းမင်္ဂလာ။ ထွန်တော်သိင်္ဂါမှာ-ရန်မျိုးပ။ ။ နန်းလုံးငယ်မျက်ရှင်။ ရွှေစက်တော်တင်။ စမ္ပါယ်ရှင် ရှဉ်းစုံက,သည်နှင့်လေး။ ။ ရွှေနန်းငယ်ရံသ, နတ်ဣန္ဒာ။ ရွှေထွန်တော်ကြီး-အနီးအဝေးမကွာ။ ။ သည့်နောက်တော်မှာလေ-မင်းသားကြီး။ ။ တော်ဒူးငယ်စနည် ။ ရာထူးလည်။ စဉ်စီရွှေထွန် စီးပါလို့လေး။ ။ လယ်တော်ကြီးငယ်မှ။ ရွှေထီးငယ်နှင့်သာ။ စံကာမြန်းတော့သည်။ ။ မြင်းရှည်တော် ရွှေသားနှင့်။ တိမ်ကြားက နတ်နှယ်။ သွယ်သွယ်ဆန်းလှသည်။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse