ရာဇသူရသမီးမောင်နှံ ကျောက်စာ

From Wikisource
Jump to navigation Jump to search
ရာဇသူရသမီးမောင်နှံကျောက်စာ  (သက္ကရာဇ် ၅၉၈) 
by ရာဇသူရသမီးမောင်နှံ

(ကျောဘက်)
၁၊၂၊၉၄၊၁။
၁၆ ...“သကရစ် ၅၄၄ ခု
၁၇ အာသတ်နှစ် ပ္လသိုဝ် ပ္လသိုဝ်လနှိုက် မင်ရာဇသူတေ၊ က္လောင်ရှေနှိုက်၊ ကန်တူလိုက်ရုယ် က္လစွာ
၁၈ မင်ဤနိမ်နှိုက် ထŸပတ်ကီ(ရှုရကာ) ဂေါဏဖတ္တရာ မှောက်မင်မိန်သရှဝ် ဖထုယ်အ
၁၉ လိုဝ်ရစေဟု မိန်၎္တမူ၏။”
[သက္ကရာဇ် ၅၄၄ ခု အာသန္နီနှစ်၊ ပြာသိုလ၌ မင်းရာဇသူ တည်း ကျောင်းရှေ့၌ ကန်တူးလိုက်၍ ကျစွာမင်း အိမ်နိမ့်၌ ထောပတ်ကျီရှုရကား ဂေါဏဖတ္တရာမှောက် မင်းမိန့်သရော “ဘထွေးအလိုရစေ”ဟု မိန့်တော်မူ၏။]
၁၊၂၊၉၄၊၂။
၃၅“ဤလုလထက် အပ္လစ်၈ပါရောက်စေသတေ ခန္ဓာပျက်သောကာ လုနှစ်တွက်သော အနှ
၃၆ (စ်၉)သန်မှ တနိယ်ဟိသော သည္ဇိုဝ်ငြယ် လုနှစ်တွက်သော ၃ကုတိယ်၆သန်မှ တနိယ်ဟိသော က္လာသု
၃၇ တ်ငြဲ လုနှစ်တွက်သော ရကုတိယ်၂သန်မှ တနိယ်ဟိသော ဝေတ္တရနိမည်သောငြဲ လုနှစ်တွက်သော ၄*
၃၈ ကုတိယ်၄သန်မှ တနိယ်ဟိသော လေါက္ကုံမ္ဘိမည်ငြဲ လုနှစ်တွက်သော ၂၈ကုတိယ်၈သန်မှ တ
၃၉ နိယ်ဟိသော ဥသတရက်မည်ငြဲ လုနှစ်တွက်သော ၅၇ ကုတိယ်၆သန်မှ တနိယ်ဟိသော လေါ
၄၀ ကန္တရက်ငြဲ လုနှစ်တွက်သော ၅**ကုတိယ်၂သန်မှ တနိယ် ဟိသော သင်္ဃာတငြဲ လုနှစ်တွက်
၄၁ သော အကုတေ ၂၃၀ အမ္လတ်၄သန်မှ တနိယ်ဟိသောအဝီစိငြဲ ဤငြဲနှိုက်ကျက်စေသတေ”

[ဤလူလက်ထက် အပြစ် ၈ပါး ရောက်စေသတည်း။ ခန္ဓာပျက်သောကား လူနှစ်တွက်သော အနှစ် ၉သန်းမှ တစ်နေ့ရှိသော သိန္ဓိုးငရဲ၊ လူနှစ်တွက်သော ၃ကုဋေ ၆သန်းမှ တစ်နေ့ရှိသော ကာဠသုတ်ငရဲ၊ လူနှစ်တွက် သော ၇ကုဋေ ၂သန်းမှ တစ်နေ့ရှိသော ဝေတ္တရဏီ မည်သောငရဲ၊ လူနှစ်တွက်သော ၁၄ကုဋေ၄သန်းမှ တစ်နေ့ရှိသော လောဟကုမ္ဘီမည်ငရဲ၊ လူနှစ်တွက်သော ၂၈ကုဋေ ၈သန်းမှ တစ်နေ့ရှိသော ဥဿဒရက်မည် ငရဲ၊ လူနှစ်တွက်သော ၅၇ကုဋေ ၆သန်းမှ တစ်နေ့ရှိသော လောကန္တရိက်ငရဲ၊ လူနှစ်တွက်သော ၁၁၅ ကုဋေ ၂သန်းမှ တစ်နေ့ရှိသော သင်္ဃာတငရဲ၊ လူနှစ်တွက်သော အကုဋေ ၂၃၀ အမြတ် ၄သန်းမှ တစ်နေ့ရှိသော အဝီစိငရဲ ဤငရဲ၌ ကျက်စေသတည်း။]

  • ပမာဒလေခ ဖြစ်ဟန်တူသည်။
    • ပမာဒလေခ ဖြစ်ဟန်တူသည်။


၁၊၂၊၉၄၊၃။
၄၁ ...“ဤငာ
၄၂ င်္ကောမှုကိုဝ် ဖျက်သောကာ ဖုရာအဖ္လစ်၂ မဖုစေသတေ ဘုရှာထောင်သောင်ခ္လွတ်ရုယ် မက္လွတ်ရျာ
၄၃ သ တီမျှိုအတီဖ္လစ်စေသတေ ကမ္ဘါလေါင်သောလေ ကမ္ဘါ တပါမှ လုကာမဖ္လစ် တီမျှိုအတီလျှင်
၄၄ ဖ္လစ်စေသတေ”

[ဤငါကောင်းမှုကို ဖျက်သောကား ဘုရားအဖြစ်ဖြစ် မဖူးစေသတည်း။ ဘုရားထောင်သောင်းချွတ်၍ မကျွတ် ရာသော တီမျှော့အတိဖြစ်စေသတည်း။ ကမ္ဘာလောင် သောလည်း ကမ္ဘာတစ်ပါးမှ လူကားမဖြစ် တီမျှော့အတိ လျှင် ဖြစ်စေသတည်း။]

၁၊၂၊၉၄၊၄။
၄၄“ဤငကောင်မှူကိုဝ် ခီပင်ပါသောမင် မင်မျာ မင်မိမင်သာ စစ်သူကြီ အမတ်
၄၅ ရျာ ပိုဝ်ပါခပ်သိမ်တိုဝ်သည်ကာ လုဖ္လစ်သောလေ စကြဝတိယ်မင် သတ္ထိယ်သုကြွယ်တိလျှင် ဖ္လစ်
၄၆ စေသတေ နတ်ဖ္လစ်သောလေ စတုဟ္မာရစ် တာဝဒိင်္သာ ယ္မာ တုသိတာ နိမာနရတိ ပရနိမ္မဝသဝတီတိုဝ်နှိုက် ဖ္လစ်ေ
၄၇ လစေသတေ”

[ဤငါ့ကောင်းမှုကို ချီးပင့်ပါသော မင်း၊ မင်းမယား၊ မင်းမိ၊ မင်းသား၊ စစ်သူကြီး၊ အမတ်ရာ ဗိုလ်ပါခပ်သိမ်း တို့သည်ကား ... လူဖြစ်သောလည်း စကြဝတေးမင်း၊ သေဋ္ဌေးသူကြွယ်တိလျှင် ဖြစ်စေသတည်း။ နတ်ဖြစ် သောလည်း စတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတဝသဝတ္တီတို့၌ ဖြစ်လေ စေသတည်း။]

၁၊၂၊၉၄၊၅။
၄၇“ဤလုချံသာ နတ်ချံသာ ၂ပါကိုဝ် မလိုဝ်ဟုဩင်ခံစပြီသောကာ ဘုရာဆုကိုဝ် လိုဝ်သသူကာ
၄၈ ဘုရာဆုကိုဝ်လည် ဖ္လစ်စေသတေ ပစ္စေကဗုဒ္ဓါဆုကိုဝ် လိုဝ်သသူကာ ပစ္စေကဗုဒ္ဓါဆုကိုဝ် ရစေသတေ
၄၉ ရဟန္တာဆုကိုဝ် လိုဝ်သသူကာ (ရဟန္တာဆုကိုဝ် ရစေသတေ ဘုရာ ပစ္စေကဗုဒ္ဓါ) ရဟန္တာဆူကိုဝ် မတော
၅၀ င်သသူကာ မိတ်တည်ဖ္လစ်ရုယ် (ဓမ္မစက္ကြာတြာနာရသော က္လွတ်) ပါစေကုန်သတေ။ ။”

[ဤလူချမ်းသာ နတ်ချမ်းသာ ၂ပါးကို မလိုဟူအောင် ခံစားပြီးသောကား ဘုရားဆုကို လိုသောသူကား ဘုရားဆုကိုလည်း ဖြစ်စေသတည်း။ ပစ္စေကဗုဒ္ဓါဆုကို လိုသောသူကား ပစ္စေကဗုဒ္ဓါဆုကို ရစေသတည်း။ ရဟန္တာဆုကို လိုသောသူကား ရဟန္တာဆုကို ရစေသတည်း။ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာဆုကို မတောင်းသသူကား မေတ္တေယျဖြစ်၍ ဓမ္မစကြာတရား နာရသော ကျွတ်ပါစေကုန်သတည်း။]

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse