ရှစ်နယ်အုံ့မှိုင်း ဘောလယ်
Jump to navigation
Jump to search
သင်းပျံကြိုင်ရွှင်
ဂေါ်ဇင်ဖီဖူးရယ်တို့၊ တော်ဝင်မှီဦးရှာကြ
ထူးသစ်တဲ့မြိူင်
တွဲလို့နွှဲလို့ ရစ်ဝဲကာဆိုင်
ရွှေငှက်ကယ်မောင်နှံတို့၊ တောင်ကမ်းပါးယံစွန်းမှာလေး
ခွန်းသံဆင့်ပြိုင်။
ရွှေပြည်တော် နန်းကိုတဲ့၊ ရမ်းရော်ဆနိုင်
အလွမ်းရယ်ဗျာလှိုင်လို့၊ သာခွေယိုင်နွမ်း
ဖော်မစုံပန်းသူမို့ ၊ လွမ်းဗျာထုကြုံ
ရှစ်တိုင်းရယ်ပြာမှုန်လို့ ၊ ရွာတော်ပုံပျိုးတယ်လေး
မိုးစည်းစိမ့်စွေ။
ရှစ်နယ်အုံမှိုင်းပါလို့၊ ဘုံတိုင်းနဘေ
ချုံသိုင်းဝလာဗွေက၊ မဟာမေဃော
ဗျာပါဝေမောစေဖို့ ဖြိုးလျှပ်အုံ
မိုးနတ်ပဇ္ဇုန် ဘယ်မာန်ဟိန်းတယ်လေး
ပိန်းပိတ်လို့ရုံ။
![]() |
This work was published before January 1, 1928, and is in the public domain worldwide because the author died at least 100 years ago. |