ရှင်မဟာကဿပ ကျောက်စာ

From Wikisource
Jump to navigation Jump to search
ရှင်မဟာကဿပကျောက်စာ  (သက္ကရာဇ် ၆၁၀) 
by ရှင်မဟာကဿပ

၁၊၂၊၁၂၃၊၁။
“သကရဇ် ၆၀၆ ခု အာသတ်နှစ် နတ်တဝ်လဆုတ် ၅ရျက် အနန္တသုက္လောင်ရှိယ္အ်နှိုက် အရပ်
ကြီတစ်ခု မင်လှတည်ရုယ္အ် ဖုန်မ္လတ်ကြီမဟာကတ်သပ နိယ်ဧအ်။ ထိုဝ်မိမိနိယ်ရာက္လောင်နှိုက္ကာ အရျာသင်္ဃာ တကာတို
ဝ်အာရည်ရုယ္အ် ဖုန်မ္လတ်သောလှူဧအ်။ ထိုဝ်လှူသော လယ်ကာ သင်တောင်ခရိုန်အခွင် သုရောက္ခမည်သော အရပ်နှိုက် ဖုန်မ္လတ်သောအ်အဖို
ဝ်ကြီ သင်ကြံမသူဧအ် မဟာတန်လယ်ကိုဝ် သင်ကြမ္မသူ အတည်မယ်သ ဖ္လစ်ခရကာ ငရောက်သင်မည်သော မ္လိယ် မ္လစ်သည် စာရစ်ဧအ်။ င
ရောက်သင်လေ ဆိုဝ်ငြယ်ပျက်စီခရကာ ရောင်စခဧအ်။ ငာရောက်သင် အတည်မယ္အ် ဖ္လစ်ခရကာ ဆိပ်တောင်ကင် သည်စကြဝ်တိုဝ်။ အတိုဝ်
မိုဝ်မ္လိယ်ဟူ မိန္အ်လတ်ဧအ်။ ထိုဝ်ရှဝ်အခာ စတုရင်္ကပိုလ်နှင် အစလဖရစ်။ ဤယ်အမတျာကြီနှစ်ယောက် ဆိပ်တောင် ကင်သည်စကြဝ် ကလန် သံပျင် ခ
ပင်ဆောင်ခရုယ္အ် က္လောင်နှိုက် ဖုန်မ္လတ်သော မဟာကဿပထံလျှင်လာရုယ္အ် အစိတ်အစိယ်ဆင်ပိယ်ရကာ ဆိပ် တောင်ကင်သည်စကြဝ်တိုဝ္အ်ကာ မဩင်
ဖုန်မ္လဿမဟာကဿပအဖိုဝ် သင်ကြံမသူကိုဝ် မင်ပိယ် သော စာရင်အမှတ်ဟိရကာ ဖုန်မ္လဿမဟာကဿပကာ ဩင်သတေ။ ဩင်ပြိသရှဝ် ဖုန်မ္လေဿာဟူဧ
အ် ငာရောက်သင်လေ ငြယ်က္လွတ်စိမ်ဟုရုယ္အ် အယင် ရောင်ပေါင်စရာနှိုက်ကာ လူသုခမိန် ဓမ္မဘဏ္ဍာကိုဝ် သင်္ဃကဥစ္စာနှင် ရုယ်ခ္လွတ်လိုက်စိ
၁၀ ယ်ရုယ္အ် ရသောလယ်ကာ ၈၉။ တစ်ပယ်သောကာ ၁၅က္လျပ် ပိယ်ရုယ္အ်ရသောလယ်တေ။ သင်္ဃာလိယ်မျက်နှာ ရည်ရုယ္အ် လှူသတေ။ ၀ ။”

[သက္ကရာဇ် ၆ဝ၆ ခု အာသန္နီနှစ်၊ နတ်တော်လဆုတ် ၅ရက်၊ အနန္တသူကျောင်းရှေ့၌ အရပ်ကြီးတစ်ခု မင်းလှ တည်၍ ဘုန်းမြတ်ကြီးမဟာကဿပနေ၏။ ထိုမိမိ နေရာ ကျောင်း၌ကား အရိယာသံဃာတကာတို့အား ရည်၍ ဖုန်းမြတ်သောလှူ၏။ ထိုလှူသောလယ်ကား သင်တောင်ခရိုင်အခွင် သုရောက္ခမည်သော အရပ်၌ ဖုန်းမြတ်သော၏ အဘိုးကြီး သင်ကြံမသူ၏မဟာဒါန် လယ်ကို သင်ကြံမသူ အတည်မဲ့သော ဖြစ်ခရကား ငရောက်သင်မည်သော မြေး မြစ်သည် စားရစ်၏။ ငရောက်သင်လည်း ဆင်းရဲပျက်စီးခရကား ရောင်း စားခ၏။ ငရောက်သင် အတည်မဲ့ ဖြစ်ခရကား ဆိပ် တောင်းကင်းသည်စကြောတို့ အတို့ မိုးမြေဟု မိန့် လတ်၏။ ထိုရောအခါ စတုရင်္ဂဗိုလ်နှင့် အစလဘိရာဇ် ဤအမတ်ရာကြီးနှစ်ယောက် ဆိပ်တောင်းကင်းသည် စကြော၊ ကလန်၊ သံပျင်ခပင်းဆောင်ခ၍ ကျောင်း၌ ဖုန်းမြတ်သောမဟာကဿပထံလျှင်လာ၍ အစိတ်အစေး ဆင်ပေရကား ဆိပ်တောင်းကင်းသည် စကြောတို့ကား မအောင်၊ ဖုန်းမြတ်သောမဟာကဿပအဘိုး သင်ကြံ မသူကို မင်းပေးသော စာရင်းအမှတ်ရှိရကား ဖုန်းမြတ် သောမဟာကဿပကား အောင်သတည်း။ အောင်ပြီး သရော ဖုန်းမြတ်သောဟူ၏ ငရောက်သင်လည်း ငရဲ ကျွတ်စိမ့်ဟူ၍ ယင်းရောင်းပေါင်စားရာ၌ကား လူသုခမိန်ဓမ္မဘဏ္ဍာကို သံဃိကဥစ္စာနှင့် ရွေးချွတ်လိုက် စေ၍ရသော လယ်ကား ၈၉၊ တစ်ပယ်သောကား ၁၅ ကျပ် ပေး၍ရသောလယ်တည်း။ သံဃာလေး မျက်နှာရည်၍ လှူသတည်း။]

၁၊၂၊၁၂၃၊၂။
၂၃ ...“ဤယ်စန္မာသံဗျင် အစမုေ
၂၄ သာသူတိုဝ် မ္လိယ်ရောင်လှာရကာ။ ဝ ။ မင်သာဥစ္စနာ ဥစ္စာ။ မင်ဥရီကုထံဥစ္စာ။ စတုရင်္ကဗိုလ်ငီ ဂုဏဘတြာဥစ္စာ။ ဆယ်တရွာသူကြီ
၂၅ အစလဘိရဇ်ဥစ္စာ။ ပင်လယ်ရွာသူကြီကုံကယ်။ ရွှိယ် တန်ခယ်ဥစ္စာ။ ရငုန်ရွာသူကြီတုရင်္ဂဘတြာသာဥစ္စာ။ ဆယ်တရွာကိသူ
၂၆ ကြီရာဇကုံထံဥစ္စာ။ ရာဇကုထံဥရိကန်ညရင်ဥစ္စာ။ မြင်ခုန်တိုင်ရွာသူကြီချတြဗိုလ်ဥစ္စာ။ တမုတ်ရွာသူကြီပင်မြို
၂၇ င်ဥစ္စာ။ ။ ဤယ်မျှသောသူတကာတိုဝ်ဧအ် ဥစ္စာနှင်။ လူသုခမိန်ဓမ္မဘဏ္ဍာကိုဝ်။ အဖိုဝ်ပိယ်စိယ်ရုယ္အ်။ ထိပေအ် သျင်အခွ
၂၈ င်။ ကုထံမ္လိယ်စပ်။ အင်လုင်အင်။ မောက္ကိပေါက် မည်သောအရပ်နှိုက်။ လယ်။ ၃၃၃၂ပယ်။ တပယ်သော
တက္လျပ် တွက်ပိယ်ရကာ
၂၉ ။ ဥစ္စာလေ။ ၃၃၃၂က္လျပ်ဟိဧအ်။ ၀ ။”

[ဤစမာသံပျင် အစမူသောသူတို့ မြေရောင်းလှာရကား မင်းသားဥစ္စနာဥစ္စာ၊ မင်းဦးရီးကုံထံဥစ္စာ၊ စတုရင်္ဂဗိုလ်ညီ ဂုဏဘဒြာဥစ္စာ၊ ဆယ့်တစ်ရွာသူကြီးအစလဘိရာဇ်ဥစ္စာ၊ ပင်လယ်ရွာသူကြီးကုံကယ်ရွှေတန်ခဲဥစ္စာ၊ ရငုန်ရွာသူကြီး တုရင်္ဂဘဒြာသားဥစ္စာ၊ ဆယ့်တစ်ရွာကျီသူကြီး ရာဇ ကုံထံဥစ္စာ၊ ရာဇကုံထံဦးရီးကန်ညရင်ဥစ္စာ၊ မြင်းခုံတိုင် ရွာသူကြီး ချတ္တရဗိုလ်ဥစ္စာ၊ တရုတ်ရွာသူကြီး ပင်မြိုင်ဥစ္စာ။ ဤမျှသောသူတကာတို့၏ ဥစ္စာနှင့် လူသုခမိန် ဓမ္မဘဏ္ဍာကို အဖိုးပေးစေ၍ ဒီပဲယင်းအခွင် ကုံထံ မြေစပ်၊ အင်းလုလင်အင်း၊ မောက္ခပေါက်မည်သော အရပ်၌ လယ် ၃၃၃၂ ပယ်၊ တစ်ပယ်သောတစ်ကျပ် တွက်ပေးရကား ဥစ္စာလည်း ၃၃၃၂ကျပ်ရှိ၏။]

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse