ယမုန်နာချီ ရေလယ်သံ အန်ချင်း
Jump to navigation
Jump to search
ယမုန်နာ မှိုင်းပြာရီမှောင်၊ လှိုင်းလဲးဒီဘောင်လယ်၊ သာနွယ်ကျွန်း၊ အိုသွယ်သွယ်ညွှန်း၊ လွမ်းစေဘွယ်။ ။ တူဖော်ရွေကြွေးရင့်မောင်မယ်၊ ခွန်းသံပြိုင်လှယ်၊ ကမ်းဗယ်ညာ၊ ဘာသာခေါ်ထူးဧး၊ ဇင်ယော် ဖော်ချင်းကြွေး၊ မပြေလို၊ ရေညိုသီတာ၊ မြန်းလဲးဒီပါဘောင်၊ အုံညီဝိုင်း၊ အိုပြာရီဆိုင်း၊ မှိုင်းမှုံရီ၊ ဆော်လေပြိုင် လှိုင်းကချီချီ၊ ခင်းညံစီစီ၊ သဲးသီဒါ၊ ရေးရာဖန်လေနဲး၊ဆင်ပုံကြုံဘူးပဲး။ ။ ပုလဲမှို၊ ငွေခုံသောင်ယံ၊ လွှမ်းမကန် လေအောင် အာကာလုံး၊ အိုဖော်ကွာတုံး၊ ချုံးပြန်လှာ။ ။ ဟိုတောင်တော် စွန်းကသံခြေ၊ တိုင်းကြီးဘုံဘွေ၊ မှိုင်းဝေရီ၊ ရာသီဆင်ပြန်တုန်း၊ ဒီပါ ညာကျွန်းလုံး။
This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.
Public domainPublic domainfalsefalse