ရွှေအိုးလေးလုံး ဘုရားရှိခိုးဂါထာ

From Wikisource
Jump to navigation Jump to search
ရွှေအိုးလေးလုံး ဘုရားရှိခိုးဂါထာ
by အမည်မသိ

သင်္ခေါ ဧလော ဥပ္ပလောစ ပုဏ္ဏရိကောတိ အက္ခီယေ။

စတ္တာရော ကုမ္ဘီကေ စဇ္ဇ ခေဠံဝ နိဂ္ဂတံ နမေ။

သင်္ခေါ၊ သင်္ခရွှေအိုးလည်းကောင်း။ ဧလော၊ ဧလရွှေအိုးလည်းကောင်း။ ဥပ္ပလောစ၊ ဥပ္ပလ ရွှေအိုးလည်းကောင်း။ ပုဏ္ဏရိကောစ၊ ပုဏ္ဍရိကရွှေအိုးလည်းကောင်း။ ဣတိ၊ ဤသို့။ အက္ခီယေ၊ ယူဆောင်သုံးစွဲ၍ မကုန်နိုင်သော။ စတ္တာရော ကုမ္ဘီကော၊ လေးလုံးသော ရွှေအိုးကြီးတို့ကို။ ခေဠံဝ၊ တံတွေးပေါက်ကဲ့သို့။ စဇ္ဇ၊ စွန့်လွှတ်တော်မူသည်ဖြစ်၍၊ နိဂ္ဂတံ၊ တောထွက်ကြွသွားတော်မူသော မြတ်စွာဘုရားကို။ အဟံ၊ တပည့်တော်သည်။ နမော နမာမိ၊ ရှိခိုးပါ၏။

_/|\_*_/|\_*_/|\_

မှတ်ချက်။ ။ ဤ ရွှေအိုးကြီး ၄ လုံးသည် ကပိလဝတ်နေပြည်တော် နန်းတော်အတွင်း၌ တည်ရှိ၏ ။

၁။ သင်္ခရွှေအိုး.. အဝကျယ် တစ်ဂါဝုတ် ပမာဏရှိ၏ ။

၂။ ဧလရွှေအိုး.. အဝအကျယ် နှစ်ဂါဝုတ် ပမာဏရှိ၏ ။

၃။ ဥပ္ပလ ရွှေအိုး..အဝအကျယ် သုံးဂါဝုတ် ပမာဏရှိ၏ ။

၄။ ပုဏ္ဍရိကရွှေအိုး.. အဝအကျယ် တစ်ယူဇနာ (၈ မိုင်ခန့် ) ရှိ၏။

ထိုရွှေအိုးလေးလုံးမှ ရွှေကို ထုတ်ယူသုံးစွဲသော်လည်း ယူရာမထင်။ ပြည့်မြဲပြန်ပြည့်၏။ ထိုရွှေအိုးကြီးလေးလုံးသည် ဘုရားအလောင်းတော် တောထွက်သော်အခါ အလိုလို ပျောက်ကွယ်သွား၏။ ကံတရား၏ ဆန်းကြယ်မှု့တည်း။ ထို့ကြောင့် သားတော်ရာဟုလာက အမွေတောင်းသော်လည်း မရချေ။

ဒီပါအေးဆရာတော်ဦးနန္ဒမာလာ..

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse