ရိုရိုသေသေ လှူဒါန်းမယ်

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၃။ ရိုရိုသေသေ လှူဒါန်းမယ်
326582ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၂၃။ ရိုရိုသေသေ လှူဒါန်းမယ်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၃)

ရိုရိုသေသေ လှူဒါန်းမယ်

[edit]

နှမ်းနတ်သမီးလေး

သူဆင်းရဲမလေးသည် အိမ်ရှေ့သို့ ဆွမ်းခံကြွရောက်လာသော မြတ်စွာဘုရားရှင်အား နှမ်းတစ်ဆုပ်ကို ရိုရိုသေသေ လှူဒါန်းလိုက်သည်။

နှမ်းတစ်ဆုပ်လှူရသော ကုသိုလ်ကောင်းမှုကြောင့် သူဆင်းရဲမလေးသည် နောက်ဘဝတွင် ရုပ်ရည်ချောမောလှပသော နတ်သမီးလေးတစ်ပါး ဖြစ်သွားလေသည်။

ကိုရင် ကိုရင်

[edit]

ကိုရင် ကိုရင် ပြုံးရွှင်ရွှင်၊
မြို့ထဲ ဆွမ်းခံဝင်။
ကိုရင် မြင်လို့ လှူမယ်တွေး၊
မလေးဆွမ်းက မနပ်သေး။
ကိုရင်လေးဘုရား ခဏတာ။
ရပ်တော်မူလိုက်ပါ။
လွယ်အိတ်ထဲပါ သကြားလုံး၊
လှူဖွယ်အဖြစ် ယူကာသုံး။
တစ်လုံး နှစ်လုံး သုံးလေးလုံး၊
မလေး ရေတွက်တုန်း။
ကိုရင်လေးက တပြုံးပြုံး။
ပျော်လို့ မော်လို့ မဆုံး။ ။