Jump to content

ရက္ခိုင်မင်းသမီး ဧချင်း

From Wikisource
ရက္ခိုင်မင်းသမီး ဧချင်း (1120)
by အဒူမင်းညို
184080ရက္ခိုင်မင်းသမီး ဧချင်း1120အဒူမင်းညို

ဧးသည်တချက်၊ စပဝက်၌၊ ဘုန်းဆက်စဉ်ပြုန်း၊ ဆယ်ယောက်ကြုံးတွင်၊ အဆုံးစွန်မှူး၊ မင်းဘီလူးကို၊ ကြံထူးလှည့်ပတ်၊ ပုန်ကန်သတ်၍၊ မတ် သင်္ခယာ၊ မည်သာတစ်ချက်၊ ဝရောင်းငှက်လျှင်၊ သုံးဆက်၍သာ၊ ပဥှာမြို့ဟောင်း၊ ကျိန်းပြီးနှောင်းမှ၊ မင်းကောင်းသွေးခဲ၊ မင်းရဲဘယ၊ ပေါက်ညိုမြနှင့်၊ ကြွခဲ့ရွှေပြည်၊ ဆွေနှစ်မည်တွင်၊ မြင်သည့်သည်းချာ၊ ရွှေဂူသာနှင့်၊ လကျ်ာမင်းနန်၊ နန်းရိုးမှန်လျှင်၊ တဖန်လည်းကောင်း၊ လောင်းစည်သူခိုင်း အယူလှိုင်း၍၊ မွန်တစ်သိန်း ပျူတစ်သိန်းနှင့်၊ အောင်ကောင်းခါချိန်၊ ပြက္ခဒိန်လျှောက်၊ ပရိန်မြို့သစ်၊ ထောင်လာလစ်သည်၊ ချစ်နှင့်ပြည်သူ ယူသည့်လေး။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.