ရောင်ခြည်တော် ဘုရားပင့်

From Wikisource
Jump to navigation Jump to search
ရောင်ခြည်တော် ဘုရားပင့်  (၁၃၃၆-ခု၊ တန်ဆောင်မုန်းလ။ ၁၉၇၄-ခု၊ နိုဝင်ဘာလ။) 
by ဦးခေမာစာရ

ဘန္တေ၊ ခြောက်ရောင်စုံ ဖူးအညွန့်တို့ဖြင့် မြူးကွန့်ပါတဲ့ ဘုန်းတော်ရှင်။ အင်္ဂီရသဿ၊ ကိုယ်တော်မြတ်မှာ မပြတ်ပြိုးပြက် တလက်လက်ဖြင့် ထွက်ကြွရောင်ခြည် အင်္ဂီရသံ ဘွဲ့ထူခံတဲ့ ဘုရားရှင်၏။ နီလာယောစ၊ ပတ္တမြားယပ် ညိုရောင်ညိုးလှတဲ့ နီလရောင်ခြည်တော်တို့သည်၎င်း။ ပီတာစ၊ မဟီကဲ့သို့ နဘံဘွေဆီမှာ ရွှေရည်ကို သွန်းကာ ချသကဲ့သို့ ဝင်းဝါလှတဲ့ ပီတရောင်ခြည်တော် တို့သည်၎င်း။ လောဟိတာစ၊ တိမ်နဘီ ရေး နီတွေးရောင်ဖြာ ဘွေအာကာ၌ ကမ္ဗလာနီခြုံ လွှမ်းကာ ရုံသကဲ့သို့ ဘုန်းတော်ဂုဏ် ပေါပြည့်ဝသဖြင့် လောဟိတခေါ်တဲ့ ရောင်ခြည်တော် တို့သည်၎င်း။ ဩဒါတာစ၊ ကျော်ပေ သည် သမ္ဘာဘုန်းတွေကြောင့် ဘော်ငွေရည် အာကာဖုံးသကဲ့ သို့ အဖြူဆုံးရယ်လို့ ပြောကာပြကြတဲ့ ဩဒါတ ရောင်ခြည် တော်တို့သည်၎င်း။ မဉ္ဇိဋ္ဌာစ၊ အမဲနဲ့ အနီပေါ်မှာ အညိုတော် ပေါင်းကာပြသဖြင့် မှိုင်းအုံရီမှုန်တဲ့ မဉ္ဇိဋ္ဌ ရောင်ခြည်တော်တို့ သည်၎င်း။ ပဘဿရာစ၊ ဝိသာခါ ကြယ်ပြောင်နှင့် လဘုံ ဆောင် ကြုံကာပရှာတဲ့ ကဆုန်လ နွေသဘင်၌ ဝေဟာပြင် လျှပ်စစ်နွယ် ကူးသကဲ့သို့ အံ့ထူးခန့်ခိုင် ဘက်ပြိုင်သူ မာန်ဂုဏ် ကျိုးရသဖြင့် ပြိုးပြိုးပြက်ပြက် တခဲနက်တဲ့ ပဘဿရ ရောင် ခြည်တော်တို့သည်၎င်း။ နိက္ခမိံသု၊ အနန္တနယ သမန္တ ရွှေစာကို ဖွေရှာကာ ဉာဏ်ဟုန်ကူးတော့မှာ့ ထွက်ခါကွန့်မြူးတော်မူ ကြလေကုန်ပြီ။ သော၊ အင်္ဂီရသံ ဘွဲ့ထူးခံသည့် ရောင်လျှံ သခင် ထိုဘုရားရှင်သည်။ မေ၊ ဘုရားတပည့်တော်၏။ သီသေ၊ မြတ်ရွှေပလ္လင် ဦးထိပ်အပြင်၌။ ဝိဟရတု၊ သီတင်းသုံးမြေ့ လျော် စံနေတော် မူလှည့်ပါဘုရား။ ဝိဟရိတွာ၊ စံနေတော်မူပြီး၍။ မေ၊ ဘုရားတပည့်တော်အား။ သုခံ၊ ချမ်းသာသုခ ဟူသမျှကို။ ဒေတု၊ ပေးတော်မူပါ အရှင်ဘုရား။ ဒေတု၊ ပေးသနားတော်မူလိုက်ပါ သောင်းတိုက်တွင် နေတနှုန်းကဲ့သို့ ရွှေဘုန်းတော်သခင်ဘုရား။